ရိုက်ကွင်းဒဏ်ရာတွေကြောင့် ခြေထောက်သိပ်မကောင်းတော့တဲ့ Jackie Chan

[email protected] jackiechan

မင်းသားကြီး Jackie Chan ကိုတော့ အက်ရှင်ချစ် ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ သရုပ်ဆောင်တဲ့ အက်ရှင်ဇာတ်ကားတိုင်းလိုလိုမှာ ကျရာအက်ရှင်ဇာတ်ရုပ်ကို အပီအပြင်ဆုံးနဲ့ သဘာဝကျကျ သရုပ်ဆောင်နိုင်တဲ့ ဝါရင့်မင်းသားကြီးတစ်ယောက် ဖြစ်ပါတယ်။ Jackie Chan ရဲ့ ထူးခြားချက်ကို ပြောရမယ်ဆိုရင်တော့ သူရိုက်သမျှ အက်ရှင်ဇာတ်ကားတိုင်းက စတန့်အခန်းတွေ၊ အက်ရှင်ဇာတ်ဝင်ခန်းတွေမှာ လုံးဝလူစားထိုးပြီး သရုပ်မဆောင်တာပါပဲ။ အခုလည်း မင်းသားကြီး Jackie Chan ဟာ ရိုက်ကွင်းဒဏ်ရာတွေကြောင့် ခြေထောက်သိပ်မကောင်းတော့ပဲ လမ်းလျှောက်ရင် ထော့နဲ့ထော့နဲ့ ဖြစ်နေကြောင်း Streits times သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

A post shared by Jackie Chan 成龍 (@jackiechan)

အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ Jackie Chan ဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့(၃၁.၁၂.၂၀၂၀)တုန်းက Wish Drangon လို့ အမည်ရတဲ့ Animation ရုပ်ရှင် မိတ်ဆက်ပွဲကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီအချိန်မှာ Jackie Chan ကို ကားပေါ်ကဆင်းဆင်းချင်း လူနှစ်ယောက်က တွဲပြီး ပွဲထဲကို ခေါ်ဆောင်လာခဲ့ရတာကြောင့် Jackie Chan ရဲ့ပရိသတ်တွေဟာ Jackie Chan နဲ့ ပတ်သတ်ပြီး စိတ်ပူခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ Jackie Chan ဟာ ခါးမှာ အတွင်းဒဏ်ရာတစ်ခုရနေတာကြောင့် လမ်းကောင်းကောင်းမလျှောက်နိုင်တော့ကြောင်း၊ အရင်က ရိုက်ကွင်းဒဏ်ရာတွေကြောင့် ဒီလိုမျိုးဖြစ်နေတာဖြစ်ကြောင်း ပရိသတ်တွေကို စိတ်မပူဖို့ ပြောကြားခဲ့ပါတယ်။ Jackie Chan ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ ထွက်ရှိမယ့် Wish Dragon အမည်ရ Animation ဇာတ်ကားမှာ အသံသရုပ်ဆောင်အဖြစ် ပါဝင်ထားကြောင် သိရှိရပါတယ်။

READ
Fan တွေအတွက် အချစ်ပိုစရာဖြစ်ခဲ့တဲ့ လီမင်ဟိုရဲ့ ပရဟိတလှုပ်ရှားမှုများ

Jackie Chan ဟာ သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် ရိုက်ကူးခဲ့တဲ့ အက်ရှင်ဇာတ်ကားတိုင်းလိုလိုမှာ ဒဏ်ရာပေါင်းများစွာ ရရှိခဲ့တဲ့ မင်းသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဆိုးဆုံး ထိခိုက်ဒဏ်ရာရမှုကတော့ ၁၉၈၆ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Armour Of God ဇာတ်ကားမှာပဲ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကား ရိုက်ကူးနေစဉ်အတွင်း Jackie Chan ဟာ သစ်ပင်ပေါ်ကနေ မြေကြီးပေါ်ကို ကျောကုန်းနဲ့ ပြုတ်ကျခဲ့ပါတယ်။ အဲဒီလို ပြုတ်ကျခဲ့တဲ့ အရှိန်ကြောင့် ဦးခေါင်းခွံက အရိုးစတစ်စဟာ ဦးနှောက်ကို သွားစိုက်ပြီး နားထဲက သွေးယိုစိမ့်မှုတွေအထိပါ ဖြစ်ခဲ့ကြောင်း သိရပါတယ်။

 

 

View this post on Instagram

 

A post shared by Jackie Chan 成龍 (@jackiechan)

Pyi Hein Kyaw

SHARE