စိတ်ဖိစီးမှုတွေ ပြေပျောက်ဖို့ (၅) မိနစ်ပဲအချိန်ပေးရမယ့် ဂျပန်ရိုးရာနည်း

ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အရ လူတိုင်းဟာ စိတ်ဖိစီးမှု အနည်းငယ်လောက်ကတော့ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုတွေ အရမ်းများလာတဲ့ အခါမှာတော့ နေ့စဉ်လူနေမှုဘ၀နဲ့ ကျန်းမာရေးကိုပါ ထိခိုက်တဲ့အထိ ဖြစ်လာပါတယ်။ အခုဖော်ပြမယ့်နည်းလမ်းကတော့ ရှေးတုန်းက ဂျပန်လူမျိုးတွေ အသုံးပြုခဲ့တဲ့ နေရာမရွေးလုပ်နိုင်တဲ့ (၅) မိနစ်စာ လေ့ကျင့်ခန်းလေးပါ။

Brightside

ဒီနည်းလေးကို မလုပ်ခင် သိထားရမှာက လက်ချောင်းတစ်ချောင်းချင်းစီရဲ့ စွမ်းဆောင်ရည်ကိုပါ။ လက်ချောင်းတစ်ချောင်းစီဟာ ခံစားချက်တစ်ခုကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲက အသက်စွမ်းအင်ကို မျှတအောင်လုပ်ဖို့ လက်ချောင်းတစ်ချောင်းချင်းစီကို အခြားလက်တစ်ဖက်နဲ့ အုပ်ကာ (၁) မိနစ် သို့ (၂) မိနစ်လောက် ဆုပ်ထားလိုက်ပါ။ တဒိတ်ဒိတ်နဲ့ လှုပ်နေတဲ့ ခံစားမှုကို ခံစားရတယ်ဆိုရင် လုပ်နည်းမှန်ကန်ပါတယ်။

Brightside

စိတ်ကို တည်တည်ငြိမ်ငြိမ်ဖြစ်စေဖို့ လက်ဖ၀ါးရဲ့ အလယ်ဗဟိုကို အခြားလက်တဖက်ရဲ့ လက်မနဲ့ အနည်းငယ်လောက် ခပ်ဖွဖွလေး ဖိထားလိုက်ပါတယ်။ အချိန်(၁) မိနစ်လောက် ကြာအောင် ဖိထားပေးပါ။ ခန္ဓာကိုယ်တွင်း ဟန်ချက်ကို ထိန်းညှိပေးပြီး စိတ်တည်ငြိမ်စေနိုင်ဖို့ အခုလို နည်းလမ်းလေးကို နေ့စဉ်အသုံးပြုနိုင်တာကြောင့် စမ်းကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

READ
Listening Skill ဘာလို့ညံ့ရတာလဲ?

လင်းလင်း (ShweMom)

Ref: brightside

SHARE