ဘိန်းရောင်းရင်း ဖူးစာဆုံခဲ့ကြတဲ့ ဂျက်ကီချန်းရဲ့ အဖေနဲ့ အမေ

Image:IG/jackie-chan & twitter/factmaniac

ဟောင် ကောင် မင်းသားကြီး ဂျက်ကီချန်း က တော့ အာရှ မှာ ရော ဟောလိဝုဒ် မှာပါ နာမည်ကြီးတဲ့ မင်းသားကြီးပါ။ April 7, 1954 မှာ မွေးပြီး အသက်က တော့ (၆၆)နှစ်ရှိနေပါပြီ။ဂျက်ကီချန်း ရဲ့ မိဘ တွေ က တော့ သာမန် မိဘ တွေ မဟုတ်ပါဘူး။သူ့ အ ဖေ က သူလျှို (စပိုင်) ဖြစ်ပြီး သူ့ အ မေ က တော့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက် ကားသူပါ။ဒီအ  ကြောင်းကိုတော့ nextshark  မှာ ဖော်ပြထားပါတယ်။သူ့ အဖေ နာမည် ကတော့ Charles နဲ့ အ မေ က တော့ Lee-Lee Chan ပါ။တရုတ်ပြည်တွင်း စစ် ပွဲ က နေ ဒုက္ခ သည် အဖြစ် ဟောင် ကောင်ကို ရောက်လာခဲ့ကြတာပါ။သူ့ မိ ဘ တွေ က ဟောင် ကောင်မှာ ရှိတဲ့ ပြင်သစ်သံ အမတ် ဆီမှာ အလုပ်လုပ်ခဲ့တာပါ။(၁၉၆၀) မှာတော့ သူ့ အ ဖေ က  ဟောင် ကောင်ကို စွန့်ခွာပြီး သြ စ တြေးလျ မှာ အ ခြေ ချ ခဲ့ပါတယ်။အဲ့ဒီက အ မေရိကန် သံရုံးမှာ အချက် အပြုတ် ခေါင်းဆောင် အဖြစ်အလုပ်လုပ်ခဲ့တာပါ။

သူ့ အ ဖေက စပိုင် ဆိုတာ ကတော့ သူ အရွယ် ရောက်မှသိ ခဲ့ရတာပါ။(၂၀၀၃) documentary “Traces of the Dragon: Jackie Chan and His Lost Family,” မှာ သူ့ မိဘ တွေရဲ့ နောက် ကြောင်းတွေ ပေါ် ခဲ့တာပါ။ဒါရိုက်တာ Mabel Cheung က ရိုက်ကူး ခဲ့တာပါ။ဂျက်ကီချန်းက  သြ စ တြေးလျ မှာရှိတဲ့ သူ့ အ ဖေ Charles Chan ဆီကို အလည် သွားခဲ့ ချိန်မှာတော့  တရုတ်မှာ နေတဲ့ သူ့ မှာ ညီအစ်ကို နှစ်ယောက် ရှိ သေးတယ်ဆိုတာကို သိခဲ့ရပါတယ်။တစ်ချိန် တုန်းက အမျိုးသားရေး စပိုင် အဖြစ်နဲ့ လုပ်ခဲ့ဖူးတာပါ။

READ
Disneyland မှာ ဒိတ်လုပ်ခဲ့တဲ့ Selena Gomez နဲ့ The Weeknd

သူ့ အ မေ က တော့ ရှန်ဟိုင်းက နာမည်ကြီး လောင်းကစား သမား၊မူးယစ် ကုန် သည် ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ အ ကြောင်း တွေကို ဖွင့် ပြောပြခဲ့ပါတယ်။လူ တော် တော်များများက ဂျက်ကီ ချန်းရဲ့ အ မေက ခင်ပွန်းကို မှီခို နေတဲ့ အိမ် ထောင်ရှင်မ လို့ ထင် ခဲ့ ပေမယ့်လည်း တကယ့် လက် တွေ့ က အဲ့ လောက် မရိုးရှင်းခဲ့ပါဘူး။သူ့ အ ဖေ Charles တစ် ယောက်  ပြိုင်ဘက် ကွန်မြူ နစ်ပါတီ ကို ရှောင်ချင်လို့ တရုတ် က နေ  ဟောင် ကောင်ကို ပြေးလဲာ့တာပါ။နောက်ပိုင်းမှာတော့ သြစ တြေးလျ အထိ ပါ ပြောင်းရွှေ့ ခဲ့တာပါ။

“အ ဖေ က ဟောင်ကောင်မှာ ခိုပုန်း နေတဲ့ စပိုင် ဖြစ်ခဲ့ဖူးတယ်။အဲ့ဒီ နောက် တော့ သြစ တြေးလျ မှာ ရှိတဲ့ အ မေရိကန် သံရုံးမှာ နှစ် အ တော်ကြာ ခိုပုန်း ခဲ့တာ..” လို့ ဂျက်ကီ ချန်းက ပြောပြခဲ့ပါတယ်။မိဘ နှစ်ပါးရဲ့ ဖူးစာဆုံ ပုံ ကလည်း ဆန်းကြယ်ပါတယ်။ Charles က မူးယစ် ကုန် သည် Lee-Lee ကို ဖမ်းဆီးခဲ့တာပါ။အဲ့ဒီမှာပဲ ဒီ အမျိုးသမီးက သမီးနှစ်ယောက်နဲ့ သူမ ခင်ပွန်း(ပထမ ယောက်ကျား) ကို ထောက်ပံ့ ပေး နေရတယ်ဆိုတာကို  သိခဲ့ရတာပါ။ပထမ ယောက်ျား ကတော့ ဂျပန် တွေ ဗုံးကြဲ တဲ့ အခ်ျိန်မှာ သေ သွားခဲ့တာပါ။ Charles က တော့ (၂၀၀၈)မှာ ကွယ်လွန် သွားခဲ့ပါတယ်။ Lee-Lee က တော့ (၂၀၀၁)မှာ ကွယ်လွန်သွားခဲ့ပါတယ်။သြ စ တြေးလျ Canberra  မှာ ပဲ နှစ်ယောက်လုံး ကို အတူတကွ မြှုပ်နှံ ထား တာပါ။

READ
ဟိုးအရင်က သူငယ်ချင်းကို အနိုင်ကျင့်ခဲ့ဖူးတဲ့ ကိစ္စအပေါ် တုံ့ပြန်လိုက်တဲ့ APRIL’s Naeun

#SHWEMOM

SHARE