You’re Beautiful သီချင်းနဲ့ပတ်သတ်ပြီး အမှတ်တရတစ်ခုကို ထုတ်ပြောခဲ့တဲ့ James Blunt

[email protected] jamesblunt

UK ရဲ့ နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်တဲ့ James Blunt ကိုတော့ တော်တော်များများ သိကြမှာဖြစ်ပါတယ်။ James ကို မသိရင်တောင်မှ သူ့ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ You’re Beautiful သီချင်းကိုတော့ တော်တော်များများ ကြားဖူးကြမှာပါ။ ၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ James ရဲ့ You’re Beautiful သီချင်းဟာ အဲဒီခေတ်တုန်းက တော်တော်လေးကို ကမ္ဘာကျော်ခဲ့ပြီး လူတိုင်းနီးပါး အလွတ်ရတဲ့အထိကို ကြိုက်နှစ်သက်ခဲ့ကြတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်အချိန်တုန်းက James ဟာ အဆိုပါ သီချင်းနဲ့ ပတ်သတ်ပြီး အမှတ်တရတစ်ခုဖြစ်ကာ တရားစွဲဆိုခါနီးအထိကို ဖြစ်ခဲ့ရတယ်လို့ ဖွင့်ပြောခဲ့ကြောင်း Metro.co.uk သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ James ရဲ့ You’r Beautiful အမည်ရ သီချင်းရဲ့ အဓိပ္ပာယ်ကတော့ သူ့ရဲ့ ရည်းစားဟောင်းတစ်ယောက်ကို အမှတ်မထင် လူထူထပ်တဲ့ ဘူတာရုံတစ်ခုမှာ တွေ့ရှိခဲ့ရပြီး သူ့နောက်ကို လိုက်ကြည့်မိခဲ့ကာ တစ်ချိန်တုန်းက သူနဲ့ပျော်ပါးခဲ့တဲ့ အချိန်တွေကို ပြန်သတိရမိတဲ့အကြောင်း ရေးဖွဲ့ သီဆိုထားတာ ဖြစ်ပါတယ်။ ဒီသီချင်းထွက်ပြီး အချိန်အတော်ကြာတဲ့အခါမှာ အမည်ဖော်ပြထားခြင်း မရှိတဲ့ မိန်းမတစ်ယောက်ဟာ Jmes ကို စာမျက်နှာ ၅၀ ပါတဲ့ document file ကြီးတစ်ခု ပို့ပေးခဲ့ပါတယ်။

 

 

View this post on Instagram

 

Manchester!

A post shared by James Blunt (@jamesblunt) on

အဆိုပါ စာထဲမှာတော့ You’re Beautiful သီချင်းဟာ သူမရဲ့ အကြောင်းကို James က တစ်ဖက်ဆိုထားတာဖြစ်ပြီး သူမရဲ့ အနောက်ကို သူမရဲ့ ခွင့်ပြုချက်မရရှိပဲ James က တစ်ကောက်ကောက်လိုက်နေတဲ့အကြောင်း၊ James အနေနဲ့ သူမကို တစ်ဖက်သက် လိုက်လံနှောင့်ယှက်ခဲ့ပြီး Date ဖို့အထိတောင် ကြိုးစားခဲ့ကြောင်း၊ ဒါ့ကြောင့် သူမအနေနဲ့ နစ်နာကြေး ဒါမှမဟုတ် James တစ်ယောက်ထောင်ကျသွားတာကို မြင်ချင်ကြောင်း အစရှိသဖြင့် စွပ်စွဲထားပြီး နစ်နာကြေး အမြောက်အမြား တောင်းဆိုခဲ့ပြီး ၊ မပေးရင် တရားစွဲမယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။ စာတွေနဲ့ ဘယ်ကမှန်းမသိတဲ့ သက်သေတွေကြောင့် James ခမျာ တော်တော်လေး ထိတ်လန့်ရှာခဲ့ပါတယ်။

READ
အွန်လိုင်းပေါ်မှာ ရေပန်းစားလာအုံးမယ့် ‘Hot Squat’ Pose

 

“အဲဒီအချိန်တုန်းက တော်တော်လေးကို လန့်ခဲ့ရပါတယ်။ ဘယ်အချိန်တုန်းက ရင်းနှီးခဲ့ဖူးမှန်း မမှတ်မိတော့တဲ့ အမျိုးသမီးတစ်ယောက်က ဘာမှန်းမသိတဲ့ သက်သေတွေနဲ့ တရားစွဲထားတာမြင်တော့ ကျွန်တော်တော်တော်လေးကို လန့်ခဲ့ရပါတယ်။ ဒီလိုနဲ့ ဆက်ဖတ်နေတုန်း တစ်နေရာရောက်မှ ကျွန်တော် တော်တော်လေး အသက်ရှုချောင်ပြီး ပျော်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူရေးထားတဲ့ စာထဲမှာ သီချင်းထဲကအတိုင်း သူ့ကို ဘူတာရုံမှာတွေ့တဲ့အချိန်က ၁၉၈၄ ခုနှစ်ကပါတဲ့။ ကျိန်းသေတာတစ်ခုကတော့ ၁၉၈၄ ခုနှစ်တုန်းက ကျွန်တော့်အသက်က ၁၀ နှစ်ပဲ ရှိသေးတယ်ဆိုတာပါပဲ”လို့ James က ရယ်မောပြီး ပြောကြားခဲ့ပါတယ်။

 

 

View this post on Instagram

 

Today I am announcing updates to my ‘Once Upon a Mind’ tour. Given the ongoing global events, these dates have been rescheduled to March and April 2021. Your current tickets are still valid, but please head over to www.jamesblunt.com/tour to check out all the updates – including the addition of 2 new dates in Geneva and Antwerp, as well as changes to some of my festival appearances. However, Frontier Touring regret to advise that due to the ongoing Covid-19 pandemic and Government restrictions, the planned November 2020 Australian and New Zealand tour has been cancelled. Ticket-holders will be contacted directly by email with more information and refund instructions. As soon as we know more about any changes to other upcoming dates, we’ll let you know. Stay safe, and I’ll make sure it’s worth the wait! 📷 @jaredpolin

A post shared by James Blunt (@jamesblunt) on

Pyi Hein Kyaw

SHARE