ရေပန်းစားလာတဲ့ ဘီကီနီနဲ့ Mask ၀မ်းဆက် “trikini”

Image:IG/Elexia Beachwear

ကပ်ရောဂါကြောင့် Mask ကတော့ မရှိမဖြစ်လိုအပ်တဲ့ လူနေမှု အသုံး အဆောင်တစ်ခု ဖြစ်လာခဲ့ပါပြီ။လိုအပ် ချက် များလာတာနဲ့ အမျှ Mask တွေ ကို ပုံစံမျိုးစုံ ဒီဇိုင်းမျိုးစုံနဲ့ ချုပ်လုပ်ဖန်တီးလာခဲ့ပါတယ်။အီတလီ ဖက်ရှင်ဒီဇိုင်နာ Tiziana Scaramuzzo  ကတော့ ဘီကီနီ နဲ့ Mask ကို ၀မ်းဆက်ဖန်တီးထားတဲ့ (“trikini” ) ကို မိတ်ဆက်ပေး လိုက်ပါတယ်။ဒီ အကြောင်းကိုတော့ Foxnews မှာ ဖော်ပြထားတာပါ။

Image:IG/Elexia Beachwear

Tiziana Scaramuzzo ဆိုတဲ့ ဖက်ရှင်ဒီဇိုင်နာ ကတော့ အီတလီ Brand တစ်ခုဖြစ်တဲ့ Elexia Beachwear ရဲ့ အမိုက်စားဒီဇိုင်းတွေ ကို ဖန်တီးပေးနေသူပါ။ကမ်းခြေ တွေကို သွားရောက်လ ည်ပတ် ချင်ရင် ကိုယ်ဝတ်မယ့် ဘီကီနီနဲ့ လိုက်ဖက်တဲ့ Mask တွေကို တပ်နိုင်ဖို့ အတွက် ဒီလို ဒီဇိုင်းကို ဖန်တီးခဲ့တာပါ။ဘီကီနီက ကာလာ ဒီဇိုင်းတစ်မျိုး Mask က ပုံစံတမျိုးဖြစ် မ နေရ အောင် ၀မ်းဆက် ဒီဇိုင်းကို ဖန်တီးလိုက်တာပါ။

Image:IG/Elexia Beachwear

ကပ်ရောဂါ နဲ့ ရင်ဆိုင်ရ ချိန်မှာတော့ Tiziana Scaramuzzo  ရဲ့ ဆိုင်သေးလေးမှာရှိတဲ့ ဘီကီနီ ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းရဖို့ အခြေအ နေနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။ဒါကြောင့် သူမနဲ့ သူမရဲ့ မိသားစုက ရှိတဲ့ ဘီကီနီ ဈေးကွက် ပျက်သွားတဲ့ အတွက် ရှိတဲ့ ပစ္စည်းတွေနဲ့ Mask တွေကို ပြောင်းလဲ ဖန်တီးခဲ့ ရပါတယ်။သူမရဲ့လက်ရာ တွေကိုတော့ Scaramuzzo က ဆိုရှယ်မီဒီယာ တွေ ပေါ်မှာ ဝေမျှ ထားပါတယ်။အခုဖန်တီးထားတဲ့  “trikini” စိတ်ကူးကလည်း တော်တော် လေး လူကြိုက်များခဲ့ပါတယ်။ဥ ရောပ နိုင်ငံ တွေ ဆီကလည်း အမှာစာတွေ အများကြီး ၀င်လာခဲ့ပါတယ်။

READ
အအိပ်မက်သူတွေကို လစာပေးပြီး ခန့်အပ်သွားမယ့် ရှန်ဟိုင်းကုမ္ပဏီ
Image:IG/Elexia Beachwear

SHARE