ပိန်မှလှတယ်ဆိုတဲ့ အယူအဆကို ရိုက်ချိုးပြလိုက်တဲ့ အကိတ်မလေး

ပိန်ပိန်ပါးပါးလေးတွေကမှ လှတယ်ဆိုတဲ့ အလှအပစံနှုန်းတစ်ခုရှိပါတယ်။အမျိုးသမီးအများစုက နည်းနည်း လေး ကိုယ်အလေးချိန်တက်လာတာနဲ့ ငါအရမ်းဝနေပြီဆိုပြီး Psycho ဖောက်လာတတ်ပါတယ်။လှဖို့ အတွက် ပိန်စရာ လိုလား..?Six Packs တွေ ထွက်နေမှ လှမှလား..?ဒီမေးခွန်းတွေရဲ့ အဖြေကိုသိချင်ရင်တော့ Iskra Lawrence  ဆိုတဲ့ အကိတ်မလေးကို ကြည့်လိုက်ပါ။လှဖို့ အတွက် ပိန်စရာမလိုပဲ ပြည့်ပြည့်လေးနဲ့လည်း လှလို့ရတယ်ဆိုတာကို သူမက သက်သေပြခဲ့ပါတယ်။

Iskra Arabella Lawrence ကိုတော့ (၁၉၉၀)စက်တင်ဘာ (၁၁)မှာ မွေးခဲ့တာပါ။အသက် (၂၈)နှစ်ပါ။အင်္ဂိပ် မော်ဒ်မလေးပါ။JAG Models နဲ့ Models1 တို့ရဲ့ ကိုယ်စားပြုမော်ဒယ်မလေးပါ။သူမဟာ Aerie အတွင်းခံကုမ္ပဏီ နဲ့ American Eagle Outfitters ကုမ္ပဏီတို့ရဲ့ မော်ဒယ်ပါ။ဒါ့အပြင် ပြည့်ပြည့်လေးနဲ့ လှနေတဲ့ သူမဟာ National Eating Disorders Association (NEDA)  ရဲ့ brand ambassador အဖြစ် ခန့်အပ်ခံထားရသူပါ။ ပိန်ပိ န်ပါးပါးသွယ်သွယ်လေးတော့ မဟုတ်ပေမယ့် Sexy ကောက်ကြောင်းတွေကို ပိုင်ဆိုင်ထားသူလေးပါ။သူမဟာ မိန်း ကလေးတွေကို ကိုယ့်ရဲ့ Body Shape အပေါ် ကျေနပ်ဖို့ တိုက်တွန်းအားပေးတတ်သူပါ။ဘယ်လို Body Sh ape မျိုးကို ပိုင်ဆိုင်ထားပါစေ ယုံကြည်မှုရှိဖို့ အားပေးခဲ့တဲ့ သူမရဲ့ IG အကောင့်မှာဆိုရင် Follower တွေ အ များကြီး ပိုင်ဆိုင်ထားပါတယ်။

READ
အင်တာနက်ပေါ်မှာ ခေတ်စားနေတဲ့ပဟေဠိ

 

မော်ဒယ်တစ်ယောက်အနေနဲ့ တင်မဟုတ်ပဲ Fitness ပိုင်းမှာဆိုရင် စံထားရသူလေး ပါ။ပိန် ဖို့ အစားတွေ အရမ်းေ လျှာ့နေတာမျိုးကို လုံးဝအားမပေးပဲ ကျန်းမာတဲ့ စားသောက်မှု ပုံစံ ကို အားပေးထားသူပါ။ဝမှာစိုးလို့ သူများတွေေ ရှာင်နေတဲ့ အစားအစာတွေကိုလည်း ရဲရဲကြီးစားရဲသူတစ်ယောက်ဆိုတာကို IG ထက်က သူမ မုန့်စားနေတဲ့ ပုံတွေကို ကြည့်ရင်သိနိုင်ပါတယ်။Runway riot ဆိုတဲ့ ၀က်ဘ်ဆိုက်ရဲ့ မန်နေးဂျင်းအယ်ဒီတာ အဖြစ် တာဝန်ယူထားပါတ ယ်။ဒီဝက်ဘ်ဆိုက်ကတော့ Body Shape အမျိုးမျိုးရှိတဲ့ မိန်းကလေးတိုင်း ကိုယ့်ရဲ့ Body ကို ပိုပြီး ယုံကြည်မှုရှိစေဖို့ အတွက် ရည်ရွယ်ထားတဲ့ ၀က်ဘ်ဆိုက်ပါ။

Lawrence ရဲ့ ထူးခြားချက်တစ်ခုကတော့ သူမရဲ့ IG ပေါ်က ဘယ်ပုံကိုမှ ပြန်ပြင်တာ retouch လုပ်တာမျိုးကို ခွင့်ပြု မထားပါဘူး။ဆိုရှယ်မီဒီယာအသုံးပြုသူတစ်ယောက်က သူမပေါ် ပုတ်ခတ်စော်ကားပြောဆိုတာကို ခံလိုက် ရပြီး နောက် သူမဟာ “body shamers” တွေကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာပါ။ဒါ့အပြင် သူမကို plus-sized model ဆိုပြီး တံဆိပ်ကပ်တာမျိုးကိုလည်း လုံးဝကို မကြိုက်ပါဘူး။အမျိုးသမီးတွေကို ကိုယ့်ရဲ့ Body Shape နဲ့ပတ်သက်ပြီး ယုံကြည်မှု ရှိဖို့ အမြဲတိုက်တွန်းအားပေးတတ်တဲ့ သူမဟာ (၂၀၁၆)မှာတော့ BBC’ ရဲ့  World’s 100 Women စာရင်မှာ ပါဝင်ခဲ့ပါတယ်။Brand တွေရဲ့ မော်ဒယ်အဖြစ် တာဝန်ယူပေးနေတဲ့သူမဟာ (၂၀၁၈) မှာ L’Oréal Princes Trust Ambassador  နဲ့ Marina Rinaldi’s Persona  collection campaign အတွက် brand ambassador အဖြစ် သတ်မှတ်ခန့်အပ်ခံခဲ့ရပါတယ်။

READ
Liam Hemsworthနဲ့ Australiaမှာနေဖို့ LAကပွဲကိုဖျက်လို်က်တဲ့ Miley Cyrus

Source elitereaders/wiki

SHARE