ဆေးလိပ်ဖြတ်ဖို့ အားလျော့နေတဲ့ ဆေးလိပ်သမားတွေအတွက် အားတက်ဖွယ် လေ့လာချက်သစ်

pexels/Basil MK

လေ့လာချက်သစ်အရ စီးကရက်ကို စောစောစီးစီး ဖြတ်ပစ်နိုင်လေ အဆုတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ လျော့နည်းလေလေ ဖြစ်ကြောင်း nypost အရ သိရပါတယ်။ အချို့လူတွေက သူတို့ဟာ ဆေးလိပ်သောက်လာတာ ကြာနေပြီ၊ သူတို့ အဆုတ်ဟာ ကုစားလို့မရအောင် ပျက်စီးနေပြီ၊ ဒီအချိန်မှ ဆေးလိပ်ဖြတ်တော့လည်း ဘာမှအကျိုးမထူးဘူး ထင်တတ်ကြပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ နားလည်မှုလွဲမှားနေတယ်လို့ ၄င်းလေ့လာချက်က ဆိုပါတယ်။

pexels/Rahul

Wellcome Sanger တက္ကသိုလ်ကတော့ ဆေးလိပ်သမားတွေဟာ သူတို့ရဲ့ဆေးလိပ်စွဲတဲ့အကျင့်ဆိုးကို ဖြတ်ပစ်ဖို့သာ အခရာကျတယ်လို့ ပြောလိုက်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်တာနဲ့ တစ်ပြိုင်နက် အဆုတ်ထဲက ဆဲလ်တွေဟာ လေကြောင်းလမ်းတစ်လျှောက် အတွင်းသားတွေကို အလိုအလျောက် ပြုပြင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ပြုပြင်ပေးသွားတဲ့အခါ အသစ်ဖြစ်ပေါ်လာတဲ့ဆဲလ်တွေဟာ အဆုတ်ကင်ဆာလို ကင်ဆာရောဂါဆိုး မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်တယ်လို့လည်း သိရပါတယ်။

READ
ခြေချိတ်မထိုင်သင့်တဲ့ အကြောင်းအရင်းများ (ကျန်းမာရေးရှုထောင့်)

တက္ကသိုလ်မှ ဆရာဝန်ကြီး ဒေါက်တာ ပီတာကမ့်ပ်ဘဲလ်ကတော့ “အချို့လူတွေ အနှစ် သုံး၊ လေးဆယ်မက ဆေးလိပ်သောက်လာကြတာ။ သူုတို့က ပြောတယ်။ ဆေးလိပ်သောက်လွန်းတဲ့အတွက် အဆုတ်က ပျက်စီးနေပြီ။ ဆေးလိပ်ဖြတ်ဖို့လည်း အတော်နောက်ကျနေပြီ။ ဒီလိုပြောကြတယ်….”

pexels/fotografierende

“ဒါပေမယ့် ကျွန်တော်တို့ ရှာဖွေတွေ့ရှိရတဲ့ သုတေသနအရတော့ ဆေးလိပ်ဖြတ်ဖို့ နောက်ကျတယ်ဆိုတာ ဘယ်တော့မှ မရှိဘူးဗျ။ မြန်မြန်ဖြတ်နိုင်လေ ကျန်းမာရေးအတွက် မြန်မြန်ကောင်းလေပဲ။ အချို့လူတွေဆို သူတို့ဘ၀တစ်လျှောက်လုံး စီးကရက်ဘူးပေါင်း (၁၅,၀၀၀) ကျော်လောက် သောက်လာကြတာ။ ဒါပေမယ့် ဆေးလိပ်ကို လုံးဝဖြတ်လိုက်ပြီး နှစ်အနည်းငယ်အတွင်းမှာပဲ လေကြောင်းလမ်းက အတွင်းသားဆဲလ်တွေက တော်တော်လေး ပြောင်းလဲသွားတယ်။ အဆုတ်အခြေအနေလည်း အများကြီး တိုးတက်လာတယ်…” လို့ ပြောပြပါတယ်။

လင်းလင်း (ShweMom)

SHARE