မိန်းမချောချောလေးရသွားတဲ့ “Saw”နဲ့ “Aquaman” တို့ရဲ့ ဒါရိုက်တာ James Wan

Image:fb/Ingrid Wan

Horror ဇာတ်ကားတွေကို အရိုက်များတဲ့ ဒါရိုက်တာ James Wan ကတော့ အခုဆိုရင် မင်းသမီး Ingrid Bisu နဲ့ လက်ထပ်လိုက်ပါပြီ။သူလက်ထပ်လိုက်တဲ့ မင်းသမီးကတော့ Romanian-German  ကပြားမလေး ပါ။အသက် (၄၂)နှစ်ရှိနေပြီဖြစ်တဲ့ မလေးရှားမှာ မွေးတဲ့ သြစတြေလးလျဒါရိုက်တာ James Wan ကတော့ သူ့ရဲ့ IG မှာ ပျော်စရာ ကောင်းတဲ့ စုံတွဲ ပုံလေးတွေကို တင်ထားပါတယ်။”လက်စွပ်တစ်ကွင်း( ကျတော်ဆိုလိုတာ နှစ်ကွင်း) က အားလုံးကို စိုးမိုးထားနိုင်တယ်..” ဆိုပြီး တင်ထားတာပါ။

Image:fb/Ingrid Wan
Image:fb/Ingrid Wan

“ကြီးကြီးကျယ်ကျယ်မကျင်းပပဲ ကျတော်တို့ရဲ့ ခွေးလေးတွေရယ်၊မျက်မြင်သက်သေတွေနဲ့ အိမ်မှာပဲ ကျင်းပခဲ့တယ်…” ဆိုပြီးတော့လည်း မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ဝေမျှထားပါတယ်။အသက် (၃၂)နှစ်ရှိနေတဲ့ မင်းသမီး Ingrid Bisu ကလည်း သူမရဲ့ Fb မှာ လက်ထပ်တဲ့ အကြောင်းကို စေ၀မျှ ထားပါတယ်။

READ
အမေရိကန် ထိပ်တန်းတက္ကသိုလ်တစ်ခုရဲ့ ပါမောက္ခအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဟောလိဝုဒ်မင်းသား
Image:IG/ James Wan
Image:IG/ James Wan

Wan ကတော့ နာမည်ကြီး Horror ဇာတ်ကားတွေ ဖြစ်တဲ့ “Saw” (2004), “Insidious” (2010), and “The Conjuring” (2013) ၊Aquaman” (2018) တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာပါ။သူတို့ စေ့စပ်ထားတဲ့ အကြောင်းကိုတော့ ပြီးခဲ့တဲ့ ဇွန်လက ကြေညာခဲ့တာပါ။”ဒါက တရားဝင်ပါ။ကျတော်တို့ တရားဝင်စေ့စပ်လိုက်ပါပြီ..” ဆိုပြီး ဇွန်လ (၂၂)ရက်နေ့က သူ့ရဲ့ fB မှာ ကြေညာခဲ့တာပါ။

Image:IG/ James Wan

 

View this post on Instagram

 

One ring (I mean two) to rule them all No fuss. At home with our doggies as witnesses Yaaayyyy!!

A post shared by James Wan (@creepypuppet) on

Source:nextshark

SHARE