ရုရှရဲ့စေခိုင်းမှုနဲ့ အမေရိကန် ဒီမိုကရက်တစ်ပါတီရဲ့ဆာဗာကို ဟက်ခဲ့ရဟုဝန်ခံခဲ့တဲ့ဟက်ကာ

ရုရှသမ္မတပူတင်ရဲ့ အရေးပါဆုံးအဖွဲ့လို့ တင်းစားခြင်းခံထားရတဲ့ FSB အဖွဲ့ရဲ့ လျှို့ဝှက်စေခိုင်းမှုကြောင့် အမေရိကန်ဒီမိုကရက်တစ်ပါတီရဲ့ ကွန်ပျူတာဆာဗာတွေကို ဟက်ခဲ့ရကြောင်း ထောင်ဒဏ်ကျခံနေရတဲ့ ဟက်ကာတစ်ဦးက ဝန်ခံခဲ့တယ်လို့ ဗြိတိန်အခြေစိုက် The Sun သတင်းစာက ဆိုပါတယ်။

အဆိုပါဟက်ကာရဲ့အမည်မှာ Konstantin Kozlovsky (၂၉)နှစ် ဖြစ်ပြီး သူဟာ အထူးလုံခြုံရေးအဖွဲ့ရဲ့အစီအမံနဲ့ လုံခြုံရေးတင်းကြပ်စွာ ချုပ်နှောင်ခံနေရချိန်မှာတောင် သူရဲ့ ဝန်ခံမှုကို Facebook လူမှုကွန်ယက်ပေါ်မှာ ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။ သူက ဒီမိုကရက်တစ်ပါတီရဲ့ ကွန်ပျူတာဆာဗာကိုသာမက ဗြိတိန်နဲ့ အခြားနိုင်ငံတွေရဲ့ အရေးကြီးဆာဗာတွေကိုလည်း ဟက်ခဲ့ရကြောင်း ဆိုပါတယ်။

ဒီလိုလုပ်ရခြင်းမှာ SFB (Federal Security Service of the Russian Federation) ရဲ့ လျှို့ဝှက်စေခိုင်းခံရမှုကြောင့် ဖြစ်ကြောင်း Kozlovsky က ပြောခဲ့တာပါ။ သူဟာ ဟီလာရီကလင်တန်နဲ့ ဒီမိုကရက်တစ်ပါတီတို့ရဲ့ ကွန်ပျူတာတွေကို ဟက်ခဲ့ရကြောင်း ဆိုပါတယ်။

READ
ထီးအငှားသုံးစနစ်ကနေ တွေ့ရတဲ့ အချောင်ရယူလိုစိတ်ကင်းတဲ့ စံပြဂျပန်နိုင်ငံသားများ
Alexander Bortnikov

ထရမ့်အနိုင်ရရှိစဉ်ကတည်းက ထရမ့်ဟာ ပူတင်ရဲ့အကူအညီ အများကြီးရယူခဲ့ကြောင်း မီဒီယာတွေက စွပ်စွဲဖော်ပြခဲ့ကြပြီး၊ အခြားတစ်ဖက်မှာ ဒီမိုကရက်တစ်ပါတီရဲ့ အီးမေးပေါင်း (၂၀၀၀၀)ကျော် ဖွင့်ချခံခဲ့ရခြင်းဟာ ရုရှဟက်ကာတွေရဲ့ လက်ချက်လို့ အမေရိကန်ထောက်လှမ်းရေးက ယုံကြည်နေပါတယ်။

နောက်မကြာမီမှာပင် Kozlovsky ကို ရုရှ FSB က ၂၀၁၆ ခုနှစ် ဇွန်လမှာ ထိန်းသိမ်းလိုက်ပြီး သူဟာ ဒီမတိုင်ခင်က SFB ရဲ့ စည်းရုံးသိမ်းသွင်းမှုကို ခံခဲ့ရပြီးနောက် ရုရှအာဏာပိုင်တို့ ခိုင်းစေသမျှ Hacking လုပ်ခြင်းတွေကို ပြုလုပ်ခဲ့ရတယ်လို့ Kozlovsky က ဆိုခဲ့ပါတယ်။

ဒါပေမယ့် FSB က သူတို့လုပ်ငန်းတွေ ဆောင်ရွက်ပေးပြီးချိန်မှာ Kozlovsky ဟာ အခြားရုရှဟက်ကာအဖွဲ့တစ်ခုဖြစ်တဲ့ Lurk အမည်ရအဖွဲ့ရဲ့ အဖွဲ့ဝင်အဖြစ် စွပ်စွဲပြီး၊ ဘဏ်တွေကို ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ အမှုဆင်ကာ အခုကဲ့သို့ မတရားထိမ်းသိမ်းလိုက်တာလို့ ဆိုပါတယ်။ အခြားဟက်ကာတစ်ဦးလည်း ထိန်းသိမ်းခံခဲ့ရကြောင်း သူက အတည်ပြုခဲ့ပါတယ်။

READ
ဂျာမနီမှထွက်ပြေးပြီး၊ IS အဖြစ် ခံယူခဲ့သည့်ကျောင်းသူ၊ အသေခံဗုံးခွဲခါးပတ်ဖြင့် ဖမ်းဆီးနိုင်ခဲ့

Kozlovsky ရဲ့ ဖော်ထုတ်မှုနဲ့အတူ ပြဿနာရှုပ်ထွေးမှုတွေဟာ ပိုကြီးထွားလာဖို့သာ ရှိနေပြီး၊ သူရဲ့အဆိုအရ သူ ဟက်လို့ရသမျှ အစီရင်ခံစာတွေနဲ့ ရယူခဲ့တဲ့ဗွီဒီယိုတွေကို FSB ရဲ့ ဒါရိုက်တာ Alexander Bortnikov ထံကို ပေးပိုရကြောင်းကိုလည်း ဖွင့်ဟဝန်ခံခဲ့လို့ အမေရိကန်ထောက်လှမ်းရေးအတွက် ပျက်နေတဲ့ကွင်းဆက်တွေ ပြန်ဆက်နိုင်လေမလား စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE