MCU ဇာတ်ကားတွေမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်နေတယ်ဆိုတဲ့ J.K.Simmons

[email protected] jksimmons1955

J.K.Simmons လို့ပြောလိုက်တာနဲ့ တော်တော်များများ မသိလောက်ပါဘူး။ ဒါပေမယ့် DC ကထုတ်လုပ်ခဲ့တဲ့ ပထမဦးဆုံး Spider Man ဇာတ်ကားတွေထဲက The Daily Bugle သတင်းစာတိုက်ပိုင်ရှင် J. Jonah Jameson ဆိုရင် လူတော်တော်များများ မှတ်မိကြမှာပါ။ နှုတ်ခမ်းမွေးကြီးနဲ့ အမြဲလိုလို ဆေးပြင်းလိပ်ကြီးခဲပြီး Spider Man ကို အသားလွတ်ကြီးမုန်းတီးနေတဲ့ Simmons ဟာ Spider Man ဇာတ်ကားတွေထဲမှာ လူအကြိုက်အများဆုံး ကဇာတ်ကောင်တစ်ကောင်ဆိုလည်း မမှားပါဘူး။ အခုလည်း မကြာသေးခင်အချိန်က Simmons ဟာ Marvel ရဲ့ ဇာတ်လမ်းတွေမှာ သူ့အနေနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ချင်ကြောင်း ဖွင့်ပြောခဲ့တယ်လို့ Screen Rant သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

J. K. Simmons in Spider-Man (2002)

A post shared by J. K. Simmons (@jksimmons1955) on

MCU ရဲ့ အမာခံ ပရိသတ်တွေကတော့ သတိထားမိပါလိမ့်မယ်။ Spider-Man: Far From Home ရဲ့ နောက်ဆုံးဇာတ်သိမ်းခါနီးအချိန်မှာ Simmons ကြီးတစ်ယောက် ပေါ်လာခဲ့ပါသေးတယ်။ New York မြို့ လမ်းမကြီးတစ်ခုရဲ့ Billboard မှာ ဗီလိန် Mystero က မသေခင်အချိန်လေးမှာ ဗီဒီယိုရိုက်ခဲ့ပြီး Spider-Man က သူ့ကိုသတ်တော့မှာဖြစ်ကြောင်း၊ Spider-Man ဆိုတာ ပီတာပါကာဖြစ်ကြောင်း ဗီဒီယိုထဲမှာ ပြောကြားခဲ့ပြီး အဆိုပါဗီဒီယိုကို Simmons ထံပို့ပေးပြီး ဖွချခဲ့တာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Spider-Man ဇာတ်ကားမှန်ရင် သူပါမှကို ပြည့်စုံတဲ့ အနေအထားပါပဲ။ ဒါကိုလည်း Marvel က သိတဲ့အတွက်ကြောင့် နောက်ဆုံးအခန်းမှာမှ Simmons ကို ထည့်သွင်းရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

READ
Fan တွေ သတိပြုမိလိုက်တဲ့ Kang Daniel ရဲ့ ထူးဆန်းတဲ့ အကျင့်တစ်ခု..

“လက်ရှိမှာတော့ ကျွန်တော့်ကို နောက်ရိုက်ကူးမယ့် Spider-Man ဇာတ်ကားတွေမှာ J. Jonah Jameson အဖြစ်ပါဝင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ ကျွန်တော်ကတော့ အမှန်တစ်ကယ်ပြောရရင် Marvel က ဇာတ်ကားတွေရဲ့ တစ်ထောင့်တစ်နေရာမှာ ပါဝင်သရုပ်ဆောင်ချင်ပါတယ်။ လက်ရှိမှာတော့ ကျွန်တော့်အနေနဲ့ တရားဝင်ပြောခွင့်မရှိသေးပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်တောင် မသိရသေးလို့ပါပဲ။ ကျွန်တော် သိရတာနဲ့ ချက်ချင်းပြောပေးမှာပါ”လို့ Simmons က ပြောကြားခဲ့ပါတယ်။

 

 

View this post on Instagram

 

J. K. Simmons, 61, in 2016

A post shared by J. K. Simmons (@jksimmons1955) on

Pyi Hein Kyaw

SHARE