အိုင်ဗရီကို့ VS ဆီနီဂေါ ပွဲစဉ် တွင် ပွဲကြည့်ပရိတ်သတ်များကွင်းထဲဝင်ရောက်လာခဲ့၍ ပွဲဖျက်ခဲ့ရ

၂၇ရက် တင်္နလာနေ့က ချစ်ကြည်ရေးပွဲစဉ်အဖြစ်ကစားခဲ့တဲ့ အိုင်ဗရီကို့စ်နဲ့ ဆီနီဂေါအသင်းတို့ရဲ့ပွဲစဉ်မှာ ပွဲကြည့်ပရိတ်သတ်များ ကွင်းအတွင်းကို ၀င်ရောက်ခဲ့မှုကြောင့် ပွဲချိန်မပြည့်ခင်မှာပဲ ကစားသမားများဟာ ကွင်းကို စွန့်ခွာခဲ့ရပါတယ်။ဒီပွဲစဉ်ကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ လူ ၂ သောင်းဆန့် ချာလေတီ ကစားကွင်း(Charlety) မှာကစားခဲ့ကြတာ ဖြစ်ပြီး ပွဲကို မစွန့်ခွာကြခင် နှစ်ဖက်အသင်းဟာ ၁-၁ နဲ့ သရေကျနေဆဲ ဖြစ်ခဲ့ပါတယ်။ပွဲချိန် ၆၈ မိနစ်မှာ လီဗာပူလ်းကစားသမားဆာဒီယို မိန်းမှ ဆီနီဂေါ အသင်းအတွက် ပယ်နယ်တီ ဧရိယာမှ ဂိုးသွင်းယူခဲ့တာဖြစ်ပြီး အိုင်ဗရီကို့စ်မှ ဆိုင်ရီယစ် ဂိုဟီဘီက ၇၀ မိနစ်မှာ ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။

ဒီပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် နောက်ခံကစားသမား အီရစ်ဘိုင်လီနဲ့ ခရစ္စတယ်ပဲလေ့အသင်းတောင်ပံကစားသမား ၀ီဖရတ် ဇာဟာတို့လည်း ပါဝင်ကစားခဲ့ပါတယ်။ပွဲကြည့်ပရိတ်သတ်များဟာ အစပိုင်းမှာ စည်းရိုးတွေကို ချိုးဖျက်ခဲ့ကြပြီး ဘောလုံးကွင်းထဲကို ၀င်ရောက်ခဲ့ကြတာကို လုံခြုံရေးများကလည်း မတားဆီးနိုင်ခဲ့တဲ့ အတွက် ၈၈ မိနစ်မှာ ပွဲကို စွန့်ခွာခဲ့ကြရတာ ဖြစ်ပါတယ်။ပွဲကြည့်ပရိတ်သတ်ဟာ ကျောက်ခဲများ၊ပုလင်းခွံများ၊ဗျောက်အိုး များကို ပစ်ပေါက်ခဲ့ကြပြီး ရဲတပ်ဖွဲကလည်း ဆူပူအုံကြွသူများကို လူစုခွဲရန်အတွက် မျက်ရည်ယို ဗုံးများကို အသုံးပြုခဲ့ရတယ် လို့သိရပါတယ်။

READ
(၂၁-၄-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဒီပွဲစဉ်ဟာ နှစ်နိုင်ငံကစားခဲ့သမျှပွဲစဉ်တွေထဲမှာ စွန့်ခွာခဲ့ရတဲ့ ပထမဆုံးအကြိမ်ပွဲစဉ်တော့ မဟုတ်ဘဲ ၂၀၁၂ ခုနှစ်ကလည်း အာဖရိကနိုင်ငံများဖလားပွဲစဉ်မှာ တွေ့ဆုံခဲ့စဉ်ကလည်း ပရိတ်သတ်များကို မထိန်းနိုင်ခဲ့လို့ ပွဲကို စွန့်ခွာခဲ့ရပါသေးတယ်။

Shwemom

Ref : The Sun

SHARE