Arizona Mall လုယက်တဲ့ အထဲမှာ ပါတယ်ဆိုတဲ့ စွပ်စွဲချက်ကို Jake Paul ငြင်းဆို

Image:twitter/MrAndyN/nerdcitygo/Jake Paul 's IG

အ မေရိကန် YouTuber  တစ်ယောက် ဖြစ်တဲ့  Jake Paul ကတော့  Arizona ပြည်နယ်မှာရှိတဲ့ ဈေးဝယ် ရာ Mall ထဲကို ၀င်ပြီး လုယက်တဲ့ လူတွေ ထဲမှာ ပါဝင် နေတယ်လို့ စွပ်စွဲ ခံထားရပါတယ်။ရဲ ဖမ်း ခံ နေရစဉ် မှာ သေဆုံး သွားတဲ့ လူမည်း အမျိုးသား George Floyd ရဲ့ မတရားခံရမှု ကို အစ ပြု ကာ အ မေရိကန်မှာ ဆန္ဒပြ ပွဲ တွေ ပေါ် ပေါက် ခဲ့ပါတယ်။အခုဆိုရင် တော့ ဆန္ဒပြ ပွဲ က နေ ဆူပူအုံကြွ လု ယက် အကြမ်းဖက်မှုတွေ အထိ ဆိုးလာ ခဲ့ပါတယ်။ ဆန္ဒပြ ရုံ တင် မဟုတ်ပဲ နာမည်ကြီး ဆိုင်တွေ ၊ATM ၊တွေ ကို ဖျက်စီးပြီး ပစ္စည်းတွေ ၊ငို တွေ ကို လုယက် ကြတဲ့ အ ထိ အ ခြေ အေ နတွေ ဆိုးလာခဲ့တာပါ။ဒီ အ ကြောင်းကိုတော့ BBC မှာ ဖော်ပြထားတာပါ။

ဈေးဝယ်စင်တာတွေ ထဲကို ၀င် သောင်းကျန်းပြီး လုယက် ကြသူတွေ ထဲမှာ Youtuber တစ်ယောက် ဖြစ်တဲ့  အသက် (၂၃)နှစ်အရွယ် Jake Paul  လည်း ပါဝင် နေတယ်လို့ စွပ်စွဲ ခံထားရပါတယ်။သူ့ ရဲ့ အ ကောင့် မှာတော့ Follower (20.1) သန်း ရှိပါတယ်။ဆိုရှယ်မီဒီယာ ပေါ်မှာ ပျံ့ နေတဲ့ ဗီဒီယိုဖိုင် တွေထဲမှာတော့ Jake ရဲ့ ပုံတွေ ပါ လာခဲ့တာပါ။

ခန့်မှန်း ချေ အားဖြင့် အ မေရိကန်ဒေါ်လာ (၁၁)သန်း လောက် ချမ်းသာကြွယ်ဝတဲ့ Jake တစ်ယောက် လု ယက်တဲ့ အုပ်စု ထဲမှာ ပါဝင် ခဲ့တယ်၊လုယက်တဲ့ အုပ်စု ထဲမှာ သူ့ရဲ့ ပုံ ပါလာတယ်ဆိုပြီး ပြော ခဲ့ ကြပါတယ်။ဒါေ ပမယ့် Jake Paul  က တော့ လုယက်တဲ့ အထဲမှာ သူ ပါဝင် ခဲ့တယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး ဆိုပြီး သူ့ရဲ့ IG ရော တွစ်တာမှာပါ ပြန် ဖြေရှင်းခဲ့ပါတယ်။

Scottsdale Fashion Square မှာရှိတဲ့ ဆိုင်တွေ ထဲကို ၀င်ပြီး လုယက် အကြမ်းဖက်မဥတွေ ကြောင့် ငွေ ကြေး အားဖြင့် ဒေါ်လာသန်း ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အပေါ် လူ (၁၂) ယောက်ကိာ ဖမ်းထားပါတယ်။Arizona Mall တိုက်ခိုက် ဖျက်စီးခံရတဲ့ ကိစ္စ ကလည်း ဆူပူအုံကြွ မှုတွေ ထဲက တစ်ခုပါ။အမေရိကန် မှာတော့ အခုလို ဆူပူ အုံ ကြွ မှု တွေ ဖြစ်ေ နတာ (၆)ရက်ေ လာက်ရှိ နေပါပြီ။Jake Paul  က တော့ ဗီဒီယိုဖိုင်ထဲက လူဟာ သူ မဟုတ်ပါဘူး။

READ
စိတ်မချမ်းမြေ့ဖွယ်ကိစ္စတွေ မဖြစ်မနေလုပ်ခဲ့ရတဲ့ Game of Thrones သရုပ်ဆောင်များ
Image:twitter/nerdcity

ဒီလို လုယက်မှု မှာ သူ မပါဝင်ပါဘူး လို့ ငြင်းနေပေမယ့်လည်း  သူပါ ဆိုပြီး ဗီဒီယိုဖိုင် တွေ က တော့   တောက်လျော က် အွန်လိုင်းမှာ ထွက်ပေါ် နေပါတယ်။လုယက် နေချိန် မှာ မတ်တပ်ရပ် နေတဲ့ ပုံတွေ၊မီးပန်းတွေ ကိုင် ထားတဲ့ ပုံတွေ..အစရှိတဲ့ ပုံတွေ အများကြီး တက် နေပါတယ်။လက်ရှိမှာတော့ ဆန္ဒပြပွဲ၊ဆူပူ အုံကြွ မှု အတွင်း ပါဝင် သူ လူ (၄၀၀၀) ထက် မနည်းကို အစိုးရက ဖမ်းဆီး ထားပါတယ်။

 

View this post on Instagram

 

board

A post shared by Jake Paul (@jakepaul) on

#SHWEMOM

SHARE