ဒရမ်မာကားသစ်မှာ အတူသရုပ်ဆောင်မယ့် James Jirayu နဲ့ Ice Preechaya

ထိုင်းမင်းသားချော James Jirayu   ကတော့ “သစ္စာရှင် ဇနီးသည် ” ဆိုတဲ့ ထိုင်း ဒရမ်မာ ဇာတ်ကားနဲ့ အရမ်းကို နာမည်ကြီးခဲ့သူပါ။ နာမည်အရင်းကတော့ Jirayu Tangsrisuk (จิรายุ ตั้งศรีสุข) ဆိုပေမယ့် အနုပညာနာမည်ကတော့ James Jirayu ပါ။ JJ ရဲ့ ပရိသတ်တွေ အတွက် သတင်းကောင်းရှိပါတယ်။မကြာခင်မှာ သူ့ရဲ့ နောက်ထပ် TV ဒရမ်မာကားသစ်ကို မြင်တွေ့ရဖွယ်ရှိပါတယ်။

Thai TV3 ရဲ့ IG အရ  James Jirayu  ဟာ မင်းသမီးချော Ice Preechaya နဲ့ အတူ စုံတွဲ အဖြစ် “Payakorn Sorn Ruk” ဆိုတဲ့ TV ဒရမ်မာကားသစ်မှာ အတူတွဲ သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားရဲ့ ထုတ်လုပ်သူကတော့ Paa Jaew ပါ။ Thai Channel 3 ၊Thanad Lakorn  ရဲ့ ပရိုဂျူဆာ တစ်ယောက်ပါ။ ဒါနဲ့ပါ ဆိုရင် Jirayu Tangsrisuk  ကို သူ့ရဲ့ ဒရမ်မာကားမှာ ခေါင်းဆောင်မင်းသားအဖြစ်  ဒုတိယအကြိမ်မြောက် တင်ပြီး ရိုက်တာပါ။ “Buang Hong”(2006) တုန်းကလည်း သူတို့နှစ်ယောက် အတူလက်တွဲ အလုပ်လုပ်ခဲ့ဖူးပါတယ်။ မင်းသားရော မင်းသမီး (၂)ယောက်လုံးက  တခါမှစုံတွဲ အဖြစ် အရင်က အတူတွဲ သရုပ်မဆောင်ခဲ့ဖူးပဲ ဒါက ပထမဆုံးအကြိမ်လို့ သိရပါတယ်။

READ
"ကျွန်" ရုပ်ရှင်ကားကြီးကို ရုံတင်ပြသပေးတော့မယ်

 

JJ ကတော့ သူ့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို အတိအလင်းဝန်ခံလိုက်ပါပြီ။ ဖြတ်သန်းလာတဲ့ အနုပညာ သက်တမ်းမှာ နှစ်အတော်ကြာတဲ့အထိ မင်းသမီး ၊ ဆယ်လီမဟုတ်တဲ့ တခြားအပြင်က မိန်းကလေးနဲ့ တွဲတယ်ဆိုတဲ့ သတင်း မကြားခဲ့ရတဲ့ သူ့ရဲ့ အချစ်ရေးဟာ အခုတော့ ထူးခြားလာပါပြီ။ အလုပ်တွေ အရမ်းများပြီး အချစ်ရေးဘက်ကို ဦးမလှည့်နိုင်ခဲ့တဲ့ James Jirayu ကတော့ သတင်းထောက်တွေနဲ့ အင်တာဗျူးတစ်ခုမှာ ချစ်သူရှိနေတဲ့ အကြောင်း ၀န်ခံလိုက်ပါပြီ။ သူဟာ Single မဟုတ်တော့ပါဘူးလို့ပဲ ပြောခဲ့ပြီး ချစ်သူကောင်မလေးက ဘယ်သူလဲ ဆိုတာကိုတော့ ထုတ်မပြောခဲ့ပါဘူး။

Source thainews

SHARE