ပရိသတ်တွေကြား အထူးရေပန်းစားနေတဲ့ ဟာသမင်းသားကြီး Jack Black ရဲ့ WAP အက

[email protected] jackblack

Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီး ဟာသမင်းသားကြီး Jack Black ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ School of Rock, Jukmanji, Gulliver’s Travels, The Big Year အစရှိတဲ့ နာမည်ကြီးဇာတ်ကားတွေနဲ့ လူသိများခဲ့တဲ့ Jack ဟာ ရုပ်ရှင်သရုပ်ဆောင် အနုပညာမှာ ပီပြင်လွန်းရုံသာမက တစ်ကယ့်ကို သဘာဝကျလွန်းတဲ့ ဟာသမင်းသားကြီး တစ်ဦးလည်း ဖြစ်ပါတယ်။ အခုလည်း Jack တစ်ယောက် WAP အက ကထားတဲ့ Tiktok ဗီဒီယိုတစ်ခုဟာ ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေးကို နာမည်ကြီးပြီး လူကြိုက်များနေကြောင်း nypost သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

WAP အကဆိုတာကတော့ Cardi B နဲ့ Megan Thee Stall တို့ collaboration လုပ်ပြီး ထွက်ရှိထားတဲ့ WAP အမည်ရ MTV ထဲက ကကွက်ပဲ ဖြစ်ပါတယ်။ အဆိုပါ ကကွက်ဟာ မိန်းကလေးကရင် တော်တော်လေးကို ကြည့်လို့ကောင်းပြီး sexy ဖြစ်လွန်းပါတယ်။ ဒါပေမယ့် ဒီလိုမျိုးကကွက်ကို Jack တစ်ယောက်ကတဲ့ အချိန်မှာတော့ sexy မကျပေမယ့် တော်တော်လေးကို ချစ်ဖို့ကောင်းလွန်းနေပါတယ်။

READ
ပေါက်ပေါက်ရှာရှာ ထွင်တတ်သူတွေရဲ့ ကမ္ဘာပေါ်က အထူးဆန်းဆုံး စားသောက်ဆိုင် ဒီဇိုင်းများ

 

@jackblackChallenge accepted♬ WAP(feat. Megan Thee Stallion) – Cardi B

အပေါ်က ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း Jack ဟာ သူ့ရဲ့ ခြံထဲက ရေပိုက်အောက်မှာ WAP အကကို ရှယ်ကို ကပြနေတာပဲ ဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ ကြည့်ရှု့သူ ၂၃ သန်းကျော်ရှိခဲ့ပြီး တော်တော်လေးကို လူကြိုက်များတဲ့ ဗီဒီယိုဖိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေကလည်း Jack ရဲ့ WAP အကဟာ တော်တော်လေးကို ကြည့်လို့ကောင်းကြောင်း၊ ဘယ်အချိန်ကြည့်ကြည့် မရိုးပဲနဲ့ တော်တော်ရယ်ဖို့ကောင်းကြောင်း၊ သူ့ရဲ့ ကပုံဟာ WAP အကကတဲ့လူတွေထဲမှာမှ ကြည့်လို့အကောင်းဆုံးဖြစ်ကြောင်း အစရှိသဖြင့် comment တွေ ပေးခဲ့ကြပါတယ်။ Jack ဟာ COVID 19 ကာလအတွင်း အိမ်မှာပဲနေပြီး ကကွက်အဆန်းတွေနဲ့ ပရိသတ်တွေကို Tiktok ကနေ အမြဲလိုလို ဖျော်ဖြေနေတဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။

READ
လူအများစိတ်ဝင်စားခြင်းခံနေရတဲ့ Ed Sheeran ကိုယ်ရံတော်ရဲ့အကောင့်

 

@jackblackQuarantine Dance ##reallifeathome ##distancedance ##happyathome ##boredathome ✂️ @taylor♬ original sound – Jack Black

 

@jackblack5 nites♬ original sound – Jack Black

Pyi Hein Kyaw

SHARE