စံချိန်တင်အောင်မြင်မှုတွေ ရရှိသွားတဲ့ IT ရုပ်ရှင်ဇာတ်ကား

ဒီနှစ်နွေရာသီအတွက်ကတော့ ဟောလိဝုဒ်က ရုပ်ရှင်စတူဒီယိုကြီးတွေ ထိုင်ငိုရတဲ့အချိန် ဖြစ်ပါတယ်။ နှစ်နှစ်ဆယ်အတွင်း မှာ လက်မှတ်ရောင်းအား အနိမ့်ဆုံးအချိန်ကို ရင်ဆိုင်နေရတဲ့အချိန်မှာ ဗြုန်းဆို စံချိန်တင်အောင်မြင်သွားတာကတော့ IT လျှို့ဝှက်သည်းဖိုဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Stephen King ရဲ့ဇာတ်လမ်းဖြစ်ပြီး ဒါရိုက်တာ Andy Muschietti က ပြန်လည်ဆန်းသစ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဗီလိန်ကတော့ ရက်စက်ကြမ်းကြုတ်တဲ့ ဆက်ကပ်လူပြက်ပုံစံနဲ့ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဘယ်ရုပ်ရှင်ကုမ္ပဏီကမှ အောင်မြင်လိမ့်မယ်လို့ မထင်ခဲ့ပေမယ့်လည်း Warner Brothers နဲ့ New Line တို့ဟာ ယုံကြည်ချက်ရှိရှိနဲ့ ထုတ်လုပ်ခဲ့ကြပါတယ်။ ဒေါ်လာ(၃၅)သန်း အကုန်အကျခံပြီး ရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ဇာတ်ကားဟာ အမေရိကန်နိုင်ငံတစ်ခုတည်းမှာ ဒေါ်လာသန်း(၇၀) ပြန်လည်ရရှိဖို့ မှန်းထားခဲ့ပါတယ်။ ရုပ်ရှင်ရာသီ မဟုတ်တဲ့ အားအနည်းဆုံးကာလ စက်တင်ဘာလမှာ ရုံတင်ဖို့ လျာထားခဲ့တဲ့ ဒီဇာတ်ကားဟာ အမေရိကန်ပြည်ထောင်စုမှာ တိုက်ခတ်ခဲ့တဲ့ အင်းအားပြင်းမုန်တိုင်းကြောင့် ရုံတင်ရက်လည်း အနည်းငယ် နောက်ဆုတ်ခဲ့ ရပါတယ်။ သို့ပေမယ့်လည်း အံ့အားသင့်စရာကောင်းစွာပဲ ရုံတင်ပြီးချိန်တစ်ပတ်အတွင်းမှာပဲ အမေရိကန်ဒေါ်လာ (၁၂၃)သန်းကျော် ရရှိခဲ့ပြီး Box Office ရဲ့စံချိန်ကို ချိုးသွားခဲ့ပါတယ်။

READ
အရုဏ်တက်ချိန်မှာ ပေါ်လာခဲ့တဲ့ နတ်ဆိုးတစ်ကောင်ရဲ့ ဦးချိုသဏ္ဍာန်ဓာတ်ပုံ

တစ်ပတ်အတွင်း ၀င်ငွေမှာ သည်းထိတ်ရင်ဖိုဇာတ်ကားအားလုံးရဲ့ စံချိန်ကို ချိုးသွားခဲ့ပြီး စက်တင်ဘာလကနေ အောက်တိုဘာလကြား ရုံတင်ခဲ့တဲ့ ဇာတ်ကားတွေထဲက ၀င်ငွေအကောင်းဆုံး Gravity ကိုလည်း ကျော်တက်သွားခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၁၇ခုနှစ်အတွင်းက တစ်ပတ်အတွင်း ၀င်ငွေအကောင်းဆုံး တတိယနေရာမှာ ရှိနေတာကို တွေ့ရပါတယ်။ ပထမနေရာမှာ ရပ်တည်နေတဲ့ Beauty and The Beast ဟာ ပထမအပတ်အတွင်းမှာ ဒေါ်လာ (၁၇၄.၈)သန်း ရရှိခဲ့ပြီး ဒုတိယနေရာမှာ ရပ်တည်နေတဲ့ Guardian of The Galaxy 2 ကတော့ ဒေါ်လာ(၁၄၆.၅)သန်း ရရှိခဲ့ကြပါတယ်။ သို့ပေမယ့်လည်း Beauty and The Beast ဇာတ်ကားရဲ့ ရိုက်ကူးကုန်ကျငွေဟာ ဒေါ်လာသန်း(၁၆၀) ရှိခဲ့ပြီး Guardian of The Galaxy 2 ရဲ့ ကုန်ကျငွေကတော့ ဒေါ်လာ သန်း(၂၀၀)ရှိတဲ့အတွက် (၃၅)သန်းတည်းနဲ့ ရိုက်ကူးပြီး နာမည်ကြီးသရုပ်ဆောင်တွေလည်း မပါဝင်ခဲ့တဲ့ အဆိုပါ IT ဇာတ်ကားဟာ အမြတ်အစွန်း များစွာရရှိတဲ့ ဇာတ်ကားလို့ therichest မှာတော့ ဖော်ပြထားပါတယ်။

READ
လူအများစုမှာရှိတက်တဲ့ မွေးရာပါနားပေါက်လေးတွေအကြောင်း

အလင်းဦး(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE