ဖောက်ပြန်ခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ မှန်ကန်ကြောင်း Will Smith ရဲ့ ဇနီးအတည်ပြုခဲ့

Celebrities' Instagram

တလောတုန်းက Will Smith ရဲ့ ဇနီးဖြစ်တဲ့ Jada Pinkett Smith ဟာ Will Smith အပေါ်ဖောက်ပြန်ခဲ့ပြီး Will Smith ကလည်း ကြည်ကြည်ဖြူဖြူပဲ လက်ခံခဲ့တယ်ဆိုပြီး သတင်းကြောင့်  ဟောလိဝုဒ်လောကတစ်ခုလုံး စိတ်ဝင်စားမှုတွေ မြင့်တက်သွားခဲ့ပါတယ်။

 

 

View this post on Instagram

 

How are you feeling today? 💋🌹

A post shared by Jada Pinkett Smith (@jadapinkettsmith) on

ဖောက်ပြန်တယ်ဆိုတဲ့ နောက်တစ်ယောက်ကတော့ သားဖြစ်သူ Jaden နဲ့မှ အသက်မတိမ်းမယိမ်းဖြစ်နေပြီး သားဖြစ်သူကိုယ်တိုင်မိတ်ဆက်ပေးလို့ သိကျွမ်းသွားခဲ့တဲ့ ရက်ပ်ပါ August Alsina နဲ့ပါ။ အိမ်ထောင်သက်တမ်း ဆယ်စုနှစ် နှစ်ခုကြာတာတောင်မှပဲ ဘာအသံမှမကြားခဲ့ရတဲ့ ဇနီးမောင်နှံရဲ့သတင်းကို အခုလိုကြားလိုက်ရတဲ့အတွက် ဘယ်သူမှမယုံခဲ့ကြပါဘူး။

ဒါပေမဲ့လည်း ရက်ပ်ပါ August Alsina ဟာ လူနားထောင်များတဲ့ ရေဒီယိုအစီအစဉ် The Breakfast Club မှာ ဒီအကြောင်းတွေကို ဖွင့်ဟထုတ်ပြောခဲ့တာပဲဖြစ်ပါတယ်။ Jada နဲ့ အကြေင်ားကိုတင်သာမကဘဲ Will Smith ကပါ သူတို့ရဲ့ဆက်ဆံရေးကို ကောင်းချီးပေးပြီး ကြည်ဖြူခဲ့တယ်လို့လည်း ပါ,ပါသေးတယ်။

 

 

View this post on Instagram

 

Me this year VS Me this time last year!.. 😂😤A nigxa was bouta kick the bucket lol. I’ve tasted and toyed w/ death, therefore I want to live a life purposeful, w/ intention, & no regret. One thing that’s certain is we are all living to die. Death, we should fear not! Fear being alive, while dying & being dead inside; so create the life you see fit for yourself. Autonomy; Will it hurt? Yes. Will you be hated & create enemies along the way? Yes; yet if there’s no enemy within, the enemy outside can do us no harm. 💡 Will you fail & fall at times? Yes. Experience all sorts of spiritual warfare, witchcraft & ppl talk about you? Yup!That too! 😅You gone hear all type of things said about u. Throw it behind you, Get back up, dust it off, keep it moving & forever strive to LIVE YOUR SOUL, NOT A ROLE ‼️⚡️👁✨

A post shared by Yungin’ (@augustalsina) on

အစကတော့ Jada က Twitter မှာပါ တရားဝင် ဒီကောင်လေး လျှောက်ပြောနေတာပါ၊ သူတို့က သဘောရိုးပါဆိုပြီး ငြင်းခဲ့ပေမယ့်လို့ အခုတော့ အမှန်တရားကို ဝန်ခံလိုက်ခဲ့ပါပြီ။ ဒီကိစ္စကိုလည်း ခင်ပွန်းဖြစ်တဲ့ Will Smith ကနေပဲ ပြောပြလာခဲ့တာလို့ Insider မှာ ဖတ်လိုက်ရပါတယ်။ အဲဒီအချိန်တုန်းက Will Smith နဲ့ Jada နဲ့ဟာ တော်တော်လေး အဆင်မပြေဖြစ်ခဲ့ကြတဲ့အချိန် August နဲ့စတွေ့ခဲ့ကြပါတယ်။ နောက် August ဟာ အဲဒီအချိန်တုန်းက ကျန်းမာရေးမကောင်းတာကြောင့် နှစ်ယောက်သားအနေနီးရင်း တွဲမိသွားခဲ့ကြတာပါလို့ ပြောလာခဲ့ပါတော့တယ်။ ဒါပေမဲ့ ဆိုးဆိုးရွားရွားဖောက်ပြန်တဲ့အထိတော့ မဖြစ်ခဲ့ဘူးလို့လည်း ထပ်ပြောခဲ့ပါသေးတယ်။

READ
ညဘက်ဗိုက်ဆာလို့ထစားရင်း ကြက်ဥလည်ချောင်းမှာနင်ပြီးသေရှာတဲ့ကောင်မလေး

လက်ရှိအချိန်မှာတော့ ဇနီးသည် Jada နဲ့ August တို့ဇာတ်လမ်းဟာလည်း ပြီးဆုံးသွားပြီဖြစ်ပြီး Will Smith နဲ့ Jada တို့ဟာလည်း အရင်တိုင်း ပြန်အဆင်ပြေနေပါပြီလို့ ပြောခဲ့ပါတယ်။

View this post on Instagram

When your feet hurt ❣️

A post shared by Jada Pinkett Smith (@jadapinkettsmith) on

Penny

SHARE