နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်တဲ့ Colombia နိုင်ငံသား J Balvin ကိုတော့ လူငယ်ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ J Balvin ရဲ့ သူ့ရဲ့ နာမည်ကြီး သီချင်းတွေဖြစ်တဲ့ Mi Gente , I Like It, Sigo Extranadote, Loco Contigo, X အစရှိတဲ့ နာမည်ကြီး သီချင်းတွေနဲ့ music awards ဆုပေါင်းများစွာ ရရှိခဲ့ဖူးတဲ့ အဆိုတော်တစ်ဦးဖြစ်သလို အနုပညာရှင်တော်တော်များများ collaboration လုပ်ချင်နေတဲ့ အဆိုတော်တစ်ယောက်ဆိုလည်း မမှားပါဘူး။ အခုလည်း J Balvin ဟာ အတိတ်ကာလတစ်ခုတုန်းက စိတ်ကျရောဂါကို အကြီးအကျယ်ခံစားခဲ့ရပြီး သူ့ကိုယ့်သူ လူသေတစ်ယောက်နဲ့ ထူးမခြားနား ခံစားခဲ့ဖူးရကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
J Balvin ဟာ အဆိုပါ အကြောင်းကို En La Sala with Becky G podcast အစီအစဉ်တစ်ခုမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ J Balvin ဟာ သူ့အနေနဲ့ ဒီဂီတလောကထဲကို ဝင်ရောက်ပြီး သိပ်မကြာခင်အချိန်မှာ ဒီလိုမျိုး စိတ်ကျရောဂါကို အကြီးအကျယ်ခံစားခဲ့ရတာ ဖြစ်ပါတယ်။
View this post on Instagram
အခုအချိန်အထိလည်း သူ့ရဲ့ စိတ်ဟာ သေသေချာချာ ထိန်းချုပ်ဖို့ ခက်ခဲနေကြောင်း၊ ဒါပေမယ့် စဖြစ်ကာစ အချိန်ထက်စာရင် တော်တော်လေးကို စိတ်တည်ငြိမ်သွားခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
View this post on Instagram
“အဲဒီအချိန်တုန်းက ကျွန်တော့်စိတ်က လုံးဝကို အဆုံးအစွန်ထိကို ပြုတ်ကျခဲ့တာပါ။ မနက်နိုးလာတိုင်း ငါမသေသေးပါလားဆိုတဲ့ စိတ်ကြီးနဲ့ နိုးနိုးထလာတတ်သလို ၁ ပတ်လောက် ဘာမှမလုပ်ပဲ အိပ်ရာထဲမှာပဲ လှဲပြီး သေမယ့် အချိန်ကို စောင့်နေခဲ့တာပါ။ အသက်ရှင်ချင်တဲ့ အကြောင်းပြချက်လည်းမရှိ၊ ဘာလုပ်လုပ် ဘာကိုင်ကိုင် ဘာမှကို အဓိပ္ပာယ် မရှိသလိုကို ခံစားခဲ့ရတာပါ။ အဆိုးဆုံးကတော့ ကျွန်တော့် စိတ်နဲ့ ခန္ဓာကိုယ်က လုံးဝကို မကပ်ပဲ လူက ရူးနေသလိုလိုကြီး ခံစားခဲ့ရတာပါ။ အဲဒီအချိန်ကစပြီး လူက တော်တော်လေးကြောက်သွားပြီး စိတ်ကျရောဂါနဲ့ ပတ်သတ်တဲ့ စာအုပ်တွေဖတ်၊ စိတ်ရောဂါ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ဆေးတွေဘာတွေသောက်ပြီး လူကောင်းလိုဖြစ်အောင် တော်တော်လေး ကြိုးစားခဲ့ရတာပါ။ အခုတော့ အရင်ကထက် ကျွန်တော့်စိတ်ကို အများကြီး ထိန်းချုပ်နေနိုင်ပါပြီ”လို့ J Balvin က ပြောကြားခဲ့ပါတယ်။
View this post on Instagram
Pyi Hein Kyaw