Rush Hour အသစ်လာဖို့ရှိကြောင်း သဲလွန်စပေးခဲ့တဲ့ ခရစ်တက်ကာနဲ့ ဂျက်ကီချန်း

ခရစ် တက်ကာဟာ ဂျက်ကီ ချန်းနဲ့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို အင်စတာဂရမ်မှာ လတ်တလောလေးကပဲ တင်ခဲ့ပါတယ်။ အဲ့ဒီပုံမှာတော့ သူတို့နှစ်ယောက်ဟာ လက်လေးချောင်းထောင်ပြီး သူတို့နှစ်ယောက်ရဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်လမ်းတွဲ Rush Hour အသစ် လာဖို့ရှိနေတယ်ဆိုတာကို သဲလွန်စပေးသလို ပိုစ့်ဆင်တူ ပေးခဲ့တာကို တွေ့ရပါတယ်။

hypebeast

နောက်ဆုံး Rush Hour 3 မှာ သူတို့ အတွဲကိုတွေ့ခဲ့ရတာ အခုဆို (၁၂) နှစ်တောင်ရှိသွားခဲ့ပါပြီ။ လေးကားမြောက်ရုပ်ရှင်ရိုက်ကူးမှုအတွက် ပြောသံဆိုသံတွေရှိခဲ့ပေမယ့် ထုတ်လုပ်ရေးပိုင်းမှာ ကြန့်ကြနေဟန်ရှိပါတယ်။

ဒါပေမယ့် ဂျက်ကီချန်းနဲ့ တက်ကာ တို့က ရုပ်ရှင်က လာတောမယ်ဆိုတာကို ပုံတစ်ပုံတည်းနဲ့ သိစေခဲ့တယ်။ စုံထောက် ဂျိမ်းစ် ကာတာ အဖြစ် တက်ကာနဲ့ ရဲအုပ် ယန်လီ အဖြစ် ဂျက်ကီတို့အတွဲရဲ့ ဟာသမြောက်တဲ့ သရုပ်ဆောင်ပုံတွေ၊ ဂျက်ကီချန်းရဲ့ ဆန်းပြားတဲ့ စတန့်တွေ၊ တိုက်ခိုက်ပုံတွေကို ဒီဘက်ခေတ် ရိုက်ချက်တွေနဲ့ ဘယ်လို တွေ့ရမလဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

READ
စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် ဖွေးဖွေးရဲ့အခြေအနေကို ပြောပြလိုက်တဲ့ ဖွေးဖွေးရဲ့ ဖခင်
chris tucker

ဒါပေမယ့် ရုပ်ရှင်ကို ဖန်တီးဖို့က မျှော်လင့်ထားတာထက် ပိုကြာနိုင်ကြောင်း အသက် (၄၇) နှစ်အရွယ် ဟာသမင်းသား တက်ကာက Winging it ဆိုတဲ့ ထုတ်လွှင့်မှု အစီအစဉ်တစ်ရပ်မှာ ပြောကြားခဲ့ပါတယ်။

အခု ဇာတ်ညွှန်းနဲ့ ပတ်သက်ပြီး လုပ်စရာရှိတဲ့ နည်းနည်းဆက်လုပ်နေတယ်၊ အဲ့ဒီ့နောက် ထုတ်လုပ်ပိုင်းကို သွားမယ်၊ အဲ့ဒီ့အတွက်တော့ လုပ်လည်းလုပ်ရဦးမယ် ဖြစ်သွားအောင်လည်း ကြိုးစားရမယ်” လို့ တက်ကာက ပြောပါတယ်။

ဒီ့အပြင် “ဂျက်ကီးချန်းကလည်း ဒါကို လုပ်ချင်တယ်၊ ကျွန်တော်ကလည်း လုပ်ချင်တယ်၊ စတူဒီယိုကလည်း လုပ်စေချင်တယ်၊ ဒါနဲ့ပဲ လုပ်ဖို့ ပြန်စုလိုက်ကြတယ်’’ လို့ ဆိုပါတယ်။

တက်ကာက သူဟာ ဂျက်ကီချန်းရဲ့ အမာခံ ပရိသတ်တစ်ဦးဖြစ်ကြောင်း၊ စစချင်း ဇာတ်ကားတုန်းကဆို သူ့မှာ အလွန် စိတ်လှုပ်ရှားနေခဲ့ရကြောင်း၊

READ
ပရိသတ်တွေနဲ့မခွဲချင်သေးလို့ မင်းမျိုးနွယ်ကို အတိတ်ပြန်မေ့ခိုင်းချင်နေတဲ့ စံမြန်း

“ကျွန်တော့်ရဲ့ ဟာသပုံစံနဲ့ ဂျက်ကီချန်းရဲ့ ကိုယ်ခံပညာ အလှကွက်တွေ၊ သူရဲ့ ဟာသတွေနဲ့က လုံးဝကွက်တိပဲ…အဲ့ဒီ့ဇာတ်ကားမှာလည်း ကျွန်တော့်ရဲ့ ဇာတ်ရုပ်က ရုပ်ပိုင်းဆိုင်ရာအရရော၊ သရုပ်ဆောင်ရတာရောက ဟာသမြောက်နေတာ ကျိန်သေးပဲ” လို့ ပြန်လည်ပြောပြပါတယ်။

ပထမဆုံး ရုပ်ရှင်ကို ၁၉၉၈ ခုနှစ်မှာ ထုတ်လုပ်ဖြန့်ချိခဲ့ပြီး ကမ္ဘာ့ရုပ်ရှင်ဈေးကွက်မှာ အမေရိကန် ဒေါ်လာ (၈၄၉) သန်း ရရှိခဲ့တယ်။ သတ်မှတ်ချက်တွေမှာလည်း အဆင့်အတန်းတစ်ခုအထိ ရောက်ခဲ့တဲ့ ဟာသ အက်ရှင် ဇာတ်ကားဖြစ်တယ်။

အခုဆိုရင်တော့ သူတို့နှစ်ယောက်ရဲ့ Rush Hour ကို သိပ်ကြိုက်ခဲ့ရတဲ့ ပရိတ်သတ်တွေအနေနဲ့ တရားဝင် အတည်ပြုချက်၊ ဇာတ်ညွှန်း၊ သရုပ်ဆောင်၊ ထွက်ရှိမယ့်နေ့နဲ့ ထွေလာဘယ်တော့ထွက်မလဲ ကြိုတင် စိတ်လှုပ်ရှားနေကြရပြီဖြစ်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

Ref: Lad Bible, Hype Beast

Matthew (ShweMOM)
SHARE