James Reid နဲ့ Nadine Lustre ရဲ့ လေးနှစ်ကြာ ချစ်ဇာတ်လမ်း အဆုံးသတ်

Image:IG/James Reid & Nadine Lustre

ဖိလစ်ပိုင်ရဲ့ နာမည်ကြီးဆယ်လီစုံတွဲ ဖြစ်တဲ့ James Reid နဲ့ Nadine Lustre တို့ ကတော့ လမ်းခွဲ ပြတ်စဲလိုက်ကြပါပြီ။ လမ်းခွဲ လိုက်ပြီဆိုတဲ့ အကြောင်းကိုတော့ တရားဝင် အတည်ပြု ကြေညာခဲ့တာပါ။ နှစ်ယောက်လုံးက  ပူး တွဲ ကြေညာချက်တစ်ရပ်ကို ABS-CBN show Tonight With Boy Abunda ကို ပို့ခဲ့တာပါ။ သူတို့ နှစ်ယောက်ဟာ လမ်းခွဲ လိုက်ပြီး ကိုယ့်ဘ၀ တိုးတက်ရေး အတွက်ပဲ အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း  ကြေညာ ခဲ့ပါတယ်။

 

View this post on Instagram

 

She’s an angel and I’m her knight in shining armour… HAPPY BIRTHDAY LOVE! @nadine #happyhalloween #romeoandjuliet

A post shared by James Reid (@james) on

သူတို့ နှစ်ယောက်ကို အားပေးတဲ့ Fan တွေ ကိုလည်း ကျေးဇူးတင်ကြောင်းနဲ့ လမ်းခွဲ လိုက်ပေမယ့်လည်း တစ်ယောက် နဲ့တစ်ယောက် သူငယ်ချင်းကောင်းတွေ အဖြစ် ဆက်ရှိ နေ သွားမယ်၊တစ်ယောက်နဲ့ တစ်ယောက် ဂီတအ လုပ်တွေကို ဆက်ပြီး အတူ လက်တွဲ သွားမယ်လို့  ပြောခဲ့ပါတယ်။ James ကတော့ သူ့ရဲ့ ကိုယ်ပိုင် music label Careless Music Manila ကို ထူထောင်ထားပြီး  Nadine  က တော့ အဲ့ဒီက အနုပညာရှင် တစ်ယောက်ပါ။ လမ်းခွဲ ကြောင်း ကြေညာချက် အပြည့် အစုံကတော့ “ ကျတော်/ကျ မ တို့ နှစ်ယောက် လမ်းခွဲ လိုက်ပြီ ဆိုတာ အမှန်ပါ။ ဒါပေမယ့် လမ်းခွဲ ရတဲ့ အကြောင်းအရင်းကတော့ မီဒီယာ တွေ က သတင်းဖြန့် နေသလို မျိုး၊ ဆိုရှယ်မီဒီယာ ပေါ်မှာ ပျံ့ နေသလို မျိုးတော့  မဟုတ်ပါဘူး။ နှစ်ယောက် အတူတူ  သေချာ ဆွေးနွေး စကားပြော ကြည့်ပြီးနောက်မှာတော့  နှစ်ယောက်လုံးက ကိုယ့်ရဲ့ Career လမ်းကြောင်းနဲ့ ကိုယ့်ဘ၀ တိုးတက်ရေးကိုပဲ အာရုံစိုက် ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

READ
ပိုင်ဖြိုးသုနဲ့အတူ ကြော်ငြာရိုက်ကူးနေတဲ့ ဖြိုးမြတ်အောင်
Image:IG/James Reid

နှစ်ယောက်လုံးက ငယ်လည်း ငယ်သေးတော့ ကိုယ်ဖြစ်ချင်တာတွေ ကို ဖြစ်အောင် လုပ် ချင်ပါသေးတယ်။ သီးခြား နေပြီး ကိုယ့်ဘ၀ ကိုယ် အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့ သဘော တူလိုက်ကြပါတယ်။ လမ်းခွဲ လိုက်ပေမယ့် သူငယ်ချင်းကောင်းတွေ အဖြစ် ဆက်ရှိနေမယ်၊ အလုပ် တွေလည်း အတူ တွဲ လုပ်ကြ အုံးမှာပါ။ JADINE Fan တွေ ကို ကျေးဇူးတင်ပါတယ်။ ဆက်ပြီးတော့လည်း ပရိသတ်တွေက ကျတော်တို့/ကျ မတို့ နှစ်ယောက်လုံးကို  အားပေးသွားမယ်လို့ မျှော်လင့်ပါတယ်..” ဆိုပြီး နှစ်ယောက်လုံးက ပူးတွဲ ကြေညာခဲ့ပါတယ်။

Image:IG/Nadine Lustre

သူတို့ လမ်းခွဲ လိုက်တယ်ဆိုတဲ့ သတင်းဟာ ဇန်န၀ါရီ (၁)ရက်နေ့ တည်းက ထွက်နေတာပါ။ Nadine  က တော့ အဲ့ဒီတုန်းက ဒီသတင်းကို  IG  ကနေ ငြင်းဆိုခဲ့ပါတယ်။ သူတို့ နှစ်ယောက် အတူတွဲ လုပ်တဲ့ နောက်ဆုံး Project ကတော့ Mega မဂ္ဂဇင်း ဓါတ်ပုံ ရိုက်ကူးရေးလို့ ယူဆရပါတယ်။

 

View this post on Instagram

 

cooties

A post shared by NL 🖤 (@nadine) on

James နဲ့  Nadine  တို့ဟာ (၂၀၁၄)တုန်းက Diary ng Panget ဆိုတဲ့ ဇာတ်ကားမှာ အတူ တွဲ သရုပ်ဆောင် ခဲ့တာပါ။ အဲ့ဒီဇာတ်ကားဟာ  အရမ်းကို အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီ နောက်ပိုင်းမှာတော့ သူတို့ နှစ်ယောက်ဟာ Talk Back and You’re Dead, Para sa Hopeless Romantic, This Time, Never Not Love You  ဆိုတဲ့ ဇာတ်ကား အပြင် series  အနေနဲ့ On the Wings of Love, Till I Met You တို့ မှာပါ ပါဝင် သရုပ်ဆောင်ခဲ့ ကြပါတယ်။

READ
မတ်မတ် ကို သိပ်မကြည့်နဲ့ ရူးသွားမှာ စိုးလို့ ဆိုတဲ့ ပိုပို
Image:IG/James

ဇာတ်ကား အတူ သရုပ်ဆောင်ရင်းနဲ့ အပြင်မှာပါ တကယ်ချစ်သွားကြပြီး (၂၀၁၆) တုန်းက JaDine In Love concert မှာ သူတို့ နှစ်ယောက် ကြိုက်နေတဲ့ အကြောင်း ကြေညာခဲ့ပါတယ်။ (၂၀၁၉) မှာတော့ James  က အခုဆိုရင် နှစ်ယောက်အတူ Living Together  နေ နေပြီလို့ ၀န်ခံခဲ့ပါတယ်။ ပရိသတ်တွေကလည်း အရမ်းချစ်တဲ့ သူတို့ စုံတွဲ လေးဟာ လေးနှစ်ကြာ တွဲ ခဲ့ပေမယ့် နောက်ဆုံး မှာတော့ လမ်းခွဲလိုက်ပါပြီ။

Image:IG/Nadine Lustre

 

Source:latestchika.

SHARE