လက်ဝှေ့အကျော် မေ၀ဲသာလ်ကို စိန်ခေါ်လိုက်တဲ့ အလီဘာဘာရဲ့ ဂျက်မား

instagram/floydmayweather, twitter/MannyPacquiao

Manny Pacquiao ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ လက်ဝှေ့ကျော်တစ်ယောက်လည်း ဖြစ်သလို လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်ပါတယ်။ Manny Pacquiao ဟာ (၂၀၁၅) ခုနှစ်မှာ အမေရိကန်လက်ဝှေ့အကျော်အမော်တစ်ဦးဖြစ်တဲ့ Floyd Mayweather နဲ့ ရင်ဆိုင်ထိုးသတ်ခဲ့ပြီး Mayweather ကို အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ Pacquiao ဟာ အလီဘာဘာကုမ္ပဏီရဲ့ တည်ထောင်သူလည်းဖြစ်၊ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးလူလည်းဖြစ်တဲ့ Jack Ma ကို လက်ဝှေ့ လေ့ကျင့်ပေးနေတဲ့ပုံတွေဟာ လိုင်းပေါ် တက်လာတာကို insider သတင်းဌာနမှာ တွေ့ရှိရပါတယ်။

တွစ်တာပေါ်တက်လာတဲ့ ဗီဒီယိုတစ်ခုထဲမှာတော့ Jack Ma ဟာ Pacquiao နဲ့ လက်ဝှေ့ထိုးကျင့်နေခဲ့တာပါ။  ဗီဒီိယိုအဆုံးပိုင်းနားလောက်အရောက်မှာတော့  Mayweather ကို နာမည်နဲ့တပ်ခေါ်ပြီး ဘယ်အချိန်ပဲဖြစ်ဖြစ်၊ ဘယ်နေရာပဲဖြစ်ဖြစ် ယှဉ်ပြိုင်ချဖို့ အသင့်ဖြစ်နေပြီလို့ ဂျက်မားက စိန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

READ
သမ္မတယာဉ်တန်းကိုရပ်တန့်ကာ လူနာတင်ယာဉ်ကိုဦးစားပေးခဲ့တဲ့ယာဉ်ထိန်းရဲကြီး

 

Pacquiao ကတော့ Mayweather ကို တကယ်လို့ အမှန်အကန်ချချင်တယ်ဆိုရင် သူနဲ့ဖိုက်၊ အလှပြရုံသက်သက်ချမယ်ဆိုရင်တော့ သူ့သူငယ်ချင်း Jack Ma နဲ့ဖိုက်ဆိုပြီး ဗီဒီယိုထဲမှာ ပြောဆိုခဲ့တာပါ။ Jack Ma ကလည်း လေထဲကို တစ်ချက်နှစ်ချက်လောက် လက်သီးနဲ့ ထိုးသွင်းပြခဲ့ပြီး ဟုတ်တယ် ကျွန်တော်ကတော့ အဆင်သင့်ပါ။ အချိန်မရွေး၊နေရာမရွေး Manny ရဲ့ အဖွဲ့က အဆင်သင့်ပါပဲလို့ ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

Pacquiao နဲ့ Jack Ma တို့ပူးပေါင်းပြီး ဖွဲ့ထားတဲ့အဖွဲ့ကိုတော့ The real Manny team ဆိုပြီး အမည်ပေးထားပြီး Mayweather ကိုတော့ The Money Team ဆိုပြီး ခေါ်ကြပါတယ်။ Jack Ma ဟာ ပြီးခဲ့တဲ့ လပိုင်းတုန်းကမှ အလီဘာဘာ ကုမ္ပဏီကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။ Jack Ma ဟာ အလုပ်ကနေ အနားယူပြီးပြီးချင်း May Wealther ကို စိန်ခေါ်ခဲ့တာက တမင်တသက်သက် မော်ကြွားရန်စလိုတဲ့သဘောနဲ့ ပြောဆိုခဲ့တာတော့ မဟုတ်ပါဘူး။ သူကိုယ်တိုင်ဟာ (၂၀၁၇) ခုနှစ်ကတည်းက ကွန်ဖူးပညာကို လေ့လာလိုက်စားခဲ့သူ ဖြစ်ပါတယ်။ Jet Li ရိုက်ကူးထုတ်လုပ်ထားတဲ့ ကွန်ဖူးဇာတ်ကား Gong Shou Dao ထဲမှာလည်း Jack Ma ဟာ ပါဝင်သရုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

READ
မိုးလေဝသကြေငြာသူဖြစ်ချင်တဲ့ အမျိုးသမီးရဲ့ကိုယ်တိုင်ရိုက် ဗီဒီယိုကြောင့် Fan များရာချီလာခဲ့

လင်းလင်း (ShweMom)

SHARE