တရုတ်နာမည်ကြီး အမျိုးသမီးအဆိုတော် နဲ့ စုံတွဲသီချင်းဆိုပြီး Live လွှင့်ခဲ့တဲ့ ဂျက်မား

[email protected]【中国Now】马云王菲云唱K,马云的高音简直不要太稳 | ジャックマーとフェイウォンがオンラインカラオケ!| The Online karaoke of Faye Wong and Jack

တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးကြီးတစ်ဦးဖြစ်တဲ့ Alibaba လုပ်ငန်းစုကြီးကို တည်ထောင်သူ ဂျက်မားကိုတော့ တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လက်ရှိအချိန်မှာတော့ Alibaba လုပ်ငန်းရဲ့ executive chairman ကနေ တရားဝင် အနားယူခဲ့ပြီဖြစ်တဲ့ ဂျက်မားဟာ မကြာသေးခင်အချိန်ကပဲ ဆိုရှယ်မီဒီယာမှာ ပြန်ပေါ်လာခဲ့ပြီး လူတစ်ချို့ရဲ့ ဝေဖန်ခြင်းကိုတောင် ခံခဲ့ရပါတယ်။ အဲဒီလို ဝေဖန်ခံခဲ့ရတယ်ဆိုတာကလည်း တရုတ်ရဲ့ နာမည်ကြီး အမျိုးသမီး အဆိုတော်ဖြစ်သူ Faye Wong နဲ့ live stream တစ်ခုမှာ အတူတူ သီချင်းဆိုခဲ့လို့ပဲဖြစ်ကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

❤️❤️ #fayewong #faye #lunarnewyear #2018 #菲 #王菲 #singer #sing #singing #beautiful

A post shared by Faye Wong (@faye_forever) on

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၈.၉.၂၀၂၀)ညတုန်းက Faye Wong ထုတ်လွှင့်တဲ့ သီချင်းဆိုပြတဲ့ အစီအစဉ် live stream တစ်ခုမှာ ဂျက်မားဟာ special guest တစ်ယောက်အနေနဲ့ ရုတ်တရက် ပေါ်ထွက်လာတဲ့အတွက် Faye Wong ရဲ့ ပရိသတ်တော်တော်များများဟာ အံ့သြသင့်ခဲ့ကြသလို တစ်ချို့ပရိသတ်တွေကတော့ ဒေါသတွေထွက်ပြီး ဂျက်မားဒီအစီအစဉ်ထဲမှာ ပါဝင်လာတာကို အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။

READ
ကင်ဂျုံအမ်ရဲ့လုပ်ရပ်ဟာ အလွန်ဆိုးဝါးကြောင်း အမေရိကန်သမ္မတ မှတ်ချက်ပြု

အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Faye Wong ဟာ ဒီနေ့ဒီအချိန်အထိကို အသံကောင်းကောင်းနဲ့ သီချင်းတွေ ဆိုနိုင်သေးတဲ့ အသံပါရမီရှင်တစ်ဦးဖြစ်သလို အနောက်နိုင်ငံတွေအထိပါ ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။

ဂျက်မားတစ်ယောက် Faye Wong ရဲ့ live stream မှာ ပါဝင်ခဲ့ပြီးနောက် ဂျက်မားနဲ့ Faye Wong တို့ဟာ If the Cloud knows လို့ အမည်ရတဲ့ သီချင်းတစ်ပုဒ်ကို စုံတွဲသီဆိုခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ Live stream ကို ကြည့်ရှု့နေတဲ့ ပရိသတ်တော်တော်များများဟာ ဂျက်မားပါဝင်လာတာကို ဝေဖန်ခဲ့ပြီး တစ်ချို့ပရိသတ်တွေဆိုရင် Live stream ကို ဆက်တောင် မကြည့်တော့ပဲ ပိတ်ပစ်ခဲ့ကြောင်း သိရပါတယ်။ ဂျက်မားဟာ သီချင်းဆိုတာကို ဝါသနာပါတဲ့ လူတစ်ယောက်ဖြစ်သလို မကြာခဏ Alibaba   ကုမ္ပဏီရဲ့ နှစ်ပတ်လည်ပွဲတွေမှာ သီချင်းတက်ဆိုလိုက်၊ တစ်ယောက်တည်းတက်ကလိုက်နဲ့ လုပ်ချင်ရာလုပ်တတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။

READ
Plus Sizeမော်ဒယ်၏ဓာတ်ပုံများကိုကြော်ငြာတွင်မသုံးဖို့ Facebookမှတားမြစ်ခဲ့

Pyi Hein Kyaw

SHARE