အီတလီမှာ အခြေချလိုသူတွေအတွက် အိမ်တွေကို ဈေးပေါပေါနဲ့ ရောင်းပေးနေတဲ့ မြို့လေး

Shutterstock/Salvatore Cassese

အီတလီမှာ အိမ်ဝယ်ပြီး ဘ၀သစ်စလိုသူတွေအတွက် အခွင့်အရေးတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ Bisccia ဆိုတဲ့ မြို့လေးဟာ တစ်ဒေါ်လာနဲ့ မြို့ထဲက အိမ်လွတ်တွေကို ရောင်းချနေတာပါ။ Bisccia အမည်ရတဲ့ မြို့လေးဟာ အီတလီနိုင်ငံ တောင်ပိုင်း ကမ်ပါနီယာဒေသမှာ ရှိပါတယ်။

Shutterstock/Salvatore Cassese

မြို့လေးဟာ အခုဆိုရင် ယိုယွင်းနေတဲ့ အဆောက်အဦး (၉၀) ကို ဈေးကွက်မှာ (၁) ယူရို နဲ့ ဈေးခေါ်ထားတာ ဖြစ်ပါတယ်။ လူတွေခေါ်နေရတဲ့ အဓိကအကြောင်းရင်းကတော့ အီတလီမှာရှိတဲ့ အခြားမြို့နေရာတွေလိုပဲ Bisccia မှာ လူဦးရေတိုးပွားဖို့နဲ့ မြို့စည်ကားဖို့ပဲ ဖြစ်တယ်လို့ CNN သတင်းအရ သိရပါတယ်။

Shutterstock/Salvatore Cassese

အိမ်တွေကို ၀ယ်ယူချင်သူတွေဟာ အိမ်တွေကို ပြန်လည်ပြင်ဆင်ဖို့ ကတိပေးရမှာ ဖြစ်ပါတယ်။ Bisccia ရဲ့အာဏာပိုင်တွေကတော့ အခုလို ဆိုပါတယ်။ “ကျွန်တော်တို့အနေနဲ့ ဒီမှာ အခြေအနေတစ်ရပ်ကို ကြုံနေရပါတယ်။ လူမနေပဲ စွန့်ပစ်ခံထားရတဲ့ နေရာတော်တော်များများဟာ ရွာရဲ့ ရှေးအကျဆုံးအပိုင်းတွေမှာ ရှိပါတယ်။ လူတွေစွန့်ပစ်ထားတဲ့ အိမ်တွေဆိုရင် လမ်းတစ်လမ်းထဲမှာပဲ အိမ်တစ်လုံးနဲ့တစ်လုံး ဆက်ပြီး ရှိနေပါတယ်။ အချို့အိမ်တွေဆိုရင် ၀င်ပေါက်တစ်ခုကိုပဲ အိမ်တွေထဲဝင်ဖို့ မျှသုံးတာတွေတောင် ရှိပါတယ်…”

READ
သဘာဝတရားရဲ့ပြန်လည်အသိမ်းပိုက်ခံလိုက်ရတဲ့ အစွန့်ပစ်ခံတံငါရွာလေးအကြောင်း
Shutterstock/Salvatore Cassese

Bisccia က အာဏာပိုင်တွေကတော့ မြို့လေး ပြန်လည်စည်ကားစေဖို့အတွက် မြို့မှာလာပြီး ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ တောင်းဆိုထားပါတယ်။ အိမ်ကို တစ်လုံးထက်ပိုပြီး ၀ယ်လို့ရအောင်လည်း စီစဉ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ အိမ်ဝယ်ယူသူတွေအနေနဲ့ အိမ်ဝယ်ပြီးတဲ့အခါ ပစ်ထားလို့မရပဲ ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်အရောင်းအ၀ယ်စနစ်မှာ ထူးခြားတာတစ်ခုက တခြားမြို့တွေလိုမဟုတ်ပဲ ငွေအရင်းအနှီးဘယ်လောက်သုံးပြီး ပြုပြင်ရမှာ၊ ဘယ်အချိန်အတွင်း အပြီး ပြင်ဆင်ပေးရမှာ စတဲ့  ကန့်သတ်ချက်တွေ မရှိပါဘူး။

Shutterstock/Salvatore Cassese

မြို့လေးထဲမှာ ရှိတဲ့ အိမ်အလွတ်တွေကိုတော့ ဒေသခံအာဏာပိုင်တွေကပဲ ပိုင်ဆိုင်ပါတယ်။ အရင်တုန်းက Bisccia မြို့လေးမှာနေထိုင်သူတွေက ရေကြည်ရာမြက်နုရာ ထွက်သွားကြတဲ့အခါ အိမ်တွေက ဒီအတိုင်းကျန်ခဲ့တဲ့အတွက် အခုလို လျော့ဈေးနဲ့ ရောင်းချပေးနိုင်တာ ဖြစ်ပါတယ်။ Bisccia မြို့လေးအပြင် အချို့သော အီတလီမြို့လေးတွေဟာလည်း (၁) ယူရိုနဲ့ အိမ်တွေရောင်းနေတဲ့သတင်းတွေ ကြားဖူးမှာပါ။ ဒါပေမယ့် တကယ်တမ်းဝယ်ယူလိုက်တဲ့အခါ မူရင်းအိမ်ပိုင်ရှင်တွေနဲ့ ပြန်အရှု့ပ်အရှင်းဖြစ်ရတဲ့ ကိစ္စတွေ အများကြီး ရှိနေပြန်ပါတယ်။ ဒါပေမယ့် Bisccia က မြို့တာဝန်ခံတွေကတော့ သူတို့မြို့လေးမှာ အိမ်ဝယ်တဲ့သူတွေအဖို့ ဒီလိုအဖြစ်မျိုးနဲ့ ကြုံရမှာမဟုတ်ဘူးလို့လည်း တာဝန်ခံထားပါသေးတယ်။

READ
အင်တာနက်ပေါ်မှာ အမိုက်စားဓာတ်ပုံတွေ တင်နိုင်ဖို့အတွက် အိုင်ဒီယာကောင်းများ

လင်းလင်း (ShweMom)

SHARE