လာလည်ရင် လေယာဉ်ခနဲ့ဟိုတယ်ခတွေ ထက်ဝက်လျှော့ပေးမယ့် အီတလီကကျွန်းလေး

Pixabay-hirisflower

အီတလီနိုင်ငံဟာ အခုဖြစ်နေတဲ့ကပ်ရောဂါဘေးကို ထိပ်တန်းကခါးစည်းခံနေရတဲ့နိုင်ငံတွေထဲ ပါဝင်လျက်ရှိနေပါတယ်။ ခရီးသွားတွေ သိပ်ကိုအဝင်များပြီး အခုကာလကလည်း ပွင့်လင်းရာသီဖြစ်နေတဲ့အတွက် ဒီလိုအခြေအနေမျိုးမှာ နိုင်ငံ့ဝင်ငွေအနေနဲ့ ထိခိုက်မှုရှိသွားမှာ မလွဲပါပဲ။ ဒါပေမဲ့လည်း အခြေအနေက တစ်ဦးနဲ့တစ်ဦးတောင် ၂ ပေ၊ ၃ ပေဆီခွာရမယ်ဆိုတော့လည်း မတတ်နိုင်ကြဘူးပေါ့။

ကမ္ဘာတစ်လွှားလုံးမှာ quarantine ကာလအဖြစ် သတ်မှတ်နေတုန်း အီတလီတောင်ပိုင်းက ကျွန်းလေးတစ်ကျွန်းကတော့ ကိုဗစ်အလွန်စီးပွားရေးအတွက် အစီအစဉ်တွေတောင် ဆွဲနေခဲ့ပါပြီ။

အဲဒါကတော့ Sicily ကျွန်းကိုလာမယ့်လူတွေအတွက် ခရီးစရိတ်နဲ့နေရာထိုင်ခင်းတို့ကို ဈေးလျှော့ပေးမယ့်အစီအစဉ်မျိုးပါ။ လေယာဉ်စရိတ်ကို တစ်ဝက်တိတိလျှော့ပေးမှာဖြစ်ပြီး ဟိုတယ်ခတွေေကိုတော့ သုံးပုံပုံတစ်ပုံအဖြစ် ကျွန်းတစ်ကျွန်းလုံးအနအထားနဲ့ လျှော့ပေးသွားမှာပါ။

READ
ဗီယက်နမ်ရောက်ရင်သွားလည်သင့်တဲ့ ထူးထူးဆန်းဆန်းနေရာ (၅) ခု

Sicily ကျွန်လေးကတော့ မတ်လ ၁၀ ရက်နေ့ကတည်းက ခရီးသည်ဝင်လာတာတွေကို ပိတ်သိမ်းလိုက်ရတဲ့အတွက်ကြောင့် ခရီးသွားလုပ်ငန်းမှာ အနည်းဆုံး ဒေါ်လာ ၁ သန်းကျော်လောက် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့်လည်း ခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင်ဖို့အတွက် အခုလိုအစီအစဉ်မျိုးကို အာဏာပိုင်တွေနဲ့ လုပ်ငန်းရှင်တို့ပူးပေါင်းပြီး သဘောတူခဲ့ကြတာပါ။

သို့ပေမယ့်လည်း လက်ရှိအချိန်အထိ ကပ်ရောဂါဟာလည်း အရှင်းမပျောက်သေးတဲ့အတွက် ခရီးသွားပြန်လက်ခံမယ့်ရက် အတိအကျကိုတော့ မပြောနိုင်သေးပေမယ့် ဒီနှစ်နှောင်းပိုင်းလောက်အထိလို့တော့ ခန့်မှန်းထားကြပါတယ်။ လျှော့ဈေးနဲ့ခရီးသွားခွင့်ရဖို့အတွက်ကိုတော့ ကျွန်းလေးရဲ့တရားဝင် website ဖြစ်တဲ့ http://www.visitsicily.info/en/ မှာ အသေးစိတ်အကြောင်းအရာတွေကို တင်ပေးသွားမှာပါ။ Insider မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

READ
ဘ၀မှာ တစ်ခါတစ်ခေါက်တော့ ရောက်သွားသင့်တဲ့ နေရာ(၅)ခု
Pixabay-kirkandmimi
Pixabay-Tama66

Penny

SHARE