ဟော်လိုဝိန်းဟာ မိုက်မဲတဲ့ အမေရိကန်ပွဲတော်ဆိုပြီးပြောခဲ့တဲ့ အီတလီနိုင်ငံရေးသမား

instagram/vincenzodeluca

“အားလုံးပိတ်ပစ်ရမယ်..” လို့ အီတလီနိုင်ငံ Campania ဒေသကိုအုပ်ချုပ်သူ Vicenzo De Luca က အီတလီရဲ့ကိုရိုနာဗိုင်းရပ်စ်ဒုတိယကပ်လှိုင်းအတွင်း ပြောလိုက်ပါတယ်။ Vicenzo ဟာ ဟော်လိုဝိန်းပွဲတော်ကို မနှစ်မြို့သူတစ်ဦးဖြစ်ပြီး အောက်တိုဘာ၃၁ရက်နေ့မှာ ကိုဗစ်ရောဂါကကာကွယ်ဖို့ ညမထွက်ရအမိန့်ထုတ်မယ်လို့ ဆိုခဲ့တာပါ။

 

Vicenzo ဟာ ဖေ့စ်ဘုတ်livestream မှာလည်း ဟော်လိုဝိန်းပွဲတော်ကို ထုတ်ပယ်လိုက်ပါတယ်။ ဟော်လိုဝိန်းဟာ အမေရိကန်ပွဲတော်တစ်ခုဖြစ်ပြီး အီတလီမှာလည်းခေတ်စားလာတဲ့ပွဲတော်ပါ။ နိုဝင်ဘာ ၁ရက်နေ့မှာကျရောက်တဲ့ All Saints’ Day နဲ့ နိုဝင်ဘာ ၂ရက်နေ့မှာကျရောက်တဲ့ All Souls’ Day တို့မတိုင်ခင် အကြိုရက်လည်းဖြစ်ပါတယ်။

READ
ခန္ဓာကိုယ်ကို သံတိုင်တွေစိုက်ဝင်နေခဲ့ပေမယ့် အသက်ရှင်ခဲ့တဲ့ ကြောင်သက်ပြင်းလေး

Vicenzo ကတော့ ဟော်လိုဝိန်းပွဲတော်ဟာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားအောင် အားပေးတဲ့ မိုက်မဲတဲ့ပွဲတော်ဆိုပြီး ဆိုခဲ့တာပါ။ “ဟော်လိုဝိန်းဆိုတာ လုံးဝအဓိပ္ပါယ်မရှိတဲ့ဟာကြီးပဲ။ အမေရိကန်တွေအရူးထတာက ကျွန်တော်တို့နိုင်ငံထဲရောက်လာတာ။ ကျွန်တော်သတင်းတွေကြားတယ်။ လူတွေက အောက်တိုဘာနောက်ဆုံးပတ်မှာ ည၁၀နာရီကစပြီး ပါတီတွေလုပ်ဖို့ ပြင်နေကြတယ်တဲ့။ အားလုံးပိတ်ပစ်ရမယ်။” လို့ သူကဆိုပါတယ်။

Vicenzo ဟာ အပေါက်ဆိုးတယ်ဆိုပြီး လူသိများပါတယ်။ သူဟာ ပြီးခဲ့တဲ့မတ်လ Covid-19 စစချင်းရိုက်ခတ်တုန်းကလည်း ပါတီပွဲကျင်းပတဲ့သူတွေကို မီးနဲ့မှုတ်ထုတ်ပြီးလူစုခွဲဖို့ပြောခဲ့တာပါ။ Campania region ဟာ အီတလီအနောက်တောင်ဘက်မှာရှိပြီး ကိုရိုနာဗိုင်းရပ်စ်ဒုတိယလှိုင်းကိုခံစားခဲ့ရတာပါ။ ဒီအပတ်အတွင်း ဆေးရုံကုတင်ပေါင်း ၆၇၁ ခုရှိတဲ့အထဲမှာ ကုတင်ပေါင်း ၅၃၀ လောက်ဟာ ကိုဗစ်လူနာတွေနဲ့ပြည့်နေတဲ့အတွက် ဒီလကုန်အထိ ကျောင်းတွေပိတ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့မှာတော့ အီတလီမှာ ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်ခံရသူအသစ်ပေါင်း ၁၀,၀၁၀ ရှိတယ်လို့သိရပါတယ်။

READ
တင်းနစ်ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ညှို့အားပြင်း အမျိုးသမီးဒိုင်

ShweMom

SHARE