အပူရှပ်ပြီး သေမလိုဖြစ်ခဲ့ရတဲ့ Tiktok ဆယ်လီတစ်ဦး

[email protected] [email protected]

ဒီနေ့ခေတ်မှာတော့ Tiktok ဆိုတာ လူတိုင်းနီးနီး အသုံးပြုနေကြတဲ့ App တစ်ခုပါပဲ။ ဒီလို App ကနေ လူတော်တော်များများကတော့ ကလို့ရတယ်လို့ပဲ ထင်နေကြပါလိမ့်မယ်။ ဒါပေမယ့် ဒီ App ကနေ ကတာတစ်ခုတည်းသာမက ကိုယ်ပေးချင်တဲ့ message တွေ၊ positive thinking တွေ၊ motivation တွေ အစရှိတာတွေလည်း ပေးလို့ရပါတယ်။ အခုလည်း သြစတြေးလျနိုင်ငံက Tiktok influencer တစ်ယောက်ဟာ သူမရဲ့ သူငယ်ချင်း မင်္ဂလာဆောင်မှာ အပူရှပ်ပြီး သေလုနီးနီးဖြစ်ခဲ့ကြောင်း News.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

သြစတြေးလျနိုင်ငံ၊ Sydney မြို့ရှိ Jade Tunchy လို့ အမည်ရတဲ့ Tiktok Influencer အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ အပူရှပ်ပြီး ရုတ်တရက်လဲကျခဲ့ပါတယ်။ အဲဒီလို လဲကျသွားတဲ့အချိန်ကလည်း တစ်ကယ့် အချိန်ကောင်းပါပဲ။ သတို့သားနဲ့ သတို့သမီးနှစ်ယောက် နမ်းနေတဲ့အချိန်မှာ ဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

READ
စင်မြင့်ပေါ်ကိုခေါ်ပြီး လက်ထပ်ခွင့်တောင်းခံရတဲ့ အမျိုးသမီး အမူးလွန်ပြီးပြုတ်ကျ

 

@jadetunchyThat time I passed out at my friends wedding as they were about to kiss and my bf almost ran in front of them ##fyp♬ original sound – jadetunchy

ဗီဒီယိုထဲမှာတွေ့ရတဲ့အတိုင်း Jade လဲကျသွားတဲ့အချိန်မှာ အင်မတန်စိတ်ပူသွားတဲ့ အမျိုးသားတစ်ယောက်ရှိပါတယ်။ အဲဒီလူကတော့ သတို့သားအရံ Lachie Brycki ပါပဲ။ Lachie ကတော့ တစ်ခြားလူမဟုတ်ပါဘူး။ Jade ရဲ့ချစ်သူ ပါပဲ။ Jade လဲကျကျချင်းမှာ Lachie ဟာ အပြေးသွားခဲ့ချင်ပေမယ့် သတို့သားနဲ့ သတို့သမီးနမ်းနေတဲ့အချိန်ဖြစ်တာကြောင့် ခဏစောင့်နေခဲ့ပါတယ်။ ဒါပေမယ့် ခဏနေတော့ အနောက်ဖက်ကနေ ချင်းချင်းပတ်ပြီး Jade ဆီပြေးသွားခဲ့ပါတယ်။

READ
ဘီယာအလှူခံရင်း နာမည်ကျော်သွားခဲ့တဲ့ အမေရိကန်ကအဖွားအို
Instagram-@jadetunchy

အဆိုပါ Tiktok ဗီဒီယိုဟာ အခုအချိန်မှာတော့ ကြည့်ရှု့သူ ၁၀ သန်းကျော် ရှိနေပြီဖြစ်ပြီး Jade အတွက် စိုးရိမ်တကြီးဖြစ်နေရှာတဲ့ Lachie ကို လူတော်တော်များများက ချီးကျူးနေကြပါတယ်။ “ရုတ်တရက် သတိမေ့သွားတာ။ တော်သေးတယ် အသက်ပါမပါသွားလို့။ သတိပြန်ရလာတော့ အနားမှာ Lachie က တော်တော်စိတ်ပူနေရှာပါတယ်။ ကျွန်မဘာမှမဖြစ်တော့ပါဘူး။ သက်သာမှ ကျွန်မလဲကျသွားချိန်ဖြစ်ခဲ့တဲ့ Lachie ရဲ့ အပြုအမူတွေကိုတော့ တော်တော်ရင်ခုန်ပါတယ်” လို့ Jade က ပြောကြားခဲ့ပါတယ်။

Instagram-@jadetunchy

Pyi Hein Kyaw

SHARE