Rose နဲ့ Suzy တို့မှာ ပရိသတ်တွေကို လျှို့ဝှက်ထားတဲ့ ဆက်ဆံရေး တစ်ခု ရှိနေသလား…

IG/roses_are_rosie

BlackPink ရဲ့ Rose နဲ့ Suzy တို့က k-pop လောကမှာ နာမည်ကျော်ကြားပြီး အောင်မြင်နေတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ဦးမှာ ရင်းနှီးတဲ့ ဆက်ဆံရေး တစ်ခု ရှိနေသလားဆိုပြီး ပရိသတ်တွေက စိတ်ဝင်စားနေကြောင်းကို koreaboo ကနေ ရေးသားထားခဲ့ပါတယ်။

ပရိသတ်တွေက သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို အခုလို သံသယတွေ ဖြစ်စေတာကတော့ သူတို့ရဲ့ တူညီနေတဲ့ အချို့အရာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ သတိထားမိတာတွေကတော့ သူတို့ နှစ်ဦးက တစ်ရက်တည်းမှာပဲ Paris ကို ခရီးထွက်ခဲ့ကြပြီး သူတို့ရဲ့ IG မှာတင်ခဲ့တဲ့ ပုံတွေက ဆင်တူနေတာပဲ ဖြစ်ပါတယ်။

https://www.instagram.com/p/B2vaQNuheUr/

https://www.instagram.com/p/B2vX9cgBfXb/

နောက်တစ်ချက်ကတော့ ပန်းတွေ ရှိနေတဲ့ နေရာ တစ်ခုတည်းက ပုံတွေကို နှစ်ယောက်လုံးက တင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Suzy က အစီအစဉ် တစ်ခုမှာ ပါစတာအတွက် သုံးတဲ့ Rose sauce ကို ရွတ်တဲ့ နေရာလည်း rose ဆိုတဲ့ နေရာမှာ အသံက ထူးခြားနေတဲ့အတွက် တစ်ယောက်ယောက်များ စိတ်ထဲ ရှိနေလို့ အခုလို ထူးခြားခဲ့တာလားလို့ ပရိသတ်တွေက သံသယ ဖြစ်ကြပါသေးတယ်။

READ
ကိုရီးယားကို အလည်သွားတဲ့ ပန်းရောင်ချယ်တို့ညီအစ်မ

ဒီလို အချက်တွေအပြင် ၂၀၁၅ မှာတော့ Suzy က သူမရဲ့ အထိမ်းအမှတ်ပွဲမှာ Rose ဆိုတဲ့ စာလုံးပါနေတဲ့ ဝိုင်ပုလင်းနဲ့ ပုံကိုလည်း တင်ခဲ့ပါသေးတယ်။

https://www.instagram.com/p/4q8AUvwCx-/

ပရိသတ်တွေကတော့ အမြဲ အနုပညာရှင်တွေကို ထောက်လှမ်းပြီး စုံစမ်းနေကြပေမယ့် အခုကတော့ စိတ်ဝင်စားစရာအချက်လို ဖြစ်နေကြပါတယ်။ သူတို့ နှစ်ယောက် ချစ်နေကြတဲ့ ဆက်ဆံရေးလား ဘယ်လို ရင်းနှီးကြတဲ့ ဆက်ဆံရေးလဲ စတဲ့ ထင်ကြေးတွေနဲ့ သူတို့နှစ်ဦးကို စိတ်ဝင်စားသူတွေ များပြားနေကြပါတယ်။

Kham

SHARE