ပလတ်စတစ်ပိုက်တော်လှန်ရေးကို စတင်အသက်ဝင်စေနေပြီဖြစ်တဲ့ အီတလီဘားဆိုင်လေးများ

Website-stroodles

ပလတ်စတစ်ဟာ ထုတ်ရတာသက်သာတယ်၊ အသုံးပြုသူတွေအတွက်လည်း လွယ်ကူတယ်ဆိုပေမယ့်လို့ ကမ္ဘာကြီးကိုတော့ နည်းလမ်းပေါင်းစုံကနေပြီး ခြိမ်းခြောက်လျက်ရှိနေပါတယ်။ မြေမြှုပ်ရင်လည်း မြေဆီလွှာပျက်ဆီး၊ ရေထဲမြောပြန်တော့လည်း ရေနေသတ္တဝါတွေအတွက် အသက်ဘေးကိုခြိမ်းခြောက်နေ၊ မီးရှို့ပြန်တော့လည်း လေထုထဲကို အဆိပ်ငွေ့တွေလွှတ်တင်လိုက်သလိုပါပဲ။ သင်တို့နေ့တိုင်းလိုလိုအသုံးပြုနေတဲ့ ပလတ်စတစ်ပိုက်ချောင်းလေးတွေတောင် လုံးဝကြီးပျက်ဆီးသွားအောင် သဘာဝအတိုင်းဆိုရင် နှစ်ပေါင်း ၅၀၀ တောင်ကြာရှည်တယ်ဆိုတာ သိပါသလား။

ကမ္ဘာပေါ်မှာ တစ်နိုင်ငံလုံးအနေအထားနဲ့ ပလတ်စတစ်ပိုက်လုံးဝ အသုံးပြုခွင့်မရှိတဲ့ နိုင်ငံနဲ့ပြည်နယ်ပေါင်း ၃၂ ခု ရှိနေပြီလို့ Business Insider မှာ၂၀၁၈ ခုနှစ်တုန်းက ဖော်ပြထားခဲ့ပါတယ်။ ပီရူး၊ ကယ်လီဖိုးနီးယား၊ ဟာဝိုင်အီအစရှိသဖြင့်ပေါ့။ နယူးယောက်ကတော့ လာမယ့် ၂၀၂၀ လောက်မှာ ဥပဒေအသက်ဝင်မယ်လို့လည်း ဖော်ပြထားခဲ့ပါတယ်။ ပလတ်စတစ်ရဲ့အန္ဆရာယ်အကြောင်း ဗဟုသုတွေပျံ့ပွားလာတာနဲ့တပြိုင်နက် နိုင်ငံတော်တော်များများဟာ ပလတ်စတစ်အိတ်တွေကို ဦးစားပေးထားပြီး ကန့်ကွက်ခဲ့ကြတာ တော်တော်လေးကို အရှိန်ရလာပြီလို့ဆိုရမှာပါပဲ။ အခုထပ်ပြီး ပလတ်စတစ်ပိုက်တွေကိုပါ ဈေးကွက်ထဲက ပထုတ်ဖို့အတွက် စီစဉ်နေခဲ့ကြပေမယ့်လို့ စီးပွားရေးအနေအထားတွေအရ တချို့နိုင်ငံတွေအတွက် အဆင်ပြေမနေသေးပါဘူး။

READ
ရာသီဥတုပြောင်းလဲမှုတွေက ကမ္ဘာကြီးကို ဖျက်ဆီးနေပြီဆိုတာ ပြနေတဲ့ ဓာတ်ပုံများ
Reddit-r/GranFabio

ဒီလို ပလတ်စတစ်ပိုက်တွေအသုံးပြုတာနဲ့ပတ်သက်ပြီး လက်တလောမှာတော့ Twitter တို့ Reddit တို့မှာ ခေတ်စားနေတဲ့ သတင်းတစ်ပုဒ်ရှိနေပါတယ်။ အဲဒါကတော့ အီတလီနိုင်ငံရဲ့ စတင်ပြောင်းလဲခြင်းတစ်ခုပါပဲ။ GranFbio ဆိုတဲ့ account မှ လွန်ခဲ့တဲ့ ၁၀ ရက်လောက်က စတင်လာခဲ့တာပါ။ ဓာတ်ပုံလေးမှာတော့ mojito ခွက်လေးကိုင်ထားတာကို တွေ့မှာပါ။ ဒီအတိုင်းကြည့်လိုက်မယ်ဆိုရင်တော့ သာမန်အအေးထည့်ထားတဲ့ခွက်လေးပဲလို့ ထင်ရပေမယ့်လို့ ပိုက်လေးဟာ သာမန်ရိုးရိုးပိုက်မဟုတ်ဘဲ ပါစတာချောင်းလေးပါတဲ့။

Website-stroodles
Website-stroodles

စပါဂီတီတို့၊ ပါစတာတို့ဆိုတာ လွယ်လွယ်ပြောရင် အီတလီကခေါက်ဆွဲအမျိုးအစားတွေပါပဲ။ ဂျုံနဲ့များသောအားဖြင့်ပြုလုပ်ထားပြီး အခြောက်ခံထားတဲ့ပုံစံတွေနဲ့ လာလေ့ရှိပါတယ်။ အဲဒါကို ရေနွေးပူပူထဲထည့်ကာမှ ပျော့လာပြီး ခေါက်ဆွဲချက်လို့တဲ့ပုံစံမျိုးပါ။ GranFabio ရဲ့ ဓာတ်ပုံလေးဟာ upvotes ၇၇,၀၀၀ တောင် ရခဲ့ပါတယ်တဲ့။ နောက်ပြီး Bored Panda ရဲ့ ဖော်ပြချက်အရ ဒီလို ပာစတာပိုက်တွေအသုံးပြုတာဟာ အဲဒီဆိုင်တစ်ဆိုင်ထဲမဟုတ်ဘဲ တခြားသော ဘားဆိုင်လေးတွေဟာလည်း ဒီအမူအကျင့်ကို လိုက်နာကျင့်သုံးနေကြပါပြီတဲ့။ ထပ်ပြီးလည်း ပလတ်စတစ်ခွက်တွေကိုပါ အစားထိုးဖို့အတွက် စီစဉ်နေကြပြီလို့ဆိုပါတယ်။

READ
မျိုးသုဉ်းလုနီးဖြစ်နေတဲ့ သတ္တ၀ါတွေကို အနုပညာမြောက်အောင် ဖန်တီးထားတဲ့ ပုံရိပ်များ

ဒီလိုသဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီမှုရှိတဲ့ ပာစတာပိုက်ချောင်းတွေကို လွယ်လင့်တကူရောင်းချပေးနေတဲ့ ဆိုင်တွေလည်း ပေါ်ပေါက်နေပါပြီ။ ဥပမာ Stroodles လိုကုမ္ပဏီမျိုးပေါ့။ အရည်ထဲမှာ ပါစတာခေါက်ဆွဲခြောက်စိမ်ထားရတာဖြစ်တဲ့အတွက် ပျော့်ဖတ်မှာမျိုးကိုတော့ မစိုးရိမ်ရပါဘူးတဲ့။ ထည့်ထားတဲ့အရည်ပိုအေးလေ၊ ပိုက်ကပိုခံလေပါပဲ။ တစ်နာရီကျော်ကြာသည်အထိ အကောင်းအတိုင်းပဲရှိနေဦးမှာဖြစ်ပြီး ဘာအရသာမှလည်း ရစေမှာမဟုတ်ပါဘူးတဲ့။

Website-stroodles
Website-stroodles

Penny

SHARE