ရန်သူတွေ အလိုလို လက်နက်ချစေမယ့် အလှတရားကို ပိုင်ဆိုင်ထားတဲ့ စစ်သမီးပျိုလေးများ

အလှတရားဟာ အသုံးချတတ်ရင် လက်နက်တစ်မျိုးပါဘဲ။ ကျနော်တို့ အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ အလှလက်နက်ရဲ့ ပစ်ခတ်မှုကျည်ဆံတွေအောက်မှာ ကျဆုံးရပါတယ်။ မကျရှုံးခဲ့သေးဘူးဆိုရင်လည်း အဲဒီလူ ဂေါ်မစွံလူပြိုကြီးမို့ စပျစ်သီးတွေက ချဉ်တယ်လို့ ပြောတာနဲ့ အတူတူပါဘဲ။

ဘုရားအလောင်းလဲ ပါရမီနုစဉ်တုန်းက ဘ၀အဆက်ဆက်က ဖူးစာဖက်တွေရဲ့အလှကို ကျဆုံးရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဟစ်တလာ၊ လင်ကွန်း၊ ရုစဗဲ့ စတဲ့ ယောက်ျားရင့်မာကြီးတွေလည်း ကြင်သူတွေရဲ့ အလှကို ကျဆုံးခဲ့ကြသူတွေပါဘဲ။ အဲဒီအလှကလေးကို  မရလို့ သေပွဲဝင်ခဲ့သူတွေတောင် ရှိသလို၊ လှပတဲ့မိန်းမတွေက ကမ္ဘာစစ်ကိုတောင် ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

ရှေးယခင်သမိုင်းကျမ်းတွေထဲမှာတောင် မင်းသမီးလေးရဲ့အလှကို ရဖို့ 7 ပြည်ထောင်မင်းတွေ စစ်မက်ခင်းပြီးတိုက်ယူဖို့ စုရုံးကြတာတွေဟာ ပါးစပ်ရာဇ၀င်သက်သက် မဟုတ်ပါဘူး။ အင်္ဂလန်ဘုရင်တစ်ပါးဖြစ်ခဲ့ဖူးတဲ့ အက်ဒ်ဝပ်ဘုရင်ကြီးသည်ပင် အမေရိကန်မလေးကို လက်ထပ်ဖို့ နန်းစည်းစိမ်းကို စွန့်လွှတ်ခဲ့ပါသေးတယ်။ ဒါဟာ အချစ်ဆိုတာထက် အဲဒီအချစ်ကို ဖြစ်ပေါ်စေနိုင်မယ့် လှုပ်ခတ်စေနိုင်မယ့် အလှတရားတစ်ခုအပေါ်မှာ ကျဆုံးရခြင်းပါဘဲ။

READ
ဓာတ်ဆီဆိုင်မှာ ဆေးလိပ်သောက်နေသူကို မထင်မှတ်တဲ့ပုံစံနဲ့ နှင်ထုတ်ခဲ့တဲ့ဝန်ထမ်းမလေး

အခုလည်း အစ္စရေးတပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ အစ္စရေးစစ်သမီးလေးတွေရဲ့အလှက ရန်သူကတောင် အလိုလို လက်နက်ချချင်စိတ်ကို ဖြစ်စေတယ်လို့ ညွှန်းဆိုနေကြပါတယ်။ အဆိုပါ စစ်သမီးလေးတွေဟာ အသက် အငယ်ဆုံး 18 နှစ်မှ 25 နှစ်အတွင်း အလှလေးတွေ ဖြစ်ကြပြီး၊ လူမှုကွန်ယက်မှာလည်း ခိုင်မာတဲ့ ပရိသတ်တွေ ရှိပြီးသားတွေပါ။

တစ်ချို့သော သတင်းစာတွေကတော့ အစ္စရေးစစ်သမီးလေးတွေဟာ စစ်မတိုက်ဘဲ၊ တပ်ကထွက်ပြီး၊ မော်ဒယ်လုပ်သင့်တယ်လို့တောင် အကြံပေးထားကြပါသေးတယ်။ တစ်ချို့က တပ်ထဲကို စတင်ဝင်ရောက်ကာစပင် ရှိသေးပြီး၊ တစ်ချို့တော့ လုပ်သက် 4-5 နှစ် ရပြီးနေကြပြီလို့ သိရပါတယ်။

မဒီလေး (Shwemom)

source : viral4real.com

SHARE