ရိုက်ကွင်းမှာ အသက်အန္တရာယ်ကြုံရတဲ့အထိ စတန့်လုပ်ခဲ့ရတဲ့ ဂျက်ကီချန်းရဲ့ရုပ်ရှင် (၅) ကား

IMDb

ဂျက်ကီချန်းဆိုတာ တရုတ်နိုင်ငံအနုပညာလောကကနေပြီး ကမ္ဘာ့အကြီးကျယ်ဆုံး ဟောလိဝုဒ်လောကအထိ ထိုးဖောက်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးပါ။ သူတို့ခေတ်တုန်းကဆိုရင် ဒီလို ဟောလိဝုဒ်အထိ ထိုးဖောက်ဖို့ဆိုတာ အခုလောက် မလွယ်ကူတဲ့အခြေအနေဖြစ်တာကြောင့် တော်တော်လေးကို အရည်အချင်းရှိတဲ့ သရုပ်ဆောင်ပါပဲ။ သူ့ရဲ့ရုပ်ရှင်တိုင်းဟာ ဟာသတွေနှောတယ်၊ တစ်ခါတစ်လေ ရိုမန့်တစ်ဇာတ်လမ်းတွေ၊ တစ်ခါတစ်လေ ဒရာမာတွေနဲ့ ရသစုံနေပေမယ့်လို့ အမြဲတမ်းလိုလိုတော့ တိုက်ခိုက်ရေးအကွက်တွေနဲ့ အက်ရှင်တွေကတော့ ပါနေကျပါပဲ။

အက်ရှင်တွေမှ တခြား မင်းသားတွေလိုမဟုတ်ဘဲနဲ့ ဂျက်ကီချန်းဟာ စတန့်တိုင်းနီးပါးကို အပြင်မှာ လူစားမထိုးဘဲ ကိုယ်တိုင်လုပ်ခဲ့တယ်ဆိုတာလည်း အားလုံးသိပြီးကြမှာပါ။ ဒီလိုလုပ်ခဲ့တဲ့အတွက်ကြောင့် တချို့သော အကွက်တွေမှာ ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပါတယ်။ အဲဒီအပြင်ကိုမှ ဂျက်ကီခန်းကို သေသွားစေနိုင်တဲ့ အန္တရာယ်မျိုးတွေအထိတောင် ကြုံခဲ့ရပါသေးတယ်။ ဒီတစ်ခေါက်မှာတော့ ဂျက်ကီချန်းကို အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အထိ ကြုံရစေခဲ့တဲ့ ရုပ်ရှင် (၅) ကားအကြောင်းကို ဖော်ပြပေးသွားမှာပါ။

(၁) Armor of God က သစ်ပင်စတန့်

READ
peach lay ရဲ့ပထမအကြိမ်ရေကူးတဲ့နေ့လေးပါခင်ဗျာ့ဆိုတဲ့ မေမေသင်ဇာနွယ်ဝင်း

လုံးဝအန္တရာယ်များခဲ့တဲ့ဇာတ်ကွက်တစ်ခုဖြစ်ပါတယ်။ ဗီဒီယိုရဲ့ ၄၄ စက္ကန့်မှာ တစ်ဖက်ကနေတစ်ဖက်ကို သစ်ပင်သေးသေးလေးတစ်ပင်ကိုပဲ အားပြုပြီး ကူးရတဲ့အခန်းပါ။ ဒီအခန်းရဖို့အတွက် ဂျက်ကီချမ်းဟာ အသက်ကိုရင်းပြီး ရိုက်ကူးထားရတာပဲဖြစ်ပါတယ်။ ပထမဆုံးကဒ်မှာတင် အောင်မြင်ခဲ့ပေမယ့် ဂျက်ကီချန်းဟာ နှေးတယ်လို့ စိတ်ထင်နေခဲ့တဲ့အတွက် နောက်တစ်ကြိမ်ပြန်လုပ်တဲ့အခါမှာတော့ အောက်ကိုကျသွားခဲ့ပြီးတော့ ကျောက်တုံးနဲ့ ခေါင်းနဲ့ရိုက်ကာ ခေါင်းကွဲသွားခဲ့တာပါ။

(၂) Police Story က Shopping Center စတန့်

Police Story ရဲ့ အမိုက်ဆုံး အက်ရှင်အခန်းလို့ဆိုရမှာပါပဲ။ ရှော့ပင်းစင်တာတစ်ခုမှာ ဂျက်ကီချန်းကနေပြီး ဟိုးအပေါ်ဆုံးထပ်ကနေ အောက်ဆုံးထပ်ကို ဆင်းတဲ့အခါမှာ မီးသီးတွေရှိနေတဲ့တိုင်ကနေ လျှောဆင်းရပါတယ်။ အဲဒီအခန်းမှာ မထင်မှတ်ထားဘဲနဲ့ မီးသီးတွေကနေတစ်ဆင့် လက်ကိုေ လာင်ခဲ့ပြီးတော့ လက်မောင်းတစ်လျှောက်မှာလည်း ပြတ်ရှရာကြီးကို ဖြစ်သွားခဲ့တာပါ။

(၃) Project A ရဲ့ နာရီစင်စတန့်

ရဲလက်ထဲကလွတ်ဖို့အတွက် ဂျက်ကီချန်းဟာ နာရီစင်ပေါ်ကို တက်ပြေးရတဲ့အခန်းပါ။ မြေပြင်ကနေ ၂၅ မီတာမြင့်တဲ့ နာရီစင်ပေါ်ကနေပြီး တွဲလောင်းခိုရင်း ရိုက်ကူးခဲ့ပြီးနောက်မှာတော့ အောက်ကိုပြုတ်ကျသွားခဲ့ပြီးတော့ လက်မောင်းကျိုးသွားခဲ့ပါတယ်။ ဒီမတိုင်ခင်တုန်းကလည်း ဒီအခန်းကိုရိုက်ဖို့အတွက် ခေါင်းနဲ့ကျတာလည်း ခဏခဏပါပဲတဲ့လေ။

READ
စိန်တိုက်ဖွင့်ပွဲ ပုံရိပ်လေးတွေကို ဝေမျှပေးလိုက်တဲ့ သင်ဇာဝင့်ကျော်

(၄) Who Am I ရဲ့ skyscraper စတန့်

Skyscraper ပေါ်ကနေပြီး လျှောဆင်းတဲ့အခန်းကြီးကတော့ ကျွတ်ဆင်ကြီးပါပဲ။ ၂၅ ထပ်စာလောက်မြင့်တဲ့အပြင်ကိုမှ အောက်မှာလည်း ကားလမ်းကြီးနဲ့ဆိုတော့ ဂျက်ကီချမ်းတစ်ယောက် ဘယ်လိုသတ္တိနဲ့များ ရိုက်ခဲ့သလဲမသိဘူး။ Rotterdam မှာရှိနေတဲ့ Willemswerf အဆောက်အဦမှာ ရိုက်ကူးခဲ့တာဖြစ်ပြီးတော့ အကြောက်လွန်ကာ ၂ ပတ်တောင် ဆေးကုလိုက်ရပါတယ်တဲ့လေ။

(၅) Police Story 3 ရဲ့ ဟယ်လီကော်ပတာစတန့်

ရဟတ်ယာဉ်ပေါ်ကနေပြီး တွဲလောင်းခိုကာ မြို့ထဲမှာ ပတ်မောင်းတဲ့အတွက်ကြောင့် အသည်းယားစရာပါပဲ။ ဒါပေမဲ့ ဒီစတန့်မှာတော့ ဂျက်ကီချန်းတစ်ယောက် အန္တရာယ်ဘာမှမဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ဟယယ်လီကော်ပတာနဲ့ မျက်နှာချင်းဆိုင်လာတဲ့အခန်းမှာ ဟယ်လီကော်ပတာကိုရှောင်ရမှာ အချိန်လွဲသွားတဲ့အတွက်ကြောင့် ပုခုးမှာပြတ်ရှရာအကြီးကြီးဖြစ်သွားခဲ့ပါတယ်။

penny

SHARE