အိမ်မှာမနေပဲ လမ်းသလားချင်နေတဲ့ပြည်သူတွေကို ဒေါသထွက်နေတဲ့ အီတလီမြို့တော်ဝန်များ

twitter/protectheflames

အီတလီနိုင်ငံရဲ့ Covid-19 ကြောင့် သေဆုံးခဲ့သူဦးရေဟာ ကမ္ဘာ့နိုင်ငံတွေထဲ အမြင့်ဆုံးဖြစ်ခဲ့ပြီး ရောဂါစတင်ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံကိုတောင် ကျော်တက်ခဲ့ပါတယ်။ တစ်နို်င်ငံလုံးကို lockdown လုပ်ထားတာဖြစ်တဲ့အတွက် အားလုံးကို အိမ်ထဲကအိမ်ပြင်မထွက်ကြဖို့ အစိုးရက သတိပေးခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံထဲ သေဆုံးမှုအရမ်းမြင့်တက်နေတာတောင် အီတလီပြည်သူအချို့ဟာ အစိုးရနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေရဲ့စကားကိုအလေးမထားတာကြောင့် အီတလီမြို့တော်ဝန်တွေခမျာ ဒေါသထွက်နေခဲ့ကြတယ်လို့ insider သတင်းအရ သိရပါတယ်။

အီတလီရဲ့ ဘာရီမြို့တော်ဝန်ကလည်း ဗီဒီယိုအတိုတစ်ခုထဲမှာ ခွေးတွေခေါ်ပြီး အပြင်လမ်းလျှောက်ထွက်နေတဲ့လူတွေကို စိတ်ဆိုးဆိုးနဲ့အော်နေခဲ့တာပါ။ သူ့အပါအ၀င် အီတလီက တခြားမြို့တော်ဝန်တွေဟာလည်း အခုလို lockdown ချထားတဲ့အချိန်အတွင်း ပူးပေါင်းမဆောင်ရွက်တတ်တဲ့ ပြည်သူတွေကြောင့် စိတ်တိုနေခဲ့ကြတာ ဖြစ်ပါတယ်။

အောက်ဘက်မှာတော့ အီတလီမြို့တော်ဝန်တွေရဲ့ ဗီဒီယိုအားလုံးကိုတော့ @protectflames ကနေ တပေါင်းတစည်းထဲ စုစည်းတင်ပြပေးထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ ဗီဒီယိုထဲမှာတော့ အီတလီက ဂူဝယ်ဒိုတာဒီနိုရဲ့ မြို့တော်ဝန် မက်စီမီလီယံနိုပရက်စ်ကယူတီကိုက ပန်းခြံထဲမှာ လမ်းလျှောက်ထွက်နေတဲ့ လူတစ်ဦးကို ဘာမှဆင်ခြေမလိုချင်ဘူး။ အိမ်ပြန်ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လူဆီရာမြို့ရဲ့မြို့တော်ဝန် အန်တိုနီယိုတူတိုလိုကလည်း အိမ်ခေါ်ဆံပင်ညှပ်တဲ့ ၀န်ဆောင်မှုကိုအသုံးပြုနေတဲ့ သူ့မြို့သားတွေကိုလည်း တော်တော်စိတ်ဆိုးနေခဲ့ပါတယ်။ “မိုဘိုင်းဆံသဆရာခေါ်မယ်ဟုတ်လား၊ ဘာအတွက်လဲ..အခေါင်းတွေက ပိတ်နေမယ်ထင်လို့လား။ ခင်ဗျားကို ဘယ်သူက ကြည့်မှာလဲ။ သေရင်အဆင်သင့်ဖြစ်အောင်လား..” စသဖြင့် ကျယ်လောင်စွာအော်ဟစ်ပြီး စိတ်ဆိုးနေခဲ့တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

လက်ရှိသိရတဲ့သတင်းတွေအရ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၆၃, ၉၂၇) ရှိပြီး သေဆုံးသူ (၆,၀၀၀) ကျော်ထိ ရှိနေပါပြီ။ စနေနေ့တစ်နေ့တည်းနဲ့တင် အီတလီမှာ (၂၄) နာရီအတွင်း Covid-19 ကြောင့် သေဆုံးသူဦးရေ (၇၉၃) အထိ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

READ
လူတကာချီးကျူးခဲ့ရတဲ့ လေယာဉ်ပေါ်မှ ရင်ခွင်ပိုက်ကလေးမိခင်ရဲ့လုပ်ရပ်

လင်းလင်း (ShweMom)

 

SHARE