ရုပ်ရှင်ပွဲတော်အတွက် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်မယ့် IU, Yoona Lee နဲ့ Jehoon

ig/@hoonist0704,@yoona__lim,@dlwlrma Verified

အဆိုတော်၊ သရုပ်ဆောင် IU, Girl’s Generation အဖွဲ့ဝင် အဆိုတော်၊ သရုပ်ဆောင် Yoona နဲ့ မင်းသား Lee Jehoon တို့သုံးယောက်ဟာ လာမယ့် ရုပ်ရှင်ပွဲတော်အတွက် ဆုချီးမြှင့်မယ့် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ခွင့်ရခဲ့တဲ့အကြောင်းကို sbs က ခုလိုဖော်ပြထားပါတယ်။

View this post on Instagram

5th mini album #Lovepoem

A post shared by 이지금 (@dlwlrma) on

သူတို့သုံးယောက်က ‘Mise-en-scene Short Film Festival’ ပွဲတော်မှာ ဆုငါးဆုကို ရွေးချယ်ပေးရမယ့် ဒိုင်တွေပဲ ဖြစ်ပါတယ်။ IU, Yoona နဲ့ Lee Jehoon တို့သုံးယောက်ဟာ ရုပ်ရှင်ဇာတ်ကား ငါးကားကို ကြည့်ပြီး ဇာတ်ကားနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အတူတူ သုံးသပ်ပေးရမှာပဲ ဖြစ်ပါတယ်။ ကြည့်ရှုရမယ့် ဇာတ်ကားတွေက အမျိုးအစား မတူညီတဲ့ ‘Social Perspective’, ‘Comedy’, ‘Horror/Fantasy’, ‘Melodrama’ and ‘Action/Thriller’ ဆိုတဲ့ မတူညီတဲ့ ဇာတ်ကားတွေကို အကဲဖြတ်ပေးရမှာပါ။

READ
လုံးဝ လက်လွှတ်မခံသင့်တဲ့ (၂၀၁၉)ခုနှစ်ရဲ့ ကိုရီးယားဇာတ်ကား (၇ ) ကား

https://www.instagram.com/p/B3Rdh1EHLSX/?utm_source=ig_embed&utm_campaign=loading

‘Mise-en-scene Short Film Festival’ ပွဲဟာ ဇာတ်လမ်းတို ရုင်ရှင်တစ်ခုတည်းကိုပဲ ပြသမှာမဟုတ်ပဲ အရေအချင်းရှိတဲ့ ဒါရိုက်တာနဲ့ စာရေးဆရာတွေကိုပါ ရွေးချယ်သွားမယ့် ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ပွဲတော်ကို လက်ရှိဖြစ်ပွါးနေတဲ့ အခြေအနေအရပ်ရပ်ကြောင့် online ကပဲ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

‘Mise-en-scene Short Film Festival’ ပွဲတော်ကို လာမယ့် June 25 မှာကျင်းပသွားမှာဖြစ်ပြီး July 1 ရက်နေ့အထိကို ပြသသွားမှာပဲ ဖြစ်ပါတယ်။ ပရိတ်သတ်တွေအနေနဲ့လည်း online ကနေ စောင့်မျှော်ကြည့်ရှုလို့ ရပါတယ်နော်။

READ
ငွေဆောင်မှာ မွေးနေ့ပွဲလေးကျင်းပခဲ့တဲ့ ရွှေအိမ်စည်

Khin

SHARE