အဆိုတော် J Balvin ရဲ့ ကိုလံဘီယာနိုင်ငံက အေးချမ်းလှပလွန်းတဲ့ နေအိမ်ကြီး

Image:IG/archdigest

José Álvaro Osorio Balvín က တော့ ကိုလံဘီယာ အဆိုတော် တစ်ယောက်ပါ။သူ က တော့ Billboard Latin Music Awards ဆု ငါးဆု၊ Latin Grammy Awards  မှာ လေးဆု  ရခဲ့ဖူးပါတယ်။Latin ဂီတ ဘက်မှာ တော့ ဆရာကြီးပါ။အသက် ကတော့ (၃၅)နှစ် ပါ။ J Balvin ရဲ့ အရမ်းလှ တဲ့ အိမ် ကြီးနဲ့ Shwemom စာဖတ်သူတွေ ကို မိတ် ဆက် ပေးချင်ပါတယ်။ဒီအိမ်ကြီးရဲ့ အ ကြောင်းကိုတော့ people နဲ့ architecturaldigest တို့ မှာ ဖော်ပြ ထား တာပါ။အိမ် ဆိုရင် တော့ ဆိတ်ငြိမ် ပြီး အေးအေး ဆေးဆေး လေး နေရတာကို ကြိုက်တဲ့ သူတွေ အတွက် သေချာ ပေါက် အကြိုက် တွေ့ မယ့် အိမ်မျိုးပါ။

 

View this post on Instagram

 

Cover @archdigest

A post shared by J Balvin (@jbalvin) on

အိမ်ကြီး က တော့ သူ့ရဲ့ မွေးရပ် မြေ  ဖြစ်တဲ့ ကိုလံဘီယာ မှာရှိတာပါ။Medellín မြို့ နဲ့ Llanogrande  ကြား မှာ တည်ရှိတာပါ။မြို့ က နေ ဆိုရင် မိနစ် (၃၀) လောက် ဝေး ပါတယ်။အေးချမ်း ဆိတ် ငြိမ် တဲ့ နေရာမှာ ဆောက် ထားတာပါ။အိမ်ထဲမှာရှိတဲ့ အသုံး အဆောင် ပစ္စည်းတွေ က လည်း အရမ်းတွေ ပြိုးပျက် လင်းလက် နေတာ မျိုး မဟုတ်ပဲ တည်တည်ငြိမ်ငြိမ် ကာလာ ၊ပုံစံ မျိုးတွေကိုပဲ ရွေး ချယ်ထားတာကို တွေ့  ရပါတယ်။” အိမ် ဆိုတာ ဟိတ် ရော လူ ရော အေးဆေး နားနေလို့ ရမယ့် နေရာ မျိုး ဖြစ် သင့်တယ်လေ။ဒါ ကြောင့် ကျ တော့် စိတ် ကို အစာ ကျွေး ဖို့ ဒီလို နေရာ ကို ဖန်တီးလိုက်တာပါ..” ဆိုပြီး ပြောခဲ့ပါတယ်။အိမ် လေး ကလည်း စိမ်းလန်းတဲ့ ပတ်ဝန်း ကျင် အလယ်မှာ အေးဆေး ရှိ နေတဲ့ အိမ် လေးပါ။

Image:IG/archdigest
Image:IG/archdigest

သူ့ရဲ့ အိမ် ဒီဇိုင်းကိုတော့ Medellín အ ခြေစိုက် 5 Sólidos စတူဒီယို က နေ ဒီဇိုင်း ဖန်တီး ပေး ထားတာပါ။ အိမ် ရဲ့ ဗိသုကာ လက်ရာ၊အလှ ဆင်ထားပုံ၊ပစ္စည်းတွေ ကို အ သေးစိတ် နေရာ ချ ထားပုံ တွေ က အစ တော် တော် လေး မိုက်တာကို တော့ တွေ့ ရမှာပါ။5 Sólidos  ရဲ့ လူငယ် ဆန်ပြီး ဆန်းသစ်တဲ့ စိတ်ကူး လက်ရာ တွေကို ကြိုက် လို့ လက် တွဲ ဖြစ်တာ လို့ ပြော ခဲ့ပါတယ်။5 Sólidos မှ ၀န်ထမ်းတစ်ဦး ကတော့ Jose က သူဘာလို ချင် လဲ ဆိုတာကို ရှင်းရှင်း လင်းလင်း သိပြီး သူ နေချင် တဲ့ ပုံစံ မျိုး ကို သေချာ ပြောပြ ကြောင်း၊စာအုပ် စင် ၊အိပ်ယာ ခင်း၊တဘက်  က အစ အ သေးစိတ် သူဖြစ်ချင်တဲ့ ပုံမျိုးကို သေချာ ပြောပြတဲ့ လူမျိုး လို့ ပြော ခဲ့ပါတယ်။

 

View this post on Instagram

 

Bendiciones pa los tuyos y los míos !!

A post shared by J Balvin (@jbalvin) on

ဆိတ်ငြိမ် တဲ့ နေရာ မျိုးမှာရှိတာ မို့ ဆူညံ သံ တွေ နဲ့ လည်း ဝေးပြီး အေးဆေး အနား ယူ နိုင်ပါတယ်။ဆယ်လီ တွေ ရဲ့ အိမ် မှာဆိုရင် မပါမဖြစ်တဲ့ အရာက တော့ ရေကူးကန်ပါ။  J Balvin ရဲ့ အိမ် မှာလည်း အရမ်း လှ တဲ့ ရေကူး ကန် ကြီး ရှိပါတယ်။ဂိုဒေါင် စတိုင် တံခါး ပုံစံ က နေ သွားလိုက်ရင်တော့ ရေကူးကန် ကြီး ကို တွေ့ ရ မှာပါ။အိမ် ရဲ့  အတွင်း ဒီဇိုင်းတွေ ကို ကြည့်မယ်ဆိုရင် ဂျပန် စတိုင် အ ငွေ့ အသက် တွေ ပါ နေ တာကို တွေ့ ရမှာပါ။ သူကိုယ်တိုင် က အဲ့လို ပုံစံ မျိုးကို ကြိုက် လို့ ဂျပန် အိမ်အတွင်းဒီဇိုင်း မျိုး ဖန်တီး ခဲ့တာပါ။

 

View this post on Instagram

 

@jbalvin’s country retreat outside of Medellín is quietly nestled in an intoxicating jungle landscape. The team at design firm @5solidos completely gutted an existing house and then reimagined the structure as a serene, understated pavilion, where architectural elements such as blackened wood siding and shoji-like framed linen doors and screens point to the influence of Japanese aesthetics. Meanwhile, the warm, luminous planes of French oak that wrap the interiors, coupled with an array of pared-down modern furnishings, add a note of Scandinavian grace to the composition. “We designed these places as refuges for Jose, where he can simply relax or hang out with friends,” says 5 Sólidos partner Daniel Correa. “There is not a lot of visual noise.” . Take a tour of the home via the link in our profile. Photo by @anita_calero_arboleda; text by @mayer.rus

A post shared by Architectural Digest (@archdigest) on

အိမ် ကြီးရဲ့ ပတ် ချာ လည် မှာ တော့ တော အုပ်ကို တွေ့ရမှာပါ။Bonsai အပင် တွေ ကိုလည်း အိမ် အတွင်း ရော အပြင်မှာပါ တွေ့ နိုင်ပါတယ်။ဖိနပ် တွေ  သိမ်း ထားတဲ့ အခန်း ကလည်း သစ်သားတွေ နဲ့ ဖန်တီး ထားတာကို တွေ့ရမှာပါ။အိပ် ခန်း က တော့ မှာတော့ ဖန် တံ ခါး ပါရှိပြီး အပြင်ကို ထွက် လို့ ရပါတယ်။လှပတဲ့ အိမ် လေး မှာတော့ သဘာဝ အ ငွေ့ အသက်တွေ ဖုံးလွှမ်း နေပြီး နေ ချင်စရာ လေးပါ။

#SHWEMOM

 

READ
ရောက်တဲ့အရပ်တိုင်းမှာ ပရိသတ်ဝန်းရံခံရတဲ့ စိုင်းစိုင်း

SHARE