မွေးနေ့မှာ ဝိတ်ချခဲ့တဲ့ပုံကိုပြပြီး ပရိသတ်တွေကို surprise လုပ်ခဲ့တဲ့ Jacob Batalon

[email protected] lifeisaloha

မင်းသားချောလေး Tom Holland သရုပ်ဆောင်ထားတဲ့ Spider-Man ဇာတ်ကားတွေကိုတော့ ပရိသတ်တော်တော်များများ ကြည့်ဖူးကြမယ်လို့ ထင်ပါတယ်။ Spider-Man: Home Coming, Spider-Man: Far From Home အစရှိတဲ့ ဇာတ်ကားတွေဟာ Spider-Man ပရိသတ်တွေကော၊ Marvel ပရိသတ်တွေကော အထူးကို ကျေနပ်နှစ်ခြိုက်လောက်မယ့် ဇာတ်ကားကောင်းလေးတွေ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားတွေထဲက Spider-Man ရဲ့ အခင်ဆုံးသူငယ်ချင်း Ned Leeds အဖြစ်သရုပ်ဆောင်တဲ့ ဖက်တီးလေး Jacob Batalon ကိုတော့ တော်တော်များများ မြင်ဖူးကြမှာပါ။ အခုလည်း Jacob ဟာ မကြာသေးခင်အချိန်တုန်းက ကျရောက်ခဲ့တဲ့ သူ့ရဲ့မွေးနေ့မှာ ပရိသတ်တွေကို အံသြသင့်သွားအောင် သူ့ရဲ့ Instagram အကောင့် မှာ ဘတ်ဒေးပို့စ်တစ်ခု တင်ခဲ့ကြောင်း comicbook သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

This beat deserves Hennessy, a bad bitch and a bag of weed, the #holytrinity ‍♀️

A post shared by Jacob Batalon (@lifeisaloha) on

Jacob ဟာ လက်ရှိမှာဆိုရင်လည်း 50 States of Fright စီးရီးဇာတ်ကားနဲ့ အောင်မြင်မှုရရှိနေတဲ့ မင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ကတော့ Jacob ရဲ့ အသက် ၂၄ နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပါတယ်။ Jacob ဟာ သူ့ရဲ့ မွေးနေ့မှာ သူ့ရဲ့ ပရိသတ်တွေကို အံ့သြသင့်သွားအောင် birthday surprise တစ်ခု လုပ်ခဲ့ပါတယ်။ အဲဒီပို့စ်ကတော့ အောက်မှာ မြင်ရတဲ့ ပို့စ်ပဲ ဖြစ်ပါတယ်။

READ
ကလေးမွေးပြီးနောက် ပထမဆုံး Selfie ပုံတင်လိုက်တဲ့ Kylie Jenner

 

ပုံထဲမှာ တွေ့မြင်ရတဲ့သူဟာ Jacob မှ ဟုတ်ရဲ့လားလို့တောင် သံသယဖြစ်ရပါတယ်။ Jabob ကို သူ့ပရိသတ်တွေ တော်တော်များများ သိတဲ့ပုံစံကတော့ ဝဝကစ်ကစ်နဲ့ တော်တော်လေးကို ချစ်ဖို့ကောင်းတဲ့ ဖက်တီးလေးတစ်ယောက် အဖြစ်နဲ့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အပေါ်က ပို့စ်မှာ တွေ့ရတဲ့ Jacob ကတော့ တော်တော်လေးကို မိုက်ပြီး အထာကျတဲ့ ယောက်ျားလေးတစ်ယောက်အဖြစ်နဲ့ တွေ့နေရတာ ဖြစ်ပါတယ်။ “လက်ရှိအချိန်က COVID 19 ကပ်ရောဂါအချိန်ဖြစ်တာကြောင့် ကျွန်တော်ကိုယ်တိုင်လည်း အိမ်မှာပဲ နေနေရတာ များပါတယ်။ တစ်နေ့တစ်နေ့ ဘာမှလည်း မလုပ်ဖြစ်ပဲ လူကပျင်းပြီးတော့ ဝိတ်ကပိုပိုတက်လာပါတယ်။ အဲဒီမှာ ဝိတ်ချချင်တဲ့ စိတ်ကပေါ်လာပြီး လေ့ကျင့်ခန်းကို သေသေချာချာ လုပ်ဖြစ်ခဲ့တာပါ။ ရလဒ်ကတော့ အခု ကျွန်တော့်ကို တွေ့နေရတဲ့ အတိုင်းပါပဲ”လို့ Jacob က ပြောကြားခဲ့ပါတယ်။

READ
Back To The Future ကို ပြန်ရိုက်ကူးမည်ဟု Tom Holland အတည်ပြုပြောကြား

 

 

View this post on Instagram

 

I was in the middle of saying “I don’t wanna look cool!”thanks for the flick broski @angelinagrace2

A post shared by Jacob Batalon (@lifeisaloha) on

Pyi Hein Kyaw

SHARE