အိန္ဒိယက တပ်ခ်ျမဟာနဲ့ဓာတ်ပုံရိုက်မိလို့ ကြေကွဲခဲ့ရတဲ့ အီဗန်ကာထရန့်

Twitter

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ သမီးဖြစ်သူ အီဗန်ကာ ထရန့်ကတော့ အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့တဲ့ အလည်အပတ် ခရီးစဉ်မှာ အိန္ဒိယရဲ့ နာမည်ကျော် တပ်ခ်ျမဟာ ရှေ့မှာ ဓာတ်ပုံရိုက်ခဲ့ပြီး အဲဒီဓာတ်ပုံကို သူမရဲ့ တွစ်တာအကောင့်မှာ တင်ခဲ့တာပါ။

အဲဒီမှာတင် အိန္ဒိယနိုင်ငံမှာနေထိုင်ကြတဲ့ အမျိုးသားတွေက အီဗန်ကာ ရဲ့ ဓာတ်ပုံကို သူတို့ရဲ့ ဓာတ်ပုံတွေနဲ့ ဖြတ်ညှပ်ကပ်လုပ်ပြီး ဆိုရှယ်မီဒီယာတွေမှာ ပြန်သုံးခဲ့ကြလို့ အီဗန်ကာတစ်ယောက် စိတ်ညစ်ခဲ့ရတာပါ။

အိန္ဒိယနိုင်ငံကို နှစ်ရက်ကြာ အလည်အပတ်ရောက်လာခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အိန္ဒိယခရီးစဉ်မှာ သူ့ရဲ့ဇနီးသည်၊ သမီးနဲ့ သားမက် တို့ပါ ပါလာခဲ့ကြတာပါ။

အဲဒီ ခရီးစဉ်မှာ ဒေါ်နယ်ထရန့်ရဲ့ သမီးဖြစ်တဲ့ အီဗန်ကာ လည်း နိုင်ငံခြားခရီးသွားတိုင်း ဓာတ်ပုံရိုက်လေ့ရှိတဲ့ တပ်ခ်ျမဟာအဆောက်အဦးရဲ့အရှေ့မှာ ဓာတ်ပုံရိုက်ခဲ့ပြီးနောက် သူမရဲ့ ပုံတွေဟာ အိန္ဒိယနိုင်ငံတွင်းမှာ ရယ်စရာကောင်းတဲ့ ဆိုရှယ်မီဒီယာ ပုံရိပ်တွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

အိန္ဒိယရဲ့နာမည်ကျော် အဆိုတော်-သရုပ်ဆောင် ဒိုဆန်ဂျေး အပါအ၀င် များပြားလှတဲ့ ဆိုရှယ်မီဒီယာ သုံးစွဲသူတွေက သူတို့ရဲ့ ပုံတွေကို ဖြတ်ညှပ်ကပ် လုပ်ပြီး အီဗန်ကာနဲ့ အတူ ထိုင်နေသယောင် ဖန်တီးခဲ့ကြလို့ အားလုံး ပွဲကျခဲ့ကြရတာပါ။

ကဲ….အီဗန်ကာ တစ်ယောက် ဘယ်လိုတောင် ခံစားလိုက်ရသလဲဆိုတာ အောက်က ပုံတွေကို ကြည့်ရင် သိနိုင်ပါတယ်နော်….။

Linn

SHARE