ကြောင်အသက် (၉)ချောင်းရှိတယ်ဆိုတာကို သက်သေထူလိုက်တဲ့ ကြောင်လေး

facebook/Carley Lillian Burke

တစ်ချို့လူတွေက ကြောင်တွေဟာ အမြင့်တွေပေါ်က ပြုတ်ကျရင်တောင် မသေနိုင်ဘူး၊ အသက်ကိုးချောင်းပိုင်ရှင်လေးတွေဆိုပြီး ဆိုပါတယ်။ ဒီအဆိုဟာ လက်တွေ့မှာလည်း တကယ်များမှန်နေသလားဆိုတာ အွန်လိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Dailymail မှာတွေ့ရတဲ့ ခုဖြစ်ရပ်လေးက သက်သေခံနေပါတယ်။ ဂျက်ဖာကိတ်အမည်ရတဲ့ ကြောင်လေးတစ်ကောင်ဟာ တစ်နေ့မှာတော့ ပေ(၁၈၀) အမြင့်ရှိတဲ့ တိုက်ခန်း(၁၈) လွှာရဲ့ ပြတင်းပေါက်ပေါ်ကနေ ပြုတ်ကျခဲ့ပါတယ်။ အံ့အားသင့်စရာပဲ ဒီလောက် ပေအမြင့်ပေါ်က ပြုတ်ကျခဲ့ပေမယ့် ဂျက်ဖာဟာ အရိုးတစ်ချောင်းမှတောင် မကျိုးခဲ့ဘူးလို့ သိရပါတယ်။

ဂျက်ဖာရဲ့ ပိုင်ရှင်က အသက်(၂၁) နှစ်သာရှိသေးတဲ့ ကာလေဘာ့ခ်ပါ။ တစ်နေ့ သူမအိမ်ပြန်လာရာကနေ ကြောင်လေးပျောက်နေလို့ အိမ်သားတွေကို မေးကြည့်ပြီး လိုက်အရှာခိုင်းတာနဲ့ ကြောင်လေးဟာ တိုက်အောက် ကွန်ကရစ်ပေါ်မှာ ခွေခွေလေးဖြစ်နေတာကို တွေ့လိုက်ရတာပါ။ ဂျက်ဖာလေးရဲ့ မျက်နှာက ဖူးယောင်နေပြီး သွေးမည်းတွေလည်း အန်ပါသေးတယ်။ ကာလေကတော့ ဂျက်ဖာရဲ့ အဖြစ်ကို ကြည့်ပြီး ကြောင်လေးတော့ ခံတော့မှာ မဟုတ်ဘူးဆိုပြီး ငိုယိုနေခဲ့ပါတယ်။ ဒါနဲ့ပဲ ချက်ခြင်း တိရစ္ဆာန်ဆေးကုခန်းဆီ ဂျက်ဖာလေးကို ခေါ်သွားခဲ့ကြပါတယ်။

facebook/Carley Lillian Burke

ဟိုရောက်တော့ တိရစ္ဆာန်ဆရာဝန်က ဂျက်ဖာကို စစ်ဆေးဖို့နဲ့ ပြုစုစောင့်ရှောက်ပေးဖို့အတွက် ဆေးခန်းမှာ တစ်ညတော့ ထားပေးရမယ်လို့ ဆိုပါတယ်။ ကာလေကလည်း သဘောတူလိုက်ပြီးနောက် သူမဟာ အိမ်ပြန်လာခဲ့ပါတယ်။ အဲ့ဒီညတစ်ညလုံးလည်း ကာလေက အိပ်မရခဲ့ပါဘူး။ ဂျက်ဖာလေးရဲ့တိုက်အောက်မှာ သေလုမျောပါးခံစားနေရတဲ့ ပုံရိပ်ကို သူမက မမေ့နိုင်ခဲ့ပါဘူး။ ဘယ်အချိန် တိရစ္ဆာန်ဆရာဝန်ဆီက ဂျက်ဖာလေး သေသွားပြီလို့ ဖုန်းဆက်ပြောမလဲပဲ သူမဟာ စိုးရိမ်တကြီး စောင့်နေခဲ့တာ ဖြစ်ပါတယ်။

နောက်တစ်နေ့မှာတော့ ကာလေဟာ ဆေးခန်းကိုသွားပြီး ဂျက်ဖာကို သွားတွေ့ပါတယ်။ အံ့သြစရာပဲ ဂျက်ဖာဟာ ထူထူထောင်ထောင်ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ဆရာဝန်ကတော့ ဂျက်ဖာလေးကို တစ်ကိုယ်လုံး စစ်ဆေးကြည့်ပြီးပေမယ့် ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရသွားတာမျိုး၊ အရိုးကျိုးသွားတာမျိုးတောင် မရှိခဲ့ဘူးလို့ ဆိုပါတယ်။

facebook/Carley Lillian Burke

ဂျက်ဖာကို ကုသပေးခဲ့တဲ့ တိရစ္ဆာန်ဆရာဝန်မလေး ဗစ်တိုးရီးယားကတော့ “… ကြောင်လေး ဂျက်ဖာက (၁၈) လွှာကနေ ပြုတ်ကျပြီး ကျွန်မဆီရောက်လာခဲ့တာ။ ကျွန်မလည်း သူ့ကို အားလုံးစစ်ဆေးကြည့်တယ်။ အံ့သြဖို့ကောင်းလိုက်တာရှင်။ ဘာဒဏ်ရာမှ ကြီးကြီးကျယ်ကျယ်မဖြစ်ဘူး။ မနက်ကျတော့ သူက လန်းလန်းဆန်းဆန်း ဖြစ်နေပြီ။ ထူးတော့ ထူးဆန်းတာပေါ့နော်။ ရာနဲ့ချီတဲ့ ပေအမြင့်က ပြုတ်ကျတာတောင် ဂျက်ဖာက ဘာမှမဖြစ်ဘူးဆိုတော့။ ကျွန်မသိရသလောက်တော့ ကြောင်တွေဟာ လေထဲမှာ သူတို့ ခန္ဓာကိုယ်ကို လိမ်နိုင်တယ်လို့ ကြားတယ်။ ဒါကြောင့် မြေပေါ်ကျတဲ့အခါ ခြေနဲ့ပဲ ပြန်ကျတယ်တဲ့။ ကြောင်တွေမှာ အသက်() ချောင်းရှိတယ်ဆိုတဲ့ ဒဏ္ဏာရီကတော့ မှန်နေပြီထင်တယ်။ တော်တော့်ကို ဆန်းကြယ်တဲ့ကြောင်လေးပါပဲ…” လို့မှတ်ချက်ပေးခဲ့ပါတယ်။

ဂျက်ဖာဟာ အခုဆို အသက်() နှစ်နီးနီးရှိပါပြီ။ ကာလေဟာ နှင်းတောထဲမှာ ဂျက်ဖာကို () ပတ်သားအရွယ်လေးနဲ့ တွေ့ခဲ့တာဖြစ်ပြီး ထိုစဉ်ကတည်းက ခုချိန်ထိ မွေးစားထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဂျက်ဖာလေးဟာ ကျန်းမာလျက် ရှိနေဆဲပဲလို့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE