အီတလီနိုင်ငံ မြောက်ပိုင်းမှာဆို လူတွေအနေနဲ့ ရေပေါ်မှာ လမ်းလျှောက်နိုင်ပါသတဲ့…။ ဒီလို လျှောက်နိုင်အောင် ပြုလုပ်ပေးခဲ့တဲ့သူတွေကတော့ Jeanne-Claude Denat de Guillebon နဲ့ Christo Yavashev ဆိုတဲ့ အနုပညာရှင်နှစ်ဦးလို့သိရပါတယ်။
ဒီအ၀ါရောင်တောက်တောက် လျှောက်လမ်းဟာ ၃ ကီလိုမီတာ ရှည်လျားပြီး ပလတ်စတစ်ပြွန်တွေနဲ့ ဖန်တီးခင်းကျင်းထားတာဖြစ်ပါတယ်။ လျှောက်လမ်းကိုတော့ Iseo ကန်ထဲရှိ ကျွန်းအသေးလေးနှစ်ကျွန်းနဲ့ ဆက်တန်းထားပေးပါတယ်။

ဒါ အခုမှ အဆန်းထလုပ်တာမဟုတ်ပါဘူး။ ဆောက်ဖို့အတွက် လွန်ခဲ့တဲ့ (၄၈) နှစ်လောက်ကတည်းက အစီအစဉ်ရှိခဲ့ကြတယ်။ Christo နဲ့ ကွယ်လွန်သွားပြီးဖြစ်တဲ့ ဇနီး Jeanne-Claude တို့ဟာ အာဂျင်တီးနာနိုင်ငံ Rio dela Plata မြစ်မှာ ရေပေါ်တံတားဆောက်ဖို့ တာဝန်အပ်ခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ Jeanne-Claude ဟာ (၂၀၀၈) ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါပေမယ့် Christo ကတော့ သူတို့ စိတ်ကူးအိပ်မက်တွေ မရပ်ပစ်လိုက်ခဲ့ပါဘူး။

Iseo မြို့က လူဦးရေ (၂၀၀၀) လောက်သာ ရှိပြီး ကန်ကလည်း အံသြဖွယ်ကောင်းတဲ့ ကန်တစ်ကန်ဖြစ်တာကြောင့် လုပ်ဖို့ ရွေးချယ်ခဲ့တာဖြစ်ကြောင်း Christo က CNN သတင်းဌာနကို ပြောပြခဲ့ပါတယ်။

စစချင်းမှာ ဖန်တီးတည်ဆောက်မှုတွေက ကြာကြာမခံလို့ အများပြည်သူတွေအတွက် ဇွန်လ (၁၈) ကနေ ဇူလိုင် (၃) ရက်နေ့အထိသာ ဖွင့်ပေးခဲ့ပါတယ်။ သဘာဝကြီးရဲ့ ခြံရံမှုကို ခံစားပြီး အေးအေးလူလူ လမ်းလျှောက်ဖို့ ရည်ရွယ်တယ်လို့လည်း သိရပါတယ်။ အခုဆို လူတိုင်းလာရောက်နိုင်ပြီဖြစ်ပြီး အခကြေးငွေပေးစရာမလိုဘူးလိုလည်း သိရပါတယ်။

တံတား တည်ဆောက်ရာမှာ စွန့်ပစ်ပစ္စည်းတွေကို အကျိုးရှိရှိပြန်အသုံးချ တည်ဆောက်ထားပါတယ်။ အခုဆို ကမ္ဘာလှည့်ခရီးသည်တွေရဲ့ ဆွဲဆောင်ရာတစ်ခုလည်းဖြစ်နေပါတယ်။


Source: Elite Reader