ထောင်သားတွေတောင် ထောင်က ခွာရမှာကြောက်ကြတဲ့ မက္ကစီကိုအကျဉ်းထောင်

မက္ကစီကိုဟာ ပစိဖိတ်ကျွန်းဆွယ်ပေါ်က Maria Islands ပေါ်မှာ အကျဉ်းထောင်တစ်ခုကို တည်ထောင်လာခဲ့တာ ရာစုနှစ်တစ်ခုတောင်ကျော်နေပြီ ဖြစ်ပါတယ်။ အခုအခါမှာတော့ ကျွန်းပေါ်တည်ဆောက်ထားတဲ့ အကျဉ်းထောင်ကို ပိတ်ပစ်ဖို့ နိုင်ငံရဲ့ အစိုးရသစ်က (၂၀၁၉)နှစ်ဆန်းလောက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ထောင်သားတွေကတော့ ဒီအပူပိုင်းဒေသ အကျဉ်းထောင်လေးဆီကနေ ဘယ်ကိုမှ မထွက်ခွာလိုခဲ့ကြပါဘူး။

မက္ကစီကိုရဲ့ သမ္မတသစ်တစ်ဦးဖြစ်တဲ့ လက်ဝဲသမား Andres Manuel Lopez Obrador က Maria Islands ဟာ လှပသာယာတဲ့အပြင် ဇီဝမျိုးစိတ်တွေစုံတာကြောင့် အကျဉ်းထောင်တည်ရမယ့် နေရာမဟုတ်ဘူးဆိုပြီး ပိတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အကျဉ်းထောင်ကို (၁၉၀၅) ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ Jose Revueltas ယဉ်ကျေးမှုစင်တာအဖြစ် ကူးပြောင်းတော့မှာ ဖြစ်ပါတယ်။

© JOSE OSORIO

ကျွန်းဆွယ်မှာတော့ အကျဉ်းထောင်ထားရှိရာ Isla Maria Madre ကျွန်းဟာ အကြီးဆုံးဖြစ်ပြီး အကျဉ်းသားဦးရေ (၆၄,၀၀၀) ၀န်းကျင်အထိ ထိန်းသိမ်းထားခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ လတုန်းကတော့ နောက်ဆုံးကျန်နေတဲ့ အကျဉ်းသား (၅၈၄) ယောက်ကို ပင်မထောင်ကြီးတစ်ခုဆီ ပြန်ပို့လိုက်ပြီး လွတ်ရက်နီးနေပြီဖြစ်တဲ့ အကျဉ်းသားတွေကိုတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ နှစ်အကြာကြီးကျန်နေသေးတဲ့ အကျဉ်းသားတွေကိုတော့ မက္ကစီကိုရဲ့ မြောက်ပိုင်းမှာရှိတဲ့ Coahuila ပြည်နယ်က ငြီးငွေ့ပျင်းရိစရာကောင်းတဲ့ အကျဉ်းထောင်ကို ပို့လိုက်ပါတယ်။

READ
အအေးဒဏ်ကြောင့်ဒုက္ခရောက်နေတဲ့ အိမ်ခြေမဲ့တွေကို ထူးခြားစွာကယ်တင်ခဲ့တဲ့ အမျိုးသမီး
© JOSE OSORIO

သမ္မတအသစ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အကျဉ်းသားအားလုံးက စိတ်ထဲ အဆင်မပြေဖြစ်ခဲ့ကြတာ အမှန်ပါ။ ဘာကြောင့်လည်းဆိုတော့ အကျဉ်းသားအများစုက ကျွန်းပေါ်မှာ လွတ်လွတ်လပ်လပ် သွားလာနေထိုင်ရလို့ ဖြစ်ပါတယ်။ အချို့ဆိုရင် ကျွန်းပေါ်မှာ မိသားစုတွေနဲ့တောင် အတူနေထိုင်ကြပါတယ်။ ထောင်မှုးတစ်ဦးဖြစ်တဲ့ Jose Becerra ကတော့ AFP ကို အခုလို ပြောပြပါတယ်။ “…အကျဉ်းသားတွေက ကျွန်းပေါ်မှာ တစ်ချိန်လုံး ထောင်ထဲမှာနေရတာ မဟုတ်ပါဘူး။ ကျွန်းပေါ်မှာလည်း သွားလာကြတယ်လေ။ မိသားစုတွေနဲ့ အေးအေးချမ်းချမ်းနေရင်း အချိန်ဖြုန်းကြတယ်။ အစိုးရက အခုလို ချက်ခြင်းကြီး အမိန့်ချလိုက်တော့ သူတို့ တော်တော်တုန်လှုပ်သွားတာ အမှန်ပဲ။ ၀မ်းလည်း ၀မ်းနည်းကြတာပေါ့….”

© JOSE OSORIO

အရင်တုန်းကတော့ ကျွန်းအကျဉ်းထောင်ဟာ အကျဉ်းသားမိသားစုတွေအတွက်တော့ သုခဘုံလေး သဖွယ်ဖြစ်ခဲ့ပါတယ်။ ငှက်တွေ၊ ရေသတ္တ၀ါတွေနဲ့ နေချင်စရာကောင်းတဲ့အပြင် အိမ်တွေလည်း ရှိပြီး အားကစားရုံ၊ ဥယျာဉ်တွေနဲ့ တေးဂီတသင်တန်းကျောင်းတွေတောင် ကျွန်းပေါ်မှာ ရှိပါတယ်။ အခုအချိန်မှာတော့ ကျွန်းကလေးဟာ တစ္ဆေမြို့ကြီးတစ်မြို့အလား ခြောက်ကပ်နေခဲ့ပါပြီ။ ထောင်သားတွေကို ရှင်းလင်းပြီးတဲ့အခါမှာတော့ ထောင်မှုးတွေနဲ့ ထောင်ဝန်ထမ်းတွေကိုပါ ဖယ်ရီတွေနဲ့ ကျွန်းပေါ်ကနေ ပြန်ခေါ်နေပြီး မကြာခင်မှာတော့ Maria Islands ဟာ စာမျက်နှာသစ် ဖွင့်လှစ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

READ
လမ်းကူးနည်းသင်ပေးနေတဲ့ မိခင်နဲ့ကလေး မီးနီးဖြတ်ကားတစ်စီးကြောင့်သေဆုံး
© JOSE OSORIO

လင်းလင်း (ShweMom)

Ref: Msn

SHARE