တကယ့်လက်တွေ့ဘဝက လျှို့ဝှက်အေဂျင့်ကို အခြေခံထားတဲ့ James Bond ဇာတ်ကောင်

ကမ္ဘာကျော်ဇာတ်ကောင် James Bond ကို လူတိုင်းမသိတဲ့လူတော့မရှိလောက်ပါဘူး။ အခုအဖောာ်ပြပေးမယ့်အကြောင်းအရာကတော့ အဲဒီ James Bond ဇာတ်ကောင်ဟာ အပြင်မှာရှိနေတယ်ဆိုတဲ့ အကြောင်းကို ရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်းပါ။

Wales News Service
Wales News Service

အသက် ၅၂ နှစ်အရွယ် Stephen Philips ဟာ အဖိုးဖြစ်သူရဲ့နောက်ကြောင်းရာဇဝန်တွေကို မထင်မှတ်ထားဘဲ တွေ့ရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ဖြစ်ဟန်တူခဲ့တဲ့ စုံစမ်းစစ်ဆေးရေးမှတ်စုတွေ၊ စာရွက်စာတမ်းနဲ့ဓာတ်ပုံပေါင်းများစွာတို့ကို Stephen က ရှာတွေ့ခဲ့ပြီး အဖိုးဖြစ်သူ ကတော့ ၁၉၉၅ ခုနှစ်၊ အသက် ၈၉ နှစ်မှာ သေဆုံးသွားခဲ့ပါပြီ။

Wales News Service

Stephen ရဲ့ အဖိုးနာမည်ကတော့ James Charles Bond ဖြစ်ပြီး သူ့ကို မြှုပ်နှံခဲ့တဲ့ အုပ်ဂူမှာလည်း ကိုယ်ပိုင်အမှတ်စဉ်နံပါတ်လို့ ယူဆရတဲ့ 007 နံပါတ်ကို ထွင်းထုထားခဲ့ပါသေးတယ်။ James Charles Bond ဟာ Wales တောင်ပိုင်းပြည်နယ်၊ Swansea မှာ ခေါင်းချခဲ့တာပါ။

READ
၂၀၁၈ အကုန်မှာ ခေတ်စားလာတဲ့ ပုရိသတို့ရဲ့ ပန်းမုတ်ဆိတ်များ
Wales News Service

James Charles Bond ဟာ ၁၉၄၂ ခုနှစ်တုန်းက Special Operation Executive (SEO) အဖြစ် Ian Fleming ရဲ့ အထူးတပ်ဖွဲ့မှာ တာဝန်ယူခဲ့ရပြီး Ian Fleming ဆိုတာကတော့ ကမ္ဘာကျော် James Bond ဇာတ်လမ်းတွေကို ဝတ္ထုရေးသားခဲ့တဲ့ အထူးတပ်ဖွဲ့ဝင်အငြိမ်းစားအရာရှိဟောင်း စာရေးဆရာတစ်ယောက်ပဲဖြစ်ပါတယ်။ ဆရာဖြစ်သူဟာ တပည့်နာမည်နဲ့ အဖြစ်အပျက်တစ်ခုကို အသုံးပြုပြီး ဇာတ်ကောင်တစ်ကောင်အဖြစ် ဖန်တီးရေးသားနေတာကို James Charles Bond ကလည်း ခွင့်ပြုထားပုံပါပဲ။ မြေးဖြစ်သူ Stephen ရဲ့ ပြောဆိုချက်အရကတော့ ငယ်ငယ်တုန်းက ကလေးတွေဆုံပြီဆို အဖိုးဖြစ်တဲ့ James Charles Bond ဟာ ဖိုးဖိုးကမှတကယ့် James Bond ဆိုပြီး ပြောပြောပြလေ့ရှိတယ်လို့ ပြောခဲ့ပါတယ်။

READ
လေယာဉ်ပေါ်ကဆင်းချင်တာ စိတ်မရှည်တော့လို့ အရေးပေါ်ထွက်ပေါက်ကနေ ဖွင့်ထွက်ဖို့လုပ်သူ
Wales News Service

ရှာတွေ့ခဲ့တဲ့ ဓာတ်ပုံအထောက်အထားတွေကိုတော့ နိုင်ငံပိုင်အဖြစ် အစိုးရမှ သိမ်းယူသွားခဲ့ပြီး လျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်တယ်ဆိုတာကိုလည်း ထောက်ခံပေးသွားခဲ့ပါတယ်။ James Charles Bond ဟာ သေဆုံးပြီး ၂၄ နှစ်ကြာတဲ့အထိ သူ့ရဲ့လျှို့ဝှက်ချက်တွေကို မိသားစုဝင်တွေအပါအဝင် တစ်ဦးတစ်ယောက်ကိုမှ ထုတ်ပြောပြသွားခြင်းအလျဉ်းမရှိခဲ့ပါဘူး။ သူဟာ မိသားစုတွေရော ပတ်ဝန်းကျင်ကိုပါ သတ္ထုလုပ်သားတစ်ယောက်အဖြစ်သာ အသိပေးထားခဲ့ပြီး အသက်ကြီးလို့ အနားယူပြီးတဲ့အချိန်မှာတော့ သူနေတဲ့မြို့လေးမှာပဲ ကလေးတွေအတွက် လိုလီပေါ့လေးတွေလုပ်ရောင်းရင်း ဘဝကြီးကို အေးချမ်းစွာနေထိုင်သွားခဲ့ပါတယ်။

Wales News Service

အခုအချိန်မှာတော့ မြေးဖြစ်သူ Stephen ဟာ အဖိုးဟာ တစ်ချိန်တစ်ခါတုန်းက နိုင်ငံကိုအကျိုးပြုခဲ့တဲ့ လူစွမ်းကောင်းတွေထဲ တစ်ယောက်အပါအဝင်ဖြစ်ပြီး ကိုင်တွယ်ခဲ့တဲ့ အမှုကိစ္စတွေဟာ ပြောပြလို့မရပေမယ့် တကယ့်ကြီးကြီးမားမားတွေသာဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့် အဖိုးရဲ့အုပ်ဂူမှာ နိုင်ငံကအသိအမှတ်ပြုဖို့အတွက် မြို့တော်ဝန်ကို တင်ပြသွားမယ်လို့ သိရပါတယ်။

Source: Daily Mail

Penny

SHARE