ဗလတောင့်လွန်းတာကြောင့် အဓမ္မအကျင့်ခံဖို့ မဖြစ်နိုင်ဘူးဆိုပြီး တရားရုံးမှအမှုပိတ်ခဲ့တဲ့ဖြစ်ရပ်

အီတလီတရားရုံးမှာတော့ အဓမ္မပြုကျင့်တဲ့တရားခံတွေအဖြစ် ကောက်ချက်ချထားသူနှစ်ဦးကို တရားလိုအမျိုးသမီးရဲ့ ပုံပန်းသဏ္ဍာန်ကြောင့် မဖြစ်နိုင်ဘူးလို့ဆိုကာ တရားခံအဖြစ်မှ ပယ်ဖျက်ကာ အမှုကိုရုတ်သိမ်းခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြိး အီတလီမှာတော့ ဆန္ဒပြပွဲတွေ တောက်လျှောက်ဖြစ်ပွားလျက်ရှိပါတယ်။

ဒီအမှုဟာ ၂၀၁၇ ခုနှစ်တုန်းက ပိတ်သိမ်းခဲ့တဲ့အမှုဖြစ်ပေမယ့် အခုအချိန်ကျမှ အမှုပိတ်သိမ်းရတဲ့ အကြောင်းအရင်းကို တရားရုံးမှထုတ်ပြန်ခဲ့တာပါ။ အမှုပိတ်သိမ်းရတဲ့ အကြောင်းပြချက်ကြောင့်ပဲ ပြန်လည်စစ်ပေးပေးဖို့အတွက် အခုလို ဆန္ဒပြကာ တောင်းဆိုခဲ့ကြတာပါ။

Daily Mail

အမှုဖြစ်ပွားစဉ် အသက် ၂၂ နှစ်အရွယ် အမျိုးသားနှစ်ဦးကို တရားခံအနေနဲ့သတ်မှတ်ကာ အမှုစစ်ဆေးခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကဖြစ်ပွားခဲ့ပြီး တရားခံအမျိုးသားနှစ်ယောက်ကလည်း သူတို့ရဲ့လုပ်ရပ်ကို ဝန်ခံခဲပြီးပါပြီ။ သို့ပေမယ့် တရားရုံးမှတာဝန်ရှိသူများက ဒီအမှုဟာမဖြစ်နိုင်ကြောင်း ယူဆရတဲ့အတွက် အမျိုးသားနှစ်ဦးကို အပြစ်ကင်းကြောင်း အမိန့်ချမှတ်ကာ အမှုကိုလည်း ပိတ်ခဲ့တယ်လို့ဆိုပါတယ်။

Daily Mail

အကြောင်းပြချက်ကတော့ အမျိုးသားတစ်ဦးရဲ့ ဖုန်းထဲ အဓမ္မအကျင့်ခံရတဲ့ အမျိုးသမီးရဲ့ဖုန်းနံပါတ်ကို Viking ဆိုတဲ့ နာမည်နဲ့မှတ်ထားရာကစပါတယ်။ Viking ဆိုတာ ရှေးတုန်းကတည်ရှိခဲ့တဲ့ မျိုးနွယ်စုဖြစ်ပြီး အဲဒီမျိုးနွယ်စုဟာ ဗလတောင့်တောင့်၊ သန်သန်မာမာနဲ့ အမျိုးသမီးများကလည်း မိန်းမမဆန်ဘဲ ကျားကျားလျားလျားရှိတဲ့ လူမျိုးစုပါ။ တရားသူကြီးက အဓမ္မအကျင့်ခံရတဲ့ အမျိုးသမီးရဲ့သွင်ပြင်ဟာလည်း ဆွဲဆောင်မှုလုံးဝမရှိဘဲ ကြမ်းကြမ်းတမ်းတမ်းပုံရှိတယ်ဆိုပြီး ကောက်ချက်ချခဲ့ပါတယ်။ ဆိုလိုချင်တာ အဓမ္မအကျင့်ခံရတဲ့အမျိုးသမီးဟာ အဲဒီအမျိုးသားတွေကို အဓမ္မအကျင့်ခံရလောက်အောင် ဆွဲဆောင်မှုမရှိဘူးလို့ တရားရုံးကယူဆသတဲ့။

READ
ကားသမားကိုစိတ်တိုပြီး သွားနေတဲ့ကားကို ကန်ဖို့ကြိုးစားခဲ့တဲ့ ဆိုင်ကယ်သမားရဲ့အဖြစ်ဆိုး
Daily Mail

အမျိုးသမီးရဲ့ထွက်ဆိုချက်အရတော့ လူငယ်တွေပီပီ ပါတီမှာသောက်စားကြရင်း အရက်ထဲဆေးထည့်ကာ သူမကို အမျိုးသားနှစ်ယောက်ထဲမှ တစ်ယောက်က အဓမ္မပြုကျင့်ခဲ့ပြီး ကျန်တစ်ယောက်ကတော့ လူရိပ်လူခြေစောင့်ပေးခဲ့တယ်လို့ဆိုပါတယ်။ ဆေးစစ်ချက်မှာလည်း အဓမ္မပြုကျင့်တယ်လို့ ထွက်ထားပေမယ့် တရားရုံးရဲ့ အမိန့်ချမှတ်မှုတစ်ခုတည်းနဲ့တင် အမျိုးသားနှစ်ယောက်ဟာ အပြစ်မရှိဘူးဆိုပြီး သတ်မှတ်ခံခဲ့ရတာပါ။

ဒါကြောင့် အီတလီမှာရှိတဲ့ Perugia တရားရုံးကို ဦးတည်ကာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ အထက်တရားရုံးမှတော့ ဒီအမှုကိစ္စကို ပြန်စစ်ပေးမယ်လို့ ထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။

Daily Mail

Source: Daily Mail, New York Post

Penny

 

SHARE