လျှောက်လမ်းပေါ်မှာ နည်းပညာသုံးကာမော်ဒယ်တွေကို အဝတ်ဝတ်ပေးခဲ့တဲ့ ဖက်ရှင်ရှိုး

[email protected]

နှစ်စဉ်တိုင်းလိုလို ဒီလိုအချိန်ဆိုရင် Paris မှာတော့ runway fashion show တွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ Paris fashion week ဆိုတာဟာ fashion လောကရဲ့ အကြီးကျယ်ဆုံးသော နိုင်ငံနဲ့ချီတဲ့ culture တစ်ခုပါ။ Designer တွေအနေနဲ့ နှစ်စဉ်နှစ်တိုင်းခေတ်စားမယ့် design အသစ်တွေကိုဖန်တီးရင်း မတူညီတဲ့ပုံစံမျိုးတွေနဲ့ တင်ဆက်ပြသလျက်ရှိကြပါတယ်။ အခုလည်း Paris မှာ Paris Fashion week ကြီး ပြုလုပ်နေတဲ့ကာလတစ်ခုပါ။

မြောက်များစွာသော fashion show တွေထဲကမှ မီဒီယာမှာလက်တလောခေတ်စားနေတဲ့ ရှိုးတစ်ခုရှိပါတယ်။ အဲဒါကတော့ designer Issey Miyake ရဲ့ show တစ်ခုပါ။ လာမယ့် ၂၀၂၀ ခုနှစ်ရဲ့ နွေဦးနဲ့ နွေရာသီအတွက် ရည်ရွယ်ထားတဲ့ Issey Miyake ရဲ့ ဝတ်စုံတွေကတော့ ထူးခြားလှတယ်ဆိုတာ ငြင်းလို့မရနိုင်ပါဘူး။

READ
၂၀၁၇ အတွက် ကမ္ဘာပေါ်က ဖက်ရှင်အကျဆုံး အမျိုးသမီး (၁၀)ဦး

ဒါပေမဲ့ ဒီထက်ပိုထူးခြားတဲ့အရာကတော့ သူ့ရဲ့ တင်ဆက်ပုံပါပဲ။ များသောအားဖြင့် fashion show တွေအနေနဲ့ back stage မှာ မော်ဒယ်တွေကိုပြင်ဆင်၊ အဝတ်စားတွေအပြည့်အစုံဝတ်ပေးပြီး အကုန်အဆင်သင့်ဖြစ်ပြီဆိုကာမှ လျှောက်လမ်းပေါ်ကို လွှတ်လိုက်လေ့ရှိပါတယ်။ ဒါပေမဲ့ အခု Issey Miyake ရဲ့ 2020 Spring/Summer fashion show ရဲ့ တစ်ပိုင်းမှာတော့ မော်ဒယ်တွေကို နည်းပညာသုံးကာ လျှောက်လမ်းပေါ်ရောက်ကာမှ အဝတ်တွေကို နည်းပညာသုံးပြီးဝတ်ခိုင်းခဲ့ပါတယ်လို့ Insider မှာ ဖတ်ခဲ့ရပါတယ်။

 

ဒီကိစ္စဟာ မီဒီယာတွေကို တော်တော်လေးစိတ်ဝင်စားသွားအောင် လုပ်နိုင်ခဲ့တာပါ။ မော်ဒယ်တွေဟာစစထွက်လာတုန်းကတော့ အတွင်းခံအဝတ်ကိုယ်စီနဲ့ ထွက်လာခဲ့ကြပြီး နောက်မှ တစ်ယောက်ချင်းစီကို drone တွေသုံးကာ အဝတ်ဝတ်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။ Drone တွေကို တော်တော်များများက ရုပ်ရှင်နဲ့ ဓာတ်ပုံနယ်ပယ်၊ စစ်ဖက်ဆိုင်ရာ တိုက်ခိုက်ရေးတွေမှာပဲ သုံးလေ့ရှိပေမယ့် စိတ်ကူးပေါ်ရင် ပေါ်လာသလို အခုလို အနုပညာမြောက်အောင်လည်း ဖန်တီးနိုင်တယ်ဆိုတာကို Issey Miyake ကပြသလိုက်ပဲဖြစ်ပါတယ်။

READ
Hong Kong Film Awards ရဲ့ အကောင်းဆုံးပွဲတက်ဖက်ရှင်များ

Issey Miyake ရဲ့ 2020 Sprig/Summer ပုံရိပ်တချို့ကို ဒီမှာကြည့်နိုင်ပါပြီ။

Penny

SHARE