တစ်နေ့ကို ဒေါ်လာ ၂,၉၀၀ ဝင်နေပြီဖြစ်တဲ့ ၁၆ နှစ်သားစွန့်ဦးတီထွင်လုပ်ငန်းရှင်လေး

၁၂ နှစ်ဆိုတဲ့အရွယ်ဟာ ဘယ်နိုင်ငံမှာမဆို ပျမ်းမျှချင်းကြည့်မယ်ဆိုရင် ကျောင်းသွားမယ်၊ ဂိမ်းဆော့မယ်၊ အစာစားမယ်၊ စူးစမ်းလေ့လာမယ် ဆိုတဲ့ လုပ်ငန်းစဉ်တွေလောက်ကိုပဲ သူတို့ရဲ့အချိန်တွေကို ကုန်ဆုံးစေခဲ့တာပါ။ သြစတေးလျမှ Jack Bloomfield ဆိုတဲ့ ချာတိတ်လေးကတော့ ကျောင်းတက်ရင်း စီးပွားရေးလုပ်ငန်းတစ်ခု စတင်ထူထောင်ကာ စီမံခန့်ခွဲရင်း တိုးတက်အောင်လုပ်ဖို့အတွက် ဆော့မယ့်အချိန်တွေကို ခွဲဝေနေခဲ့ပါတယ်။ စစလုပ်ခဲ့တဲ့ စီးပွားရေးကတော့ delivery service လို ဝန်ဆောင်မှုမျိုးပါ။

Instagram

အသက် ၁၄ နှစ်မှာတော့ သူ့အမေနဲ့အတူ ဆေးခန်းကို အဖော်လိုက်ပေးတုန်း ရုတ်တရက် အကြံတစ်ခု ထပ်ရခဲ့ပါတယ်။ အဲဒါကတော့ ဆရာဝန်နဲ့ လူနာတွေကြား အရမ်းအသုံးဝင်စေမယ့် platform တစ်ခုကို ထွင်လိုက်ခြင်းပါ။ ဆေးရုံဆေးခန်းတွေမှာက ဘယ်လူနာက ဘယ်အချိန်တုန်းကဘာဖြစ်တယ်၊ ဘာနဲ့မတည့်ဘူးစသည်ဖြင့် စနစ်တကျ မှတ်တမ်းတင်ထားတာ အရမ်းကို ရှားပါတယ်။ ဒီအပြင် ဆေးရုံဆေးခန်း ပြောင်းပြခဲ့ရင်တောင် အကုန်လုံးအစကနေ ပြန်စစ်၊ ပြန်ပြောနေရလို့ အချိန်ကုန်၊ ပိုက်ဆံကုန်စေပါတယ်။ ဒါကြောင့် လူနာတွေရဲ့ မှတ်တမ်းကို တစ်နေရာထဲမှာ စနစ်တကျဖော်ပြပေးဖို့အတွက် ဒီ app တစ်ခုကို ဖန်တီးခဲ့တာပါ။ လူနာတွေ အသုံးပြုချင်ရင်တော့ အခပေးပြီး register လုပ်ကြပါတယ်တဲ့။

READ
အိမ်ခြေမဲ့အမျိုးသားကို ဖမ်းရမယ့်အစား အံ့သြဖွယ် တုံ့ပြန်ခဲ့တဲ့ ရဲသားတစ်ဦး
Instagram

အသက် ၁၅ နှစ်ရောက်တဲ့အချိန်မှာတော့ အဲဒီလုပ်ငန်းအသေးလေးတွေကနေ တစ်ဆင့်တက်ကာ e-commerce website တစ်ခုကို စ run ခဲ့ပါတယ်။ ကမ္ဘာအနှံ့ကရောင်းသူနဲ့ဝယ်သူကြား ချိတ်ဆက်ပေးရင်း ကြားထဲကဝန်ဆောင်မှုခကို အမြတ်ထုတ်နေခဲ့ပါတယ်။ အဲဒီလုပ်ငန်းကနေ တစ်နေ့ကို ဒေါ်လာ ၃၀၀၀ လောက်အမြတ်နေခဲ့ပါတယ်။

Instagram

နောက်မှာမှ Bloom Ventures ဆိုတဲ့ ကြော်ငြာအေဂျင်စီတစ်ခုကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ Bloom Ventures ဟာ အခုမှစလုပ်မယ့် လုပ်ငန်းလေးတွေကို စနစ်ကျအောင်ကူညီပေးခြင်း၊ brand ကို လမ်းကြောင်းတစ်ခုပေါ်ရောက်အောင် ဖောက်ပြေးခင်း၊ idea နဲ့ပတ်သက်တာတွေကို ဆွေးနွေးပေးခြင်း၊ ကြော်ငြာဏ္ဍနဲ့ ရင်းနှီးမြှုပ်နှံမှုတို့ကို ပြုလုပ်ပေးနေတဲ့ ဝန်ဆောင်မှုကုမ္ပဏီတစ်ခုပါ။

အသက် ၁၆ နှစ်မှာတော့ ဒေါ်လာ သန်းနဲ့ချီဝင်နေတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးအဖြစ် ကမ္ဘာမှ အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။ မိဘတွေကလည်း ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူတွေမို့လို့ Jack ရဲ့ တချို့အခက်အခဲတွေကို ကူညီအကြံပေးခဲ့ကြပါတယ်။

READ
ရောဂါသည်သားလေးကို ပင့်ကူလူသားအသွင်ပြောင်းပြီး နှစ်သိမ့်ပေးနေတဲ့ ဖခင်ရဲ့မေတ္တာ
Instagram

ဆယ်ကျော်သက်အရွယ်မှာ စီးပွားရေးလုပ်ငန်းလုပ်တယ်ဆိုတာ ထင်သလောက်တော့ မလွယ်ကူခဲ့ပါဘူး။ ကျောင်းစာဘက်တွေမှာ ထိခိုက်မှုတွေရှိခဲ့ပြီး နည်းပညာပိုင်းမှာသာ ကျွမ်းကျင်ပေမယ့် စီးပွားရေးလုပ်ငန်းအပိုင်းကဏ္ဍတွေမှာ အတွေ့အကြုံသိပ်မရှိတဲ့အတွက် ခေါင်းခဲရပါတယ်လို့ Jack က ရင်ဖွင့်ခဲ့ပါတယ်။

အခုအချိန်မှာတော့ ဆယ်ကျော်သက်တွေအတွက် ခွန်အားပေးပြီး ဦးဆောင်ကာ လမ်းညွှန်ပေးမယ့် ဟောပြောပွဲတွေမှာ လိုက်လံဆွေးနွေးပေးနေပါတယ်။ အခုအချိန်မှာတော့ ကျောင်းတက်ရင်း တစ်ဖက်နဲ့ လည်ပတ်နေရတဲ့ သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေ အားလုံးပေါင်းဟာ  ပျမ်းမျှတစ်ရက်တည်းမှာတင် ဒေါ်လာ ၂,၉၀၀ ဝင်ငွေရှိနေပါပြီ။

Instagram

Source: Entrepreneur, 10 Daily, Jack Bloomfield, News AU

Penny

 

 

SHARE