IG မှာ ပုံအလန်းတွေ တင်လိုက်တဲ့ Jacqueline Fernandez

Image:IG/Jacqueline Fernandez

Jacqueline Fernandez ကတော့  ဘောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသမီးတစ်ယောက်ပါ။သူမဟာ တကယ်က သီရိ လင်္ကာ က မင်းသမီး၊မော်ဒယ် ဟောင်းတစ်ယောက်ပါ။ကျက်ကရေရှိပြီးညှို့အားပြင်းတဲ့ သူမဟာ (၂၀၀၆)ခုနှစ်က Miss Universe Sri Lanka  အလှမယ်ဟောင်းပါ။ဘောလိဝုဒ် အနုပညာလောကထဲကိုတော့ Aladin  ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပွဲဦးထွက်ခဲ့တာပါ။ပြီးခဲ့တဲ့ရက်တွေမှာတော့ Jacqueline Fernandez  တစ်ယောက် သူမရဲ့ Instagram မှာ ပုံတွေ ဆက်တိုက်ဆိုသလို တင်ခဲ့ပါတယ်။

Image:IG/Jacqueline Fernandez
Image:IG/Jacqueline Fernandez
Image:IG/Jacqueline Fernandez

အမိမြေ သီရိလင်္ကာ ကို ပြန်ရောက်လာတုန်း ရိုက်ထားခဲ့တဲ့ ပုံလေးတွေပါ။ေ ကြော်ငြာ တစ်ခု  ရိုက်ကူးဖို့ အတွက် လည်း ရောက်လာခဲ့တာပါ။သူမရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့အတူ သြဂုတ်လ (၁၁)ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ အသက် (၃၄)နှစ်ပြည့်မွေးနေ့ပွဲလေးကိုလည်း ဆင်နွှဲခဲ့ပါတယ်။ပါတီကိုတော့ သူမပြန်ရောက်လာလာခြင်းပဲ လုပ် ခဲ့တာပါ။Jacqueline ကတော့ မြင်သူတိုင်းကို မှင်သက်သွားစေလောက် တဲ့ သူမရဲ့ ဆွဲဆောင်မှု အပြည့်ရှိတဲ့ အလှပုံလေးတွေကို နေ့တိုင်းနီးပါးတင်ပြီး ဝေမျှ ပေးခဲ့ပါတယ်။

READ
Miss Universe 2019 မှာ ကြိုးစားယှဉ်ပြိုင်နေတဲ့ အလှမယ် ဆွေဇင်ထက်
Image:IG/Jacqueline Fernandez
Image:IG/Jacqueline Fernandez
Image:IG/Jacqueline Fernandez

ပန်းရောင် အကျီင်္ နဲ့ ပုံတင်ပြီး သိပ်မကြာခင် တစ်နာရီလောက်အကြာမှာပဲ အပြာရောင် ပန်းပွင့်ပါ ရေကူးဝတ်စုံနဲ့ တွေကို ဝေမျှ ပေးခဲ့ပါတယ်။ဒ့ါအပြင် ဗီဒီယိုဖိုင်တစ်ခုကိုပါ တင်ပြီး  “My Happy place with my happy people! #thetravelankas.”  ဆို ပြီး တင်ခဲ့ပါတယ်။Miss Universe Sri Lanka တစ်ယောက်ဖြစ်သလို  ဘောလိဝုဒ် မှာပါ မင်းသမီးတစ်ယောက် အဖြစ် ရပ်တည်နေတဲ့ သူမရဲ့ အနုပညာလှုပ်ရှားမှု အနေနဲ့ ကတော့ အက်ရှင် လျှို့ဝှက်သည်းဖို ဇာတ်ကား Drive မှာ ပါဝင် သရုပ်ဆောင်သွားမှာပါ။

Image:IG/Jacqueline Fernandez
Image:IG/Jacqueline Fernandez
Image:IG/Jacqueline Fernandez

Source :timesofindia

SHARE