(၃၄)နှစ်အရွယ် ချစ်သူကို စွန့်ပြီး စမောလ်ထပ်ရှာခဲ့တဲ့ အီတလီဝန်ကြီးချုပ်ဟောင်း

Instagram_MartaFascina_Berlusconi_Francesca Pascale

ဆီရီးအေထိပ်သီးကလပ်အသင်းတစ်ခုဖြစ်တဲ့ အေစီမီလန်အသင်းပိုင်ရှင်ဟောင်း၊ အသင်းဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ အီတလီဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ ဘာလူစကိုနီကတော့ (၁၂)နှစ်ကြာ လက်တွဲလာခဲ့တဲ့ အသက်(၃၄)နှစ်အရွယ် Francesca Pascale ကို လက်တွဲဖြုတ်လိုက်ပါပြီ။

သူဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Forza Italia ပါတီကတော့ ဘာလူစကိုနီနဲ့ Francesca တို့ဟာ သူငယ်ချင်းအဖြစ် ဆက်လက်တည်ရှိနေမယ်လို့ ထုတ်ပြန်သွားခဲ့သော်လည်း၊ အဆက်ဖြတ်ခံလိုက်ရတဲ့ Francesca အတွက်ကတော့ ဒီကိစ္စဟာ အလွန်ခံပြင်း နာကျည်းစရာ ဖြစ်နေပါလိမ့်မယ်။

 

နောက်ထပ် ထွက်ပေါ်လာတဲ့ သတင်းမှာတော့ ဘာလူစကိုနီဟာ သူ့ထက် (၅၃)နှစ်ပိုငယ်တဲ့ မြေးအရွယ် ကောင်မလေးတစ်ယောက်နဲ့ တွဲနေပြီလို့ ဆိုပါတယ်။ သူ့အသက်က (၈၃)နှစ်ဖြစ်တော့ ကောင်မလေးရဲ့အသက်က (၃၀)နှစ်လို့ ဆိုရမှာပါ။ Pascale ကတော့ သူမနဲ့ပြတ်စဲကြောင်းသတင်းကို တွေ့မိပြီး အလွန်တုန်လှုပ်ခဲ့ရတယ်လို့ ပြောပါတယ်။

သို့သော်လည်း ဘာလူစကိုနီအဖို့ သူမ မပါတော့တဲ့ ဘဝအသစ်မှာ ပျော်ရွှင်ပါစေကြောင်း ဆုတောင်းပါတယ်လို့ Pascale ပြောခဲ့ပါတယ်၊ ငါးစိမ်းမြင် ငါးကင်ပစ်ခဲ့တဲ့ ဘာလူစကိုနီဟာ သူ့ပါတီက ပါလီမံအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ထက်ထက်မြတ်မြတ် အမျိုးသမီးငယ်လေး Marta Fascina နဲ့ အခု စပြီး Date နေပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Instagram/MartaFascina

မကြာသေးခင်က ထွက်ပေါ်လာတဲ့ သတင်းဓာတ်ပုံတွေထဲမှာ ဘာလူစကိုနီဟာ သူရဲ့အသစ်ကလေးနဲ့အတူ ဆွစ်ဇာလန်က ဟော်တယ်တစ်ခုကနေ ပြုံးပြုံးရွှင်ရွှင်ထွက်လာတဲ့ ဓာတ်ပုံလည်း ပါဝင်ပါတယ်။ ထူးခြားတာက အဆက်ဟောင်း Pascale ရဲ့အချစ်တော်ခွေးလေးလည်း အတူပါဝင်နေတာပါ။ အဲဒီတုန်းကတည်းက Pascale ဟာ စကားနာထိုးခဲ့ပါတယ်။

“ ကျွန်မအမြင်ကတော့ ပါလီမန်အဖွဲ့ဝင်တစ်ဦးက ကျွန်မရဲ့ခွေးနဲ့အတူ လမ်းလျှောက်ထွက်တယ်ဆိုတာ မနှစ်မြို့စရာပါ .. ဒါပေမယ့် ကျွန်မအတွက်တော့ ကိစ္စနမရှိပါဘူး … ”လို့ ပြောခဲ့ပါတယ်။ ဘာလူစကိုနီကလည်း သူ့ဘဝရဲ့အခက်အဆုံးအချိန်မှာ အပြည့်အဝအကူအညီပေးခဲ့တဲ့ Pascale ကို ဘဝနဲ့ချီပြီးကျေးဇူးတင်တယ်လို့ ပြောခဲ့ပါသေးတယ်။

READ
အသက် ၂၄ နှစ်အရွယ်ကင်ဆာရောဂါသည် ရထားရှေ့ရပ်ပြီး မိမိကိုယ်ကိုအဆုံးစီရင်ခဲ့

ဘာလူစကိုနီဟာ အခွန်တိမ်းရှောင်မှုနဲ့ ပါလီမန်ကနေ (၆)နှစ်ကြာ မပတ်သက်ဖို့ တားမြစ်ခံခဲ့ရပြီး၊ အဲဒီပြစ်ဒဏ်ဟာ (၂၀၁၈)မှာ ပြီးဆုံးခဲ့တာပါ။ ဒီမတိုင်ခင်မှာ ဘာလူစကိုနီအတွ အနီးကပ်အဖော်ဆိုတာ Pascale တစ်ယောက်တည်း ရှိခဲ့တာပါ။

 

View this post on Instagram

 

Quanto affetto e quanta voglia di liberare l’Emilia Romagna dal malgoverno della sinistra!

A post shared by Silvio Berlusconi (@silvioberlusconi_official) on

ထိုစဉ်က ဘာလူစကိုနီဟာ ဒုတိယဇနီး Veronica Lario နဲ့ ပေါင်းသင်းနေဆဲဖြစ်ပြီး သူတို့နှစ်ယောက်ကွဲကွာကြတော့ Pascale ဟာ အောင်ပွဲခံခဲ့သေးတယ်လို့ ဆိုပါတယ်။ ဆိုရရင် သူမရဲ့ပယောဂကြောင့် Laroi နဲ့ ဘာလူစကိုနီတို့ ကွဲကြတာပါ။ Laroi ဟာ အခုဆိုရင် (၆၃)နှစ်ရှိနေပါပြီ။ ဘာလူစကိုနီဟာ သက်တော်ရှည်ဝန်ကြီးချုပ်ရာထူးကို ကြာရှည်စွာထမ်းဆောင်ခဲ့ပြီး၊ ဒီအတောအတွင်းမှာ မိန်းမမှုနဲ့ပြဿနာတွေ၊ ငွေကြေးခဝါချမှု၊ အခွန်တိမ်းရှောင်မှု စတဲ့ ပြဿနာတွေနဲ့ နပမ်းလုံးခဲ့ရါတယ်။

အဆိုးဆုံးအမှုကတော့ အသက်(၁၇)နှစ်အရွယ် ကောင်လေးကို ငွေပေးပြီး လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တာပါ။ သူဟာ နိုင်ငံရေးပါဝါနဲ့ အဂတိတရားတွေကို အသုံးပြုပြီး အမှုကို ကြာရှည်စွာ ဖုံးဖိနိုင်ခဲ့သော်လည်း နောက်ဆုံးမှာ သက်သေခိုင်လုံတဲ့အတွက် (၂၀၁၁)မှာ သူဟာ ထောင်(၇)နှစ် ချမှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှုာ စီရင်ချက်ကို ဖျက်သိမ်းခဲ့ပါတယ်။

လင်းသုတ

SHARE