သရုပ်ဆောင်လောကမှ အနားယူဖို့ စဉ်းစားနေကြာင်း ဖွင့်ဟလာတဲ့ Jack Black

Twitter/JackBlack

ဒီကနေ့ ရုပ်ရှင်သတင်းတွေအကြားမှာ Hot ဖြစ်သွားတဲ့ သတင်းတစ်ပုဒ်ကတော့ အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ Jack Black ဟာ သရုပ်ဆောင်လောက ကနေ အနားယူတော့မယ်လို့ ပြောဆိုလိုက်တဲ့ သတင်းပါပဲ။

Balance မီဒီယာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အခုလို ပြောခဲ့တာပါ။ အခု သိပ်မကြာခင်ရုံတင်ပြသတော့မယ့် Jumanji: The Next Level ရုပ်ရှင်ကားဟာ သူ့ရဲ့ နောက်ဆုံး ရုပ်ရှင်ကားဖြစ်လာနိုင်ချေရှိတယ်လို့ ဆိုခဲ့ပါတယ်။ Jack Black ဟာ ရုပ်ရှင်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပြီး School of Rock၊ Gulliver’s Travels ၊ Year One အစရှိတဲ့ ရုပ်ရှင်ကားတွေနဲ့ နာမည်ရလာခဲ့သူတစ်ယောက်ပါ။ ဟာသကားအများဆုံး ရိုက်ကူးခဲ့ပေမယ့် တကယ့် ဒရမ်မာရုပ်ရှင်ကားပေါင်းများစွာမှာလည်း သရုပ်ဆောင်ခဲ့သူတစ်ယောက်ပါ။ လူကြိုက်များတဲ့ အန်နီမေးရှင်း ရုပ်ရှင်ဖြစ်တဲ့ ကွန်ဖူးပန်ဒါရုပ်ရှင်မှာလည်း Jack Black ဟာ ပန်ဒါ Po အဖြစ် အသံသရုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

Imdb/Jumaji

သူ ဒီလို သရုပ်ဆောင်အလုပ်က အနားယူဖို့အတွက် စဉ်းစားနေတာကြာပြီဖြစ်တယ်တဲ့အကြောင်းကို အခုလိုပဲ ပြောဆိုခဲ့ပါတယ်။

“ကျနော် ခပ်စောစော အငြိမ်းစားယူလိုက်တာ၊ အနားယူလိုက်တာတွေကို သဘောကျတဲ့ လူတစ်ယောက်ပါ။ ကျနော် အခု ရုပ်ရှင်က ကျနော့်အတွက် နောက်ဆုံးရုပ်ရှင်ကားဖြစ်သွားနိုင်တယ်လို့ ကျနော် အစောကြီးကတည်းက ပြောခဲ့ပြီးပါပြီ။ တကယ်နောက်ဆုံးရုပ်ရှင်လားဆိုတာကို သိရမှာပါ။ နောက်တစ်ကား ရိုက်ဖြစ်ဖို့ကလည်း ဖြစ်ကောင်းဖြစ်နိုင်တုန်းပါပဲ။ ကျနော် နောက်ဘာဆက်လုပ်မလဲဆိုတာကိုတော့ အခုအချိန်မှာ ပြောဖို့ အရမ်းစောနေသေးလို့ မပြောနိုင်သေးပါဘူး”လို့ ဆိုခဲ့တာပါ။

Instagram/JackBlack

 Jack Black ဟာ အောင်မြင်တဲ့ ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်သလို တစ်ဖက်မှာလည်း အဆိုတော်တစ်ယောက်၊ ဂစ်တာဆရာတစ်ယောက်လည်းဖြစ်နေပါတယ်။

Imdb/Goosebump

သူ ဒီလို ငွေရောင်ပိတ်ကားတွေပေါ်ကနေ ကွယ်ပျောက်သွားချင်တဲ့ အဓိကအကြောင်းအရင်းနောက်တစ်ခုကတော့ သူ့ရဲ့ မိသားစုပါ။ ရုပ်ရှင်ရိုက်ကူးရေးတွေကြောင့် သူ့ရဲ့ မိသားစုကိုပစ်ပယ်ထားသလိုဖြစ်နေတဲ့အကြောင်း၊ အိမ်နဲ့ အဝေးကြီးတစ်နေရာမှာ အချိန်တွေ အကြာကြီးနေနေရတယ်ဆိုတဲ့ အကြောင်းတွေကိုပါ ဖြေကြားခဲ့တာပါ။

သူ ရုပ်ရှင်ကားကြီးတွေ ဆက်မရိုက်ဖြစ်လောက်တော့ပေမယ့် တီဗွီရှိုးတွေမှာလည်း အလုပ်လုပ်ဖြစ်နိုင်သေးကြောင်းကိုပါ ပြောဆိုခဲ့ပါတယ်။

Ye Yint Kyaw

SHARE