Bautista ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ချီးကျူးပြောကြားခဲ့တဲ့ ဒါရိုက်တာ James Gunn

[email protected] davebautista [email protected] jamesgunn

WWE နပန်းလောကရဲ့ နာမည်ကြီး နပန်းသမားတစ်ယောက်ဖြစ်တဲ့ Dave Bautista ကိုတော့ လူတော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ Bautista ဟာ WWE နပန်းလောကမှာ ပရိသတ်တွေရဲ့ အချစ်တော် နပန်းသမားကြီးတစ်ယောက် ဖြစ်ရုံသာမက လက်ရှိမှာဆိုရင်လည်း Hollywood ရုပ်ရှင်လောကမှာပါ အောင်မြင်ထင်ရှားနေပြီဖြစ်တဲ့ သရုပ်ဆောင်မင်းသားကြီးတစ်ယောက် ဖြစ်ပါတယ်။ အခုလည်း Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကျော် ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ James Gunn ကနေပြီးတော့ Bautista ရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ပတ်သတ်ပြီး ချီးကျုးထားတဲ့အကြောင်းကို ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ခဲ့ကြောင်း သိရှိရပါတယ်။

 

 

View this post on Instagram

 

A post shared by Super Duper Fly (@davebautista)

Bautista ဟာ လက်ရှိမှာတော့ Marvel က ထုတ်လုပ်ရိုက်ကူးတဲ့ Gurdians of the Galaxy ဇာတ်ကားမှာ Drax the Destroyer ဇာတ်ရုပ်နေရာကနေ ပါဝင်သရုပ်ဆောင်ပြီး လူသိများလာတဲ့ မင်းသားကြီးတစ်ယောက် ဖြစ်ပါတယ်။ Avengers: Civil War နဲ့ End Game ဇာတ်ကားတွေအထိပါ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တော် စူပါဟီးရိုးတစ်ယောက် ဖြစ်လာခဲ့တယ်ဆိုလည်း မမှားပါဘူး။ အခုလည်း Chance The Rapper ကနေပြီးတော့ Bautista ရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်တဲ့အပေါ်မှာ Gurdians of the Galaxy ဇာတ်ကားရဲ့ ဒါရိုက်တာဖြစ်သူ James Gunn ကနေပြီးတော့ Bautista ရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ပတ်သတ်တဲ့အကြောင်းကို သေသေချာချာ ရှင်းပြခဲ့ပါတယ်။

READ
အကယ်ဒမီပေးပွဲနေ့မှာ ဂယက်ထအောင်လုပ်ဖို့ရှိပါတယ်ဆိုတဲ့ ရွှေမှုံရတီ

“အမှန်အတိုင်း ပြောရရင်တော့ သူ့ကို သရုပ်ဆောင်နဲ့ ပတ်သတ်လို့ ကျွန်တော် ဘာမှ သင်ပေးစရာ မလိုဘူး။ သူ့ကို ကျွန်တော် ပထမဆုံးအကြိမ် စတွေ့တည်းက သူ့မှာ ထူးခြားမှုရှိတယ်လို့ ခံစားခဲ့ရတာ။ သရုပ်ဆောင်တွေရဲ့ မျက်လုံးက လိမ်နေတာကို ကျွန်တော် မုန်းတယ်။ ရုပ်ရှင်အတော်များများမှာ နာမည်ကြီး သရုပ်ဆောင်တွေက မျက်လုံးသေတွေနဲ့ သရုပ်ဆောင်ပြီး သူတို့ ကိုယ်သူတို့လှဖို့ ၊ ထင်ပေါ်အောင် လုပ်ဖို့ပဲ စဉ်းစားနေတာ။ Bautista အဲ့ဒီ သရုပ်ဆောင်တွေလိုမျိုး မဟုတ်ဘူး”လို့ James Gunn က သူ့ရဲ့ ပို့စ်မှာ ဖော်ပြခဲ့ပါတယ်။

READ
Grammy Awards ဆုပေးပွဲ Winners စာရင်း

Pyi Hein Kyaw

SHARE