ဒိုင်လူကြီးတွေနဲ့ ပရိသတ်တွေကို အသက်ရှူမှားသွားစေခဲ့တဲ့ ၁၂ နှစ်သားလေးရဲ့ဒရမ်စကေး

Twitter- @JacobsPiano

အမေရိကမှာတော့ လက်ရှိုအချိန်မှာ ၂၀၂၀ ခုနှစ်အတွက် America’s Got Talent ကို ရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်ပြသနေပြီဖြစ်ပါတယ်။ ဒီတစ်ပတ်အတွက် AGT ရဲ့အပိုင်းသစ်မှာတော့ အသက် ၁၂ နှစ်အရွယ် ကောင်လေးတစ်ယောက် အရမ်းကိုနာမည်ကြီးလူပြောများနေခဲ့ပါတယ်။

သူ့နာမည်ကတော့ Jacob Velazquez ပါတဲ့။ သူဟာ Pervasive Developmental Disorder ကို ခံစားနေရသူပါတဲ့။ ဒါဟာ စကားတစ်ခွန်းပြောဖို့ သာမန်ထက်ပိုကြာတတ်တဲ့ ပုံစံမျိုးပါ။

Twitter- @JacobsPiano

ပြိုင်ပွဲမှာတော့ Jacob Velazquez  ဟာ Got Talent ရဲ့ မူရင်းသီချင်းတစ်ပုဒ်လုံးကို ကိုယ်တိုင် ပြန်လည်ဖန်တီးထားတဲ့ ပုံစံသစ်နဲ့ ဖျော်ဖြေခဲ့ပါတယ်။ ဒရမ်နဲ့ရော စန္ဒယားနဲ့ရော တီးပြသွားခဲ့တာပါ။ စန္ဒယားလက်သံဟာဆိုရင်လည်း ချောမွတ်ပြီး ဒရမ်လက်သံကတေ့ ပြောမပြနိုင်လောက်အောင်ဘဲ မသိရင် ဝါရင့်အနုပညာရှင်တစ်ဦး တီးနေသလားလို့တောင် ထင်မှတ်ရလောက်ပါတယ်။

Twitter- @JacobsPiano

Jacob Velazquez  ရဲ့ဖျော်ဖြေမှုကိုကြည့်ရင်း ဒိုင်တွေအပြင် အစီအစဉ်တင်ဆက်သူရော ပရိသတ်တွေရောပါ အံ့သြမဆုံးကြည့်နေခဲ့ပြီး မင်သက်နေခဲ့ကြတာပါတဲ့။ သူ့ရဲ့စန္ဒယားလက်သံကိုတော့ ဖခင်ဆီက အမွေဆက်ခံထားခဲ့တာဖြစ်ပါတယ်တဲ့။ ကြွေမိတာကတော့ သူ့ရဲ့ ဒရမ်စကေးပါပဲ။ ဒရမ်ကို ကျွမ်းကျင်ပညာရှင်တစ်ဦးလို စည်းချက်ကျကျ တီးနေတဲ့အပြင် ဒရမ်တီးရင်း တုတ်တံကိုလက်ထဲ လှည့်သွားလိုက်တာများ တော်တော်လေးကို ကြည့်ရကောင်းတာပဲ။

READ
ပညာရှင်တွေရဲ့ အစစ်နဲ့တူလွန်းတဲ့ Kim Kardashian တင်အတုဘောင်းဘီ ဖန်တီးမှု

ဒါကတော့ Jacob Velazquez ရဲ့ AGT က မှတ်တမ်းဗီဒီယိုလေးပါ။

Penny

SHARE