Coulrophobia လို့ခေါ်တဲ့ လူရွှင်တော်ကြောက်စိတ်ရောဂါကို ပိုပြီး အသက်သွင်းပေးခဲ့တဲ့ IT ဇာတ်ကားကတော့ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တုန်းက စတင်ထွက်ရှိသွားခဲ့ကာ လူတိုင်းရဲ့ ခြောက်ခြားစိတ်ကို လှုန့်စော်လိုက်ခဲ့ပါတယ်။ ၂၀၁၉ စက်တင်ဘာလ ၅ ရက်နေ့မှာတော့ IT ဟာ နောက်ထပ်ဇာတ်လမ်းဆက်ရုပ်ရှင် IT: Chapter Two ထွက်မှာပဲဖြစ်ပါတယ်။

ရုပ်ရှင်ထွေလာထဲမှာတောင် Chapter Two ထဲက လူရွှင်တော်ပုံသဏ္ဍာန်ဟာ ပထမဇာတ်ကားတုန်းကထက် ပိုအကျည်းတန်ကာ ခြောက်ခြားဖွယ်ကောင်းနေတာကိုတွေ့ရမှာပါ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရေနုတ်မြောင်းဆိုးထဲ ပျောက်ကွယ်ပျော်ကျသွားခဲ့တဲ့ လူရွှင်တော်ယောင်ဆောင် မကောင်းဆိုဝါးတစ်ကောင်၊ သူ့ကိုလောကထဲက အပြီးအပိုင်ဖယ်ထုတ်ဖို့ လုပ်ခဲ့ကြတဲ့ ဆယ်ကျော်သက်အုပ်စုကို ဒီအတိုင်း အလွှတ်ပေးသွားမှာလား။
မဟုတ်ပါဘူးနော်။ ၂၀၁၉ ရဲ့ IT: Chapter Two မှာတော့ လူရွှင်တော် Pennywise ဟာ Derry မြို့လေးကို ထုံးစံအတိုင်း ၂၇ နှစ်အကြာမှာတော့ တစ်ကျော့်ပြန်ရောက်နေခဲ့ပါပြီ။ ၂၇ နှစ်တောင် ကြာသွားခဲ့ပြီဆိုတော့ အဓိကဇာတ်ဆောင်တွေ ဖြစ်ခဲ့ကြတဲ့ ကလေးတွေလည်း အရွယ်တစ်ခုရောက်သွားခဲ့ပြီး တစ်ယောက်တစ်မြို့စီနဲ့ တစ်ကွဲတစ်ပြားသီးခြားစီနေနေခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ကံကြမ္မာရဲ့ခေါ်ဆောင်မှုကြောင့် သူတို့အားလုံး Derry မြို့လေးမှာ ဆုံဖြစ်ခဲ့ရာကနေ Pennywise ဟာ ပိုကြီးမားတဲ့အင်အားတွေနဲ့ ပြန်ရောက်နေပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ သိချင်လွန်းလို့ ရင်ခုန်နေရပါပြီနော်။


IT: Chapter Two ရဲ့ ထွေလာထွက်အပြီးမှာတင် ပရိတ်သတ်တွေရဲ့ရင်ကို လှုပ်ရှားစေခဲ့တာ မမှားပါဘူး။ ထွေလာကလည်း ထင်ထားတာထက် ပိုနက်ရှိုင်းပြီး ခြောက်ခြားစရာကောင်းနေတာကိုး။ ဒီရုပ်ရှင်နဲ့ပတ်သက်ပြီးနောက်ထပ် နာမည်ကြီးနေတဲ့ သတင်းတစ်ခုကတော့ ရုပ်ရှင်ရဲ့ကြာချိန်ပါ။ ၂၀၁၇ ခုနှစ်တုန်းက IT ရုပ်ရှင်မှာတော့ ကြာချိန်ဟာ ၂ နာရီနဲ့ ၁၅ မိနစ်ရှိခဲ့ပြီး အခု Chapter Two မှာတော့ ၂ နာရီနဲ့ ၄၅ မိနစ်တိတိ၊ ပထမကားထက် နာရီဝက်ပိုကြာမယ်ဆိုတဲ့ သတင်းပါပဲ။ ရုပ်ရှင်ပိုကြာတော့ ဇာတ်ကွက်တွေလည်း ပိုထွက်နိုင်တာမလို့ ဒီကားကတော့ အကြမ်းစားဇာတ်ကားတစ်ကားဖြစ်မယ်ဆိုတာ သေချာသလောက်ပါပဲနော်။
Stephen King ဝတ္ထုတွေထဲက အနက်နဲဆုံးနဲ့ ကြောက်ဖို့အကောင်းဆုံးဆိုတဲ့ လူရွှင်တော်ယောင်ဆောင် Pennywise ဇာတ်လမ်းကို ၃ နာရီနီးပါးအားပါးတရကြည့်ရတော့မှာမလို့ အခုတော့ ထွေလာလေးနဲ့တင် အာသာဖြေထားကြပါဦး။
Penny