ရုပ်ရှင်ဇာတ်ကားသစ်မှာ CGI အဖြစ် ပါဝင်လာမယ့် ခေတ်ဟောင်းမင်းသား James Dean

Wikimedia Commons

Jame Dean ကတော့ (၁၉၅၅)ခုနှစ်မှာ ယာဉ်မတော်တဆမှုနဲ့ အသက်ဆုံးရှုံးသွားတဲ့ ကမ္ဘာကျော်မင်းသားတစ်ဦးပါ။ သူသေဆုံးသွားတဲ့ အချိန်မှာ အသက်(၂၄)နှစ်ပဲ ရှိပါသေးတယ်။ဒါပေမယ့် အခုချိန်မှာတော့ Jamesကို ရုပ်ရှင်ပိတ်ကားပေါ်မှာ CGI ( Computer-generated imagery)အဖြစ်နဲ့ တစ်ဖန်ပြန်လည် ရှုစားရတော့မှာဖြစ်ပါတယ်။

Jamesကို ဒါရိုက်တာ Anton Ernst နဲ့ Tati Golykh ရိုက်ကူးတဲ့ “Finding Jack”ဆိုတဲ့ ဗီယက်နန်စစ်ပွဲအကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားမှာ တွေ့ရှိရမှာဖြစ်ပါတယ်။ Jamesကို ဒီဇာတ်ကားမှာ CGIအဖြစ်နဲ့ ရိုက်ကူဖို့ Magic City Productionမှ Jamesရဲ့မိသားစုဝင်တွေဆီကနေပြီးတော့ တရားဝင် ခွင့်ပြုချက် ရရှိထားပြီးဖြစ်ပါတယ်။

Wikimedia Commons

“Finding Jack”ဆိုတဲ့ ဇာတ်ကားဟာ စစ်ခွေးတွေရဲ့ ဖြစ်တည်မှုနဲ့ အထီးကျန်ဆန်တဲ့ အကြောင်းကို အဓိကရိုက်ကူးထားတာဖြစ်ပါတယ်။ Jamesကတော့ ဒီဇာတ်ကားမှာ ဒုတိယခေါင်းဆောင်မင်းသားနေရာက ရိုက်ကူးမှာဖြစ်ပြီး “Rogan”ဆိုတဲ့ ဇာတ်ကောင်အဖြစ်နဲ့ ပါဝင်မှာဖြစ်ပါတယ်။

“ဒီဇာတ်ကားမှာ Roganရဲ့ဇာတ်ကောင်နဲ့ လိုက်ဖက်မယ့်သူဟာ တော်တော်ရှားပါတယ်။ကျွန်တော်တို့အချိန်တော်တောယူပြီးရှာဖွေပါသေးတယ်။ဒါပေမယ့် နောက်ဆုံးမှာ James Deanကို Roganရဲ့နေရာမှာ CGIအဖြစ်သရုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ ဒါရိုက်တာ Ernstက ပြောပြခဲ့ပါတယ်။”ဒီဇာတ်ကားမှာ Jamesကို CGIအဖြစ် ပါဝင်ဖို့ သဘောတူခဲ့ပေးတဲ့ Jamesရဲ့ မိသားစုဝင်တွေကိုလည်း တကယ်ကျေးဇူးတင်ပါတယ်။ဒီဇာတ်ကားကို Jamesရဲ့ လေးကားမြောက်ရုပ်ရှင်အဖြစ်နဲ့ တွေ့ရှိရမှာဖြစ်ပြီး Jamesရဲ့ ပရိသတ်တွေလဲ ဒီဇာတ်ကားကြည့်ပြီး စိတ်မပျက်စေရပါဘူး”လို့လည်း ပြောကြားခဲ့ပါသေးတယ်။

“Finding Jack”ဆိုတဲ့ ဇာတ်ကားကို 2020နိုဝင်ဘာ ၁၇ရက်နေ့မှာ ထွက်ရှိမယ်လို့ ထုတ်ပြန်ထားပါတယ်။ ရုပ်ရှင်ထုတ်လုပ်သူတော်တော်များများကလည်း James Deanဟာ CGI အဖြစ်နဲ့ ပြန်လည်ပါဝင်လာမယ့် ဒီဇာတ်ကားကို အကောင်းဆုံးမျှော်လင့်နေကြပါတယ်။

 

READ
ပရိသတ်တွေတိုင်း အားကျနေရတဲ့ ဇာဏ်ခီနဲ့ ခရစ်စတီးနားခီတို့ရဲ့ စုံတွဲပုံရိပ်များ

Pyi Hein Kyaw

SHARE