ဝန်ကြီးချုပ် Jacinda Ardern Live အင်တာဗျူး လုပ်နေတုန်း ငလျင်လှုပ်ခတ်မှု ဖြစ်ပွား

Image:twitter/Peter Martinez

နယူးဇီလန်မှာတော့ မေလ (၂၅)ရက်နေ့ မနက် အ စော ပိုင်းက  ဒေသစံ တော်ချိန် မနက် (၈)နာရီ က အင်အား (၅.၆) အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ် ခဲ့ပါတယ်။ငလျင် ကတော့ နယူးဇီလန်နိုင်ငံ မြို့ တော် Wellington ရဲ့ မြောက် ပိုင်း (၉၀)ကီလိုမီတာ အကွာ ၊ Levin အနီး မြေ အောက် အနက် (၅၂)ကီလိုမီတာ ကို ဗဟိုပြု လှုပ်ခတ် ခဲ့တာပါ။ငလျင် လှုပ်ခတ် နေချိန်မှာတော့ ၀န်ကြီး ချုပ် Jacinda Ardern တစ်ယောက် Live အင်တာဗျူး လုပ်နေ ချိန်ပါ။TV မှာ Live အင်တာဗျူး  ဖြေ နေတဲ့ အချိန်မှာပဲ လှုပ်ခတ် ခဲ့တာပါ။ဒီ အကြောင်းကိုတော့ SCMP မှာ ဖော်ပြ ခဲ့တာပါ။

View this post on Instagram

First trip out of Wellington in a very long time, and it was to visit WelTec. The perfect opportunity to talk with students and tutors about our announcement yesterday on trades and vocational training. As part of our COVID recovery plan, we’re making apprenticeships and vocational training in areas we have shortages (think building and construction, manufacturing, care work, community health and counselling) absolutely free! It’s one of the many ways we can invest in skills and education, and is part of a much bigger package of recovery initiatives. I’ll update you on a few others over the next couple of days (all of which have made the Minister of Education much happier than this photo makes him look!)

A post shared by Jacinda Ardern (@jacindaardern) on

ငလျင် ကြောင့် ထိခိုက် ပျက်စီးမှု နဲ့ နဲ့ ပတ်သက်တဲ့ သတင်းတွေ တော့ မရှိ သေးဘူး လို့ နယူးဇီလန် ရဲတပ် ဖွဲ့က ဆို ပါတယ်။ဆူနာရီ သတိပေးချက် ထုတ်ပြန်တာမျိုးလည်း မရှိခဲ့ပါဘူး။ဒါပေမယ့် မြို့ တော် Wellington မှာ တော့ လှုပ် ခတ် မှုကို သိသိသာသာ ခံစားခဲ့ရပါတယ်။ ပါလီ မန်ရဲ့ Beehive အ ဆောက်အအုံ က နေ TV အင်တာဗျူး ဖြေ နေ တဲ့ အချိန်မှာပဲ လှုပ်ခတ်မှုကို ခံစားလိုက်ရလို့ ၀န်ကြီးချုပ် က ဘေး ပတ်ဝန်းကျင်ကို ဝေ့ ကြည့် ခဲ့ပါတယ်။” ကျ မ တို့ ဒီမှာ ငလျင်လှုပ်သွားတယ်..” ဆိုပြီး Ardern က AM Show presenter Ryan Bridge ကို ပြောခဲ့ပါတယ်။” ဒီမှာ ငလျင် လှုပ်သွားတယ်။ကျမ နောက်က အရာ တွေ လှုပ်သွားတယ် ။ရပ်သွားပြီ။” ဆိုပြီး အပြုံး နဲ့ ပြော ခဲ့ပြီး သူမရဲ့ အင်တာ ဗျူး ကို ဟန်မပျက် ဆက်လုပ် ခဲ့ပါတယ်။

 နယူးဇီလန်က တော့ ပစိဖိတ်ချိုင့်ဝှမ်း “Ring of Fire” မှာ တည်ရှိတာပါ။တစ်နှစ်ကို ငလျင် လှုပ်ခတ် မှု အကြိမ် ရေ (15,000 ) ကျော် လောက် ရှိပါတယ်။အဲ့ဒီအထဲကမှ တစ်ရာနဲ့ တစ်ရာ့ငါးဆယ် လောက်က တော့ ပြင်းထန် ပါတယ်။(၂၀၁၁)တုန်းက နယူးဇီလန် Christchurch မြို့မှာ လှုပ်ခတ် တဲ့ ပြင်းအား (၆.၃) အဆင့်ရှိတဲ့ င လျင် ကြောင့် လူ (၁၈၅) ဦး သေဆုံး ခဲ့ပါတယ်။(၂၀၁၆)မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဆိုရင်တော့ (၇.၈) အဆင့်ရှိပြီး သမိုင်း တစ် လျောက်မှာ အပြင်းထန် ဆုံး င လျင်တွေ ပါ။
နယူးဇီလန် ရဲ့ GeoNetက နေ တရားဝင် ထုတ် ပြန်ချက်အရ (၂၅) ရက်နေ့က လှုပ်ခတ်တဲ့ ငလျင်ဟာ ပြင်းအား (၅.၈)အဆင့်ရှိပြီး နောက်ဆက်တွဲ ငလျင်ငယ် (၄၀) လောက် ရှိတယ်လို့  ဆိုပါတယ်။ငလျင်လှုပ်ခတ်မှုကို ခံစား လိုက်ရတဲ့ တွစ်တာ အသုံးပြု သူတွေ ကတော့ Wellington  မှာ ငလျင် လှုပ် သွားတယ်၊နည်းနည်းကြာတယ်၊Wairarapa မှာ ငလျင်လှုပ်သွားတယ်။အားလုံး အဆင် ပြေ ကြပါစေ .. ဆိုပြီး  တွစ်တာ ပေါ်မှာ ရေးတင်ခဲ့ ကြပါတယ်။
#SHWEMOM
SHARE