G20 အိုဆာကာဆွေးနွေးပွဲမှာ အောင့်သက်သက်ဖြစ်သွားခဲ့တဲ့ အိုင်ဗန်ကာထရမ့်ပ်

Twitter/Parham Ghobadi

ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၉ ခုနှစ် G20 တွေ့ဆုံဆွေးနွေးပွဲအတွင်း အမေရိကန်အိမ်ဖြူတော်အကြံပေးဖြစ်သူ အိုင်ဗန်ကာထရမ့်ပ်ဟာ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေကြားထဲ အရာသွင်းမခံရတဲ့အဖြစ်ကို businessinsider သတင်းဌာနအရ သိရပါတယ်။ ၄င်းအဖြစ်ကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဟာ အတော်ပြန့်နှံ့နေပြီဖြစ်ပြီး အရေးကြီးတဲ့ နိုင်ငံတကာဆိုင်ရာ အစည်းအဝေးကြီးတွေမှာ သမ္မတရဲ့သမီးကို သံတမန်အဖြစ် အသုံးမပြုသင့်ဘူးလို့ ဝေဖန်သူတွေတောင် ရှိလာနေပြီ ဖြစ်ပါတယ်။

 

ဗီဒီယိုကိုတွစ်တာပေါ်မှာတင်ခဲ့သူကတော့ ဘီဘီစီဂျာနယ်လစ်ဖြစ်သူ ပါဟမ်ဂိုဘာဒီဆိုသူပါ။ ဗီဒီယိုက ခပ်တိုတိုနဲ့ အသံတော့ သိပ်မကြားရပါဘူးး။ ဒါပေမယ့် ဗီဒီယိုထဲမှာတော့ အိုင်ဗန်ကာထရမ့်ပ်နဲ့အတူ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုး၊ အင်္ဂလန်ဝန်ကြီးချုပ် ထရီဇာမေနဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ကရွန်၊ IMF ရဲ့ ဥက္ကဌ ခရစ္စတင်းလာဂါ့ဒ်တို့ကို တွေ့ရမှာ ဖြစ်ပါတယ်။ ကြည့်ရတာတော့ ခေါင်းဆောင်တွေဟာ G20 အစည်းအဝေးအစမှာ ထရမ့်ပ်ပြောသွားခဲ့တဲ့ အမျိုးသမီးအခွင့်အရေးအကြောင်းနဲ့ပတ်သက်လို့ ဆွေးနွေးနေပုံရပါတယ်။

READ
Gym Selfie တွေကပြောတဲ့ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးအကြောင်း

ခေါင်းဆောင်တွေ စကားပြောနေတဲ့အထဲမှာ အိုင်ဗန်ကာထရမ့်ပ်ကလည်း တစ်ချက်တစ်ချက်ဝင်ထောက်ပြီး သူမရဲ့ အမြင်ကို ကြားဖြတ်ပြောနေခဲ့တာပါ။ ဒါပေမယ့် ခေါင်းဆောင်ကြီးတွေဟာ အိုင်ဗန်ကာကို စကားဝိုင်းထဲ ၀င်ပါစေဖို့ စိတ်ကူးမရှိတာကို သူတို့တွေရဲ့ ကိုယ်အမူအရာနဲ့ မျက်လုံးအကြည့်တွေက သက်သေပြနေပါတယ်။ အိုင်ဗန်ကာကတော့ ခေါင်းဆောင်ကြီးတွေရဲ့ စကားဝိုင်းထဲ ၀င်ဆန့်နိုင်ဖို့ အထူးကြိုးစားနေပုံပြီး ခေါင်းဆောင်တွေကတော့ သူမဆီကနေ မျက်လုံးအကြည့်ကို ရှောင်ဖယ်နေခဲ့ကြတာ ဖြစ်ပါတယ်။

 

တချို့ကလည်း ဒီဗီဒီယိုကို အမေရိကန်သမ္မတဆီတင်ပြပြီး သမ္မတသမီးအနေနဲ့ အမေရိကန်အစိုးရအဖွဲ့ထဲမှာ ဘယ်အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်နေလဲဆိုတာ မေးမြန်းဖို့ စိတ်ကူးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အမေရိကန် ဒီမိုကရက်တစ်ကိုယ်စားလှယ်တွေကလည်း ထရမ့်ပ်က အိမ်ဖြူတော်အကြံပေးအဖြစ်ခန့်အပ်ထားတဲ့ အိုင်ဗန်ကာဟာ ဘာအတွက်နဲ့ G20 ကမ္ဘာ့ခေါင်းဆောင်တွေ ထိပ်သီးဆွေးနွေးပွဲထဲ ရောက်နေရလဲဆိုတာ မေးခွန်းထုတ်နေတယ်လိုပ businessinsider က ဆိုပါတယ်။ အထူးသဖြင့် အိုင်ဗန်ကာနဲ့ သူမရဲ့ အမျိုးသားဖြစ်သူ ဂျရက်ဒ်ကူရှ်နာတို့ဟာ အမေရိကန်ရဲ့ လျှို့ဝှက်အရေးကြီးဒေတာတွေကို ရယူခွင့်ရှိပါတယ်။ ဂျရက်ဒ်ဟာ ပြည်ပအစိုးရအဖွဲ့တွေနဲ့ ရင်းနှီးတာကြောင့် အမေရိကန်အစိုးရအဖွဲ့ရဲ့ အကြီးတန်းအရာရှိတွေကတော့ သူတို့စုံတွဲကို မနှစ်ခြိုက်ကြဘူးလို့လည်း သိရပါတယ်။

READ
အိမ်အပေါ်ထပ်မှာပဲဖောက်ပြန်နေတဲ့သတို့သားလောင်းကို လက်ပူးလက်ကြပ်မိခဲ့သူ

လင်းလင်း (ShweMom)

SHARE